[Zawgyi]

ကမာၻ႕ ဒုတိယ အႀကီးဆံုး စမတ္ဖုန္းေစ်းကြက္ႀကီး ျဖစ္တဲ့ အိႏၵိယမွာ ဖုန္း ကုမၸဏီေတြရဲ႕ ၿပိဳင္ဆိုင္မႈက အရမ္းျပင္းထန္ေနပါတယ္။ အိႏၵိယမွာ တန္ဖိုးနည္း ဖုန္းေတြဟာ အရမ္းကို အေရာင္းသြက္ပါတယ္။ တန္ဖိုးနည္း ဖုန္းေတြ ထုတ္လုပ္ေရာင္းခ်ေနတဲ့ Xiaomi နဲ႔ Realme တို႔ရဲ႕ ေရာင္းအားေတြကလည္း အရမ္းကို လန္းေနပါတယ္။ ဒီထက္ေရာင္းအားလန္းေအာင္ ေစ်းေရာင္းပြဲေတာ္ကိုလည္း မၾကာခင္က ျပဳလုပ္ေပးခဲ့ပါတယ္။

တရုတ္ ဖုန္း ကုမၸဏီေတြ ျဖစ္တဲ့ Xiaomi နဲ႔ Realme တို႔က ဒီ ၁ ပတ္အတြင္း အိႏၵိယမွာ ျပဳလုပ္ခဲ့တဲ့ Amazon’s Great Indian Festival နဲ႔ Flipkart’s Big Billion Days ေစ်းေရာင္းပြဲေတာ္ေတြမွာ စမတ္ဖုန္း အလံုးေရ ၆ သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။ Xiaomi က သူ႔ ၀က္ဘ္ဆိုက္ ၊ Amazon.in နဲ႔ Flipkart ကေန Device ေပါင္း ၅.၃ သန္းေက်ာ္ေရာင္းခ်ရၿပီး အဲဒီထဲမွာ Power Banks, Bluetooth Speakers , Fitness Trackers , Earphones , Smart TVs နဲ႔ Smartphones ေတြ ပါ၀င္ပါတယ္။ Xiaomi က ေစ်းေရာင္းပြဲေတာ္အတြင္း စမတ္ဖုန္း အလံုးေရ ၃.၈ သန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ေျပာပါတယ္။

Realme က အဲဒီကာလအတြင္းမွာ စမတ္ဖုန္း အလံုးေရ  ၂.၂ သန္းေက်ာ္ကို Flipkart ကေန  ေရာင္းခ်ႏုိင္ခဲ့ပါတယ္။ Big Billion Days မွာ Flipkart မွာ ဖုန္း ေရာင္းအား အေကာင္းဆံုး ကုမၸဏီ ျဖစ္လာပါတယ္။ အိႏၵိယမွာ ေအာက္တိုဘာလ ၂၆ ရက္ေန႔မွာ ေဒ၀ါလီ ပြဲေတာ္ကို က်င္းပေတာ့မွာ ျဖစ္ၿပီး Xiaomi နဲ႔ Realme တို႔ဟာ သူ႔ထက္ငါ ေရာင္းအား ပိုေကာင္းေအာင္ ပရိုမိုးရွင္း အစီအစဥ္ေတြကို ျပဳလုပ္ေပးၾကမွာပါ။

Ref : gsmarena

[Unicode]

ဒီ ၁ ပတ်အတွင်းမှာ စမတ်ဖုန်း ၆ သန်းကျော် အိန္ဒိယမှာ ရောင်းချနိုင်ခဲ့တဲ့ Xiaomi နဲ့ Realme

ကမ္ဘာ့ ဒုတိယ အကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီး ဖြစ်တဲ့ အိန္ဒိယမှာ ဖုန်း ကုမ္ပဏီတွေရဲ့ ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်နေပါတယ်။ အိန္ဒိယမှာ တန်ဖိုးနည်း ဖုန်းတွေဟာ အရမ်းကို အရောင်းသွက်ပါတယ်။ တန်ဖိုးနည်း ဖုန်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ Xiaomi နဲ့ Realme တို့ရဲ့ ရောင်းအားတွေကလည်း အရမ်းကို လန်းနေပါတယ်။ ဒီထက်ရောင်းအားလန်းအောင် ဈေးရောင်းပွဲတော်ကိုလည်း မကြာခင်က ပြုလုပ်ပေးခဲ့ပါတယ်။

တရုတ် ဖုန်း ကုမ္ပဏီတွေ ဖြစ်တဲ့ Xiaomi နဲ့ Realme တို့က ဒီ ၁ ပတ်အတွင်း အိန္ဒိယမှာ ပြုလုပ်ခဲ့တဲ့ Amazon’s Great Indian Festival နဲ့ Flipkart’s Big Billion Days ဈေးရောင်းပွဲတော်တွေမှာ စမတ်ဖုန်း အလုံးရေ ၆ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ Xiaomi က သူ့ ဝက်ဘ်ဆိုက် ၊ Amazon.in နဲ့ Flipkart ကနေ Device ပေါင်း ၅.၃ သန်းကျော်ရောင်းချရပြီး အဲဒီထဲမှာ Power Banks, Bluetooth Speakers , Fitness Trackers , Earphones , Smart TVs နဲ့ Smartphones တွေ ပါဝင်ပါတယ်။ Xiaomi က ဈေးရောင်းပွဲတော်အတွင်း စမတ်ဖုန်း အလုံးရေ ၃.၈ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Realme က အဲဒီကာလအတွင်းမှာ စမတ်ဖုန်း အလုံးရေ ၂.၂ သန်းကျော်ကို Flipkart ကနေ ရောင်းချနိုင်ခဲ့ပါတယ်။ Big Billion Days မှာ Flipkart မှာ ဖုန်း ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ အိန္ဒိယမှာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဒေဝါလီ ပွဲတော်ကို ကျင်းပတော့မှာ ဖြစ်ပြီး Xiaomi နဲ့ Realme တို့ဟာ သူ့ထက်ငါ ရောင်းအား ပိုကောင်းအောင် ပရိုမိုးရှင်း အစီအစဉ်တွေကို ပြုလုပ်ပေးကြမှာပါ။

Ref : gsmarena