Xiaomi ဟာ လက်ရှိအချိန်မှာ တခြားသောစမတ်ဖုန်းကုမ္ပဏီတွေထက် Battery Charging ပိုင်းမှာ ပိုပြီး တိုးတက်မှုမြန်ဆန်တဲ့စမတ်ဖုန်းကုမ္ပဏီတစ်ခုဆိုရင်လည်းမမှားပါဘူး။ လောလောဆယ်မှာလည်း Wired Charging နည်းပညာတွေထဲမှာ Xiaomi Mi 10 Ultra စမတ်ဖုန်းက 120W Fast Charging စနစ်ကို အသုံးပြုထားတဲ့ Charging Speed အမြန်ဆုံးဖုန်းဖြစ်နေဆဲပါ။

ဒါတင်မဟုတ်သေးဘဲ Xiaomi Mi 10 Ultra ဖုန်းဟာ Wireless Charging အနေနဲ့လည်း 50W အထိ Support ပေးနိုင်တဲ့အတွက် လက်ရှိ Wireless Charging နည်းပညာပိုင်းမှာလည်း အမြန်ဆုံးဖြစ်နေတယ်လို့ ပြောနိုင်ပါတယ်။ Xiaomi ဟာ ၂၀၁၈ ခုနှစ်တုန်းကမှ Mi Mix 2S ဖုန်းနဲ့အတူ 7.5W Wireless Charging Support စတင်ပြုလုပ်လာတာဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာ တိုးတက်လာတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ လက်ရှိ Wireless Charging နည်းပညာတွေထဲမှာ အမြန်ဆုံးဖြစ်လာတဲ့ 80W Wireless Charging နည်းပညာကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ နည်းပညာကို Xiaomi ရဲ့ YouTube Channel မှာ တင်ထားခဲ့တာဖြစ်ပြီး အောက်ပါ Video မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Xiaomi ရဲ့ 80W Wireless Charging နည်းပညာဟာ 4000mAh Battery ကို 0-50% ပြည့်ဖို့အတွက် ၈ မိနစ်ပဲ အချိန်ပေးရမှာဖြစ်ပြီး 0-100% ပြည့်ဖို့အတွက်ကတော့ ၁၉ မိနစ်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။ ဒါက လက်ရှိစမတ်ဖုန်းတော်တော်များများရဲ့ Wired Fast Charging စနစ်ထက်တောင် ပိုပြီးမြန်ဆန်တာဖြစ်ပါတယ်။

Xiaomi ဟာ အဆိုပါ 80W Wireless Charging နည်းပညာကို Modified ပြုလုပ်ထားတဲ့ Mi 10 Pro ဖုန်းမှာ စမ်းသပ်သွားခဲ့တာဖြစ်ပြီး ဖြစ်နိုင်တာကတော့ လာမယ့် Mi 11 Pro သို့မဟုတ် Mi 11 Ultra ဖုန်းကျမှပဲ တရားဝင်ထည့်သွင်းလာမယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ Fast Charging နည်းပညာအတွက်ကတော့ Wired ရော၊ Wireless ပိုင်းမှာပါ Xiaomi က ဦးဆောင်ထားနိုင်နေပြီဖြစ်ပါတယ်။

Ref – Xiaomi YouTube Channel