Xiaomi ဟာ အိန္ဒိယမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း Brand ဖြစ်ပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားပါတယ်။ အဲဒီလိုအောင်မြင်ရခြင်းရဲ့ အကြောင်းအရင်း ၁ ခုက Redmi Note ဖုန်းတွေကို ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးနိုင်လို့ ဖြစ်ပါတယ်။

ကုမ္ပဏီက အိန္ဒိယမှာ Redmi Note ဖုန်း ရောင်းချတာ ၈ နှစ်ပြည့်သွားပြီ ဖြစ်ပြီး ၂၀၁၄ ခုနှစ်က ရောင်းတဲ့ ပထမဆုံး စမတ်ဖုန်းကတည်းက အခုအချိန်အထိ အလုံးရေ ၇၂ သန်းကျော် ရောင်းချနိုင်ခဲ့ပြီလို့ တွစ်တာမှာ ကြေညာလိုက်ပါတယ်။

Xiaomi announces new sales figure milestone for the Redmi Note series worldwide - NotebookCheck.net News

Redmi Note ဖုန်းတွေဟာ Xiaomi ရဲ့ ရောင်းအား အကောင်းဆုံး Series ဖြစ်ပြီး ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် တစ်ကမ္ဘာလုံးမှာ အလုံးရေ သန်း ၂၄၀ ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။ ၂၀၂၂ ရောင်းအားကို မကြာခင် သိလာရတော့မှာပါ။ အခုလို ရောင်းအားကောင်းခြင်းနဲ့ အဓိက အကြောင်းအရင်းက စတိုးတွေ လျှင်မြန်စွာ တိုးချဲ့နိုင်ခဲ့လို့ဖြစ်ပြီး အိန္ဒိယ နိုင်ငံ ၁ ခုထဲမှာတင် စတိုးနဲ့ Service စင်တာပေါင်း ၃,၀၀၀ ဖွင့်လှစ်ထားပါတယ်။

အခုနောက်ဆုံး ကြေညာထားတဲ့ Redmi Note 12 Series ကို တရုတ်ပြင်ပမှာ မရောင်းချသေးပါဘူး။ Xiaomi ဟာ အဲဒီ စမတ်ဖုန်းတွေကို နိုင်ငံတကာမှာ နာမည်ပြောင်းပြီး ရောင်းချနိုင်ပါတယ်။ Redmi Note 12 Series ဘယ်လောက်အောင်မြင်မလဲဆိုတာ ဆက်လက် စောင့်ကြည့်ရင်ခုန်ရဦးမှာ ဖြစ်ပါတယ်။

Ref : gsmarena