Zawgyi

Xiaomi စမတ္ဖုန္းေတြက Android OS ကို အသုံးျပဳေနတယ္ဆိုေပမယ့္ User Interface တစ္ခုျဖစ္တဲ့ MIUI က ပိုၿပီးအေရးပါတဲ့ေနရာက ပါဝင္ေနတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Xiaomi ကေန ေနာက္ဆုံး MIUI 11 ရဲ႕ Built-in Launcher မွာ လက္ရွိတျခားဖုန္းေတြအကုန္လုံးနီးပါးမွာ ပါဝင္တဲ့ App Drawer ကို ထည့္သြင္းေပးလိုက္ပါၿပီ။

Xiaomi ကေန ယခင္ MIUI 11 Beta Version ေတြမွာတုန္းက အခုလိုမ်ိဳး Application ေတြကို Drawer အေနနဲ႔ ၾကည့္ႏိုင္တဲ့ Setting ကို စမ္းသပ္ခဲ့ေပမယ့္ အခုအခ်ိန္မွ Public Release Version မွာ ထည့္သြင္းေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခု App Drawer ကို အသုံးျပဳဖို႔အတြက္ Settings – Desktop မွာရွိတဲ့ Desktop Mode ကို On ေပးဖို႔ လိုအပ္မွာပါ။

Xiaomi ရဲ႕ MIUI က စတင္ထြက္ရွိထဲက Apple iOS လိုမ်ိဳး Home Screen မွာပဲ Application ေတြကို ၾကည့္ရႈႏိုင္တဲ့ပုံစံနဲ႔ပဲ ရွိေနခဲ့တာျဖစ္ၿပီးေတာ့ Home Screen နဲ႔ Application ေတြကို ခြဲထားတဲ့ App Drawer ကို လုံးဝထည့္သြင္းေပးျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မႏွစ္တုန္းက မိတ္ဆက္ထားခဲ့တဲ့ Xiaomi ရဲ႕ Brand အခြဲျဖစ္တဲ့ Pocophone မွာအသုံးျပဳထားတဲ့ Poco Launcher မွာေတာ့ App Drawer ကို စတင္ထည့္သြင္းခဲ့ဖူးပါေသးတယ္။

အခုလိုမ်ိဳး App Drawer ကို အသုံးျပဳတဲ့အခ်ိန္မွာ ထိပ္ဆုံးေနရာမွာ ေနာက္ဆုံးအသုံးျပဳခဲ့ဖူးတဲ့ App ေတြကို ေဖာ္ျပသြားမွာျဖစ္ၿပီးေတာ့ ေအာက္မွာ တျခားေသာ App ေတြကို Alphabetical Order နဲ႔ ေဖာ္ျပသြားမွာျဖစ္ပါတယ္။ Xiaomi အေနနဲ႔ အခုလိုမ်ိဳး App Drawer ကို ထည့္သြင္းလာတာကလည္း Poco Launcher က Third Party App အေနနဲ႔ ေအာင္ျမင္မႈေတြရရွိခဲ့တာေၾကာင့္လို႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး Home Screen မွာပဲ Apps ေတြကို ျပန္႔က်ဲၿပီးရွိေနတာကေန အခုလိုမ်ိဳး App Drawer Option ရရွိလာမွာက Xiaomi အသုံးျပဳသူေတြအတြက္ သတင္းေကာင္းတစ္ခုလို႔ ေျပာလို႔ရပါတယ္။

Ref – Gizmo China

Unicode

Xiaomi စမတ်ဖုန်းတွေက Android OS ကို အသုံးပြုနေတယ်ဆိုပေမယ့် User Interface တစ်ခုဖြစ်တဲ့ MIUI က ပိုပြီးအရေးပါတဲ့နေရာက ပါဝင်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ နောက်ဆုံး MIUI 11 ရဲ့ Built-in Launcher မှာ လက်ရှိတခြားဖုန်းတွေအကုန်လုံးနီးပါးမှာ ပါဝင်တဲ့ App Drawer ကို ထည့်သွင်းပေးလိုက်ပါပြီ။

Xiaomi ကနေ ယခင် MIUI 11 Beta Version တွေမှာတုန်းက အခုလိုမျိုး Application တွေကို Drawer အနေနဲ့ ကြည့်နိုင်တဲ့ Setting ကို စမ်းသပ်ခဲ့ပေမယ့် အခုအချိန်မှ Public Release Version မှာ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခု App Drawer ကို အသုံးပြုဖို့အတွက် Settings – Desktop မှာရှိတဲ့ Desktop Mode ကို On ပေးဖို့ လိုအပ်မှာပါ။

Xiaomi ရဲ့ MIUI က စတင်ထွက်ရှိထဲက Apple iOS လိုမျိုး Home Screen မှာပဲ Application တွေကို ကြည့်ရှုနိုင်တဲ့ပုံစံနဲ့ပဲ ရှိနေခဲ့တာဖြစ်ပြီးတော့ Home Screen နဲ့ Application တွေကို ခွဲထားတဲ့ App Drawer ကို လုံးဝထည့်သွင်းပေးခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မနှစ်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Xiaomi ရဲ့ Brand အခွဲဖြစ်တဲ့ Pocophone မှာအသုံးပြုထားတဲ့ Poco Launcher မှာတော့ App Drawer ကို စတင်ထည့်သွင်းခဲ့ဖူးပါသေးတယ်။

အခုလိုမျိုး App Drawer ကို အသုံးပြုတဲ့အချိန်မှာ ထိပ်ဆုံးနေရာမှာ နောက်ဆုံးအသုံးပြုခဲ့ဖူးတဲ့ App တွေကို ဖော်ပြသွားမှာဖြစ်ပြီးတော့ အောက်မှာ တခြားသော App တွေကို Alphabetical Order နဲ့ ဖော်ပြသွားမှာဖြစ်ပါတယ်။ Xiaomi အနေနဲ့ အခုလိုမျိုး App Drawer ကို ထည့်သွင်းလာတာကလည်း Poco Launcher က Third Party App အနေနဲ့ အောင်မြင်မှုတွေရရှိခဲ့တာကြောင့်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Home Screen မှာပဲ Apps တွေကို ပြန့်ကျဲပြီးရှိနေတာကနေ အခုလိုမျိုး App Drawer Option ရရှိလာမှာက Xiaomi အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။

Ref – Gizmo China