Zawgyi

Oppo ဟာ သူတုိ႔ရဲ႕ Under-display ကင္မရာအသစ္ကို ထုတ္ျပခဲ့ၿပီး Display ေအာက္မွာ ျမဳပ္ထားတဲ့ ဆယ္ဖီကင္မရာဟာ ဖုန္းအသုံးျပဳေနစဥ္ Screen မွာ လုံးဝမျမင္ႏုိင္တာကို ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ အနီးကပ္ၿပိဳင္ဘက္ျဖစ္တဲ့ Xiaomi ဟာလည္း ဒီနည္းပညာကို ႀကိဳးစားေနခဲ့တာပါ။

Mi ကုမၸဏီဟာ သူတုိ႔ရဲ႕ ဆုိရွယ္မီဒီယာအေကာင့္မွာ ေရွ႕ဘက္ကင္မရာကို ေပ်ာက္ကြယ္ေစႏုိင္မယ့္ အေျဖကို ရွာေတြ႕ခဲ့ၿပီလို႔ တင္လာခဲ့ၿပီး ဒါဟာ Pop-up ကင္မရာေတြနဲ႔ Notch ေတြကို တစ္ခန္းရပ္ပစ္ႏုိင္မယ့္ စမတ္ဖုန္းနည္းပညာသစ္တစ္ရပ္လည္း ျဖစ္ပါတယ္။

Xiaomi ရဲ႕ေျပာၾကားခ်က္အရ ကုမၸဏီဟာ Screen ကိုပိတ္ထားတဲ့အခ်ိန္မွာ လုံးဝအလင္းမျပန္တဲ့ နည္းပညာတစ္ခုကို မွတ္ပုံတင္ထားၿပီးျဖစ္တယ္လို႔ ဆုိပါတယ္။ သူတုိ႔ရဲ႕ေျပာစကားအရ 20MP Selfie ကင္မရာတစ္ခုကို Panel ထဲ ထည့္ျမဳပ္ထားလိုက္ႏုိင္ၿပီး Screen ႀကီးကိုယ္တုိင္က အေပၚယံ ပလတ္စတစ္အလႊာ လို ျပဳမူေစမယ့္ နည္းပညာလို႔ သိရပါတယ္။

Xiaomi ကုမၸဏီဟာ ဒီနည္းပညာကို အသုံးျပဳလာမယ့္ စမတ္ဖုန္းနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ သုိ႔မဟုတ္ ထြက္ရွိလာမယ့္ ရက္ကို တစ္စုံတစ္ရာ ေျပာၾကားျခင္း မရွိေသးေပမယ့္ Display အၾကီးေတြ အသုံးျပဳၿပီး နည္းပညာအဆန္းေတြ ထည့္သြင္းေလ့ရွိတဲ့ Mi Mix ဟန္းဆက္အသစ္ထြက္လာတဲ့အခါမွာ ျမင္ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ေနာက္ဆုံးထြက္ခဲ့တဲ့ Mi Mix 3 ဟာ ပထမဆုံး Slider ဖုန္းတစ္လုံးျဖစ္သလို ဥေရာပက 5G ေတာ္လွန္ေရးမွာ ပါဝင္ခဲ့တဲ့ ဦးေဆာင္ဟန္းဆက္တစ္ခုလည္း ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Oppo ဟာ သူတို့ရဲ့ Under-display ကင်မရာအသစ်ကို ထုတ်ပြခဲ့ပြီး Display အောက်မှာ မြုပ်ထားတဲ့ ဆယ်ဖီကင်မရာဟာ ဖုန်းအသုံးပြုနေစဉ် Screen မှာ လုံးဝမမြင်နိုင်တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အနီးကပ်ပြိုင်ဘက်ဖြစ်တဲ့ Xiaomi ဟာလည်း ဒီနည်းပညာကို ကြိုးစားနေခဲ့တာပါ။

Mi ကုမ္ပဏီဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရှေ့ဘက်ကင်မရာကို ပျောက်ကွယ်စေနိုင်မယ့် အဖြေကို ရှာတွေ့ခဲ့ပြီလို့ တင်လာခဲ့ပြီး ဒါဟာ Pop-up ကင်မရာတွေနဲ့ Notch တွေကို တစ်ခန်းရပ်ပစ်နိုင်မယ့် စမတ်ဖုန်းနည်းပညာသစ်တစ်ရပ်လည်း ဖြစ်ပါတယ်။

Xiaomi ရဲ့ပြောကြားချက်အရ ကုမ္ပဏီဟာ Screen ကိုပိတ်ထားတဲ့အချိန်မှာ လုံးဝအလင်းမပြန်တဲ့ နည်းပညာတစ်ခုကို မှတ်ပုံတင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ပြောစကားအရ 20MP Selfie ကင်မရာတစ်ခုကို Panel ထဲ ထည့်မြုပ်ထားလိုက်နိုင်ပြီး Screen ကြီးကိုယ်တိုင်က အပေါ်ယံ ပလတ်စတစ်အလွှာ လို ပြုမူစေမယ့် နည်းပညာလို့ သိရပါတယ်။

Xiaomi ကုမ္ပဏီဟာ ဒီနည်းပညာကို အသုံးပြုလာမယ့် စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အချက်အလက် သို့မဟုတ် ထွက်ရှိလာမယ့် ရက်ကို တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေမယ့် Display အကြီးတွေ အသုံးပြုပြီး နည်းပညာအဆန်းတွေ ထည့်သွင်းလေ့ရှိတဲ့ Mi Mix ဟန်းဆက်အသစ်ထွက်လာတဲ့အခါမှာ မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ Mi Mix 3 ဟာ ပထမဆုံး Slider ဖုန်းတစ်လုံးဖြစ်သလို ဥရောပက 5G တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဦးဆောင်ဟန်းဆက်တစ်ခုလည်း ဖြစ်ပါတယ်။

Ref – GSM Arena