Zawgyi

Xiaomi ကေန ဒီႏွစ္အတြက္ Android One Series စမတ္ဖုန္းေတြျဖစ္တဲ့ Mi A3 စမတ္ဖုန္းေတြကို မိတ္ဆက္ဖုိ႔ကို ဆက္တုိက္သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Xiaomi ကေန ဒီ Mi A3 Series စမတ္ဖုန္းေတြ မိတ္ဆက္မယ့္အခ်ိန္ကို တရားဝင္ေၾကညာလုိက္ပါျပီ။

အခု Xiaomi ကေန ေၾကညာလိုက္တဲ့ Mi A3 ကို မိတ္ဆက္သြားမယ့္အခ်ိန္က လာမယ့္ဇူလိုင္လ ၁၇ ရက္ေန႔ျဖစ္ျပီးေတာ့ Xiaomi Spain ကေန အတည္ျပဳေပးသြားခဲ့တာျဖစ္ပါတယ္။ ျဖစ္ႏုိင္တာကေတာ့ ဒီႏွစ္မွာလည္း မႏွစ္က Mi A2 နဲ႔ Mi A2 Lite လုိမ်ိဳးပဲ Mi A3 နဲ႔ Mi A3 Lite ဒါမွမဟုတ္ Mi A3 နဲ႔ Mi A3 Pro ဆုိျပီး စမတ္ဖုန္း ၂ မ်ိဳးမိတ္ဆက္လာဖုိ႔မ်ားေနပါတယ္။

ျပီးခဲ့တဲ့ရက္ပိုင္းက ထြက္ေပၚလာခဲ့တဲ့ Mi A3 ရဲ႕ Packaging နဲ႔ Specification ေတြအရ Mi A3 Series ဟာ Mi CC9 ဖုန္းေတြနဲ႔ ဆင္တူမွာျဖစ္ျပီးေတာ့ Stock Android One OS ကို သံုးစြဲထားတာပဲကြာျခားသြားမွာျဖစ္ပါတယ္။

Xiaomi ရဲ႕ Official Twitter Account ကလည္း Mi A3 စမတ္ဖုန္းက မႏွစ္က Mi A2 ဖုန္းထက္ Performance ၊ Fingerprint နဲ႔ Battery ပိုင္းေတြမွာ ပိုေကာင္းလာမယ္လုိ႔ အဓိပၸါယ္ရတဲ့ဓါတ္ပံုေတြကို တင္ထားခဲ့ပါေသးတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလုိမ်ိဳး လူစိတ္ဝင္စားမႈမ်ားျပားတဲ့ Mi A3 ဖုန္းေတြကို ျမင္ရဖုိ႔ အခ်ိန္မေစာင့္ရေတာ့ပါဘူး။

Ref – GSM Arena

Unicode

Xiaomi ကနေ ဒီနှစ်အတွက် Android One Series စမတ်ဖုန်းတွေဖြစ်တဲ့ Mi A3 စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ကို ဆက်တိုက်သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ ဒီ Mi A3 Series စမတ်ဖုန်းတွေ မိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပါပြီ။

အခု Xiaomi ကနေ ကြေညာလိုက်တဲ့ Mi A3 ကို မိတ်ဆက်သွားမယ့်အချိန်က လာမယ့်ဇူလိုင်လ ၁၇ ရက်နေ့ဖြစ်ပြီါ်တော့ Xiaomi Spain ကနေ အတည်ပြုပေးသွားခဲ့တာဖြစ်ပါတယ်။ ဖြစ်နိုင်တာကတော့ ဒီနှစ်မှာလည်း မနှစ်က Mi A2 နဲ့ Mi A2 Lite လိုမျိုးပဲ Mi A3 နဲ့ Mi A3 Lite ဒါမှမဟုတ် Mi A3 နဲ့ Mi A3 Pro ဆိုပြီး စမတ်ဖုန်း ၂ မျိုးမိတ်ဆက်လာဖို့များနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ Mi A3 ရဲ့ Packaging နဲ့ Specification တွေအရ Mi A3 Series ဟာ Mi CC9 ဖုန်းတွေနဲ့ ဆင်တူမှာဖြစ်ပြီးတော့ Stock Android One OS ကို သုံးစွဲထားတာပဲကွာခြားသွားမှာဖြစ်ပါတယ်။

Xiaomi ရဲ့ Official Twitter Account ကလည်း Mi A3 စမတ်ဖုန်းက မနှစ်က Mi A2 ဖုန်းထက် Performance ၊ Fingerprint နဲ့ Battery ပိုင်းတွေမှာ ပိုကောင်းလာမယ်လို့ အဓိပ္ပါယ်ရတဲ့ဓါတ်ပုံတွေကို တင်ထားခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး လူစိတ်ဝင်စားမှုများပြားတဲ့ Mi A3 ဖုန်းတွေကို မြင်ရဖို့ အချိန်မစောင့်ရတော့ပါဘူး။

Ref – GSM Arena