Xiaomi ကနေ MIUI 12 ကို ပြီးခဲ့တဲ့ ဧပြီလကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်ပါပြီ။ ဒါကတော့ App တစ်ခုချင်းစီအလိုက် အသံကို ထိန်းချူပ်နိုင်မယ့် Feature ပဲဖြစ်ပါတယ်။

ဥပမာပြောရမယ်ဆိုရင် သီချင်းနားထောင်နေတုန်း Facebook Newsfeed က Video တစ်ခုက Autoplay ဖွင့်မိသွားတယ်ဆိုရင် Facebook App ရဲ့ အသံကို တိုးထားပြီး နားထောင်နေတဲ့ သီချင်းကိုတော့ ပုံမှန်အတိုင်းဖွင့်ထားနိုင်မှာပါ။ ဒါက လက်ရှိတခြားသော Android စမတ်ဖုန်းတွေရဲ့ Media Volume ကိုပဲ ထိန်းချူပ်နိုင်တာနဲ့ယှဥ်ရင် ပိုပြီးအသုံးဝင်မှာဖြစ်ပါတယ်။

Xiaomi ကတော့ ယခု Feature ကို Sound Assistant အနေနဲ့ထည့်သွင်းပေးထားပြီးတော့ Settings – Sound & Vibration – Sound Asssistant ထဲမှာရှိတဲ့ Adjust Media Sound in Multiple Apps နဲ့ Multiple Audio Souce တွေကို On ထားပေးရမှာဖြစ်ပါတယ်။ အလားတူ App တစ်ခုချင်းစီအလိုက် အသံကို ထိန်းချူပ်နိုင်တဲ့ Feature ကိုတော့ Windows PC တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Feature ဟာ အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပြီးတော့ လက်ရှိအချိန်မှာ MIUI 12 ကို Update ပြုလုပ်ထားတဲ့ Xiaomi ဖုန်းတွေမှာပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တခြားသောဖုန်းတွေအတွက်ကတော့ App Volume Control Pro လိုမျိုး Third-part App တွေရှိတယ်ဆိုပေမယ့် အခုလိုမျိုး System Feature အနေနဲ့ပါဝင်တာက ပိုကောင်းမှာပါ။

Ref – Android Authority