Google ဟာ Android 11 Beta 1 ကို ကြေညာဖို့ အတော်လေးကို နှောင့်နှေးကြန့်ကြာခဲ့ရပါတယ်။ အကြိမ်ရေအတော်များများ ကြန့်ကြာမှုဖြစ်ပြီးသွားပြီး ထုတ်ပြန်ကြေညာလိုက်ချိန်မှာ Xiaomi ကလည်း Android 11 Beta ကို သူ့ရဲ့ ထုတ်ကုန်တွေဆီမှာ ထည့်သွင်းမောင်းနှင်ဖို့ စိတ်အားထက်သန်နေကြောင်း ပြသခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ သင့်တော်တဲ့အချိန်ရောက်ရင် သူ့ရဲ့ Flagship သုံးမျိုးအတွက် Beta 1 ကို သုံးနိုင်အောင် ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ ဒီ Flagship သုံးမျိုးဟာ Xiaomi Mi 10 5G, Mi 10 Pro 5G နဲ့ Poco F2 Pro တို့ဖြစ်ကြပါတယ်။ ဒါကြောင့် အခုဖော်ပြလိုက်တဲ့ အမျိုးအစားရဲ့ ပိုင်ရှင်ကတော့ Android ဗားရှင်းသစ်ကို စမ်းသပ်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Android 11 Beta ကို MIUI 13 မှာ ပထမဆုံးအနေနဲ့ စပြီးတွေ့မြင်ရဖွယ်ရှိပါတယ်။ Xiaomi ဟာ MIUI 12 ကို Mi 10 duo အတွက် စတင်ထုတ်ပေးခဲ့ပါတယ်။ ဒါဟာ MIUI 11 လိုပဲ Android 10 ကို အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ Android 11 Beta အခြေခံ MIUI 12 ဟာ ဘယ်လောက်ထိ ပြောင်းလဲနေမယ်ဆိုတာကို မသိရသေးပါဘူး။

အခြားတစ်ဘက်ကကြည့်ရင်တော့ Beta စမ်းသပ်အသုံးပြုမှုမှာ Redmi ဖုန်းတွေ ပါဝင်လာမယ့် အရိပ်အယောင်ကို မတွေ့မြင်ရပါဘူး။ စစ်စစ်ပေါက်ပေါက်ပြောမယ်ဆိုရင်တော့ Poco ဟာ Redmi K30 pro ပဲဖြစ်ပါတယ်။ ဒါပေမယ့် အခြား Redmi တွေကတော့ စမ်းသပ်ခွင့်ရတဲ့ထဲမှာ မပါဝင်ဘဲ ချန်လှပ်ခံထားရတယ်လို့ ဆိုရပါလိမ့်မယ်။

Ref: GSM Arena