[Zawgyi]

Xiaomi က Mi Smart Band အသစ္ကို အိႏၵိယမွာ ခ်ျပဖို႔ ရွိတယ္လို႔ မၾကာခင္က ေျပာခဲ့ပါတယ္။ အခုေတာ့ Mi Smart Band 3i ကို မ်က္၀ါးထင္ထင္ျမင္ၾကရပါၿပီ။ ဒီဇိုင္းက အရင္မ်ိဳးဆက္ Mi Band 3 နဲ႔ တူေပမယ့္ 2017 Mi Band HRX Edition ရဲ႕ မ်ိဳးဆက္လို႔ ပိုေျပာႏိုင္ပါတယ္။ Mi Smart Band 3i မွာ ၀.၇၈ လက္မ 128×80 AMOLED Monochrome Display တပ္ဆင္ထားၿပီး Capacitive Touch Button ပါပါတယ္။

သင့္ ဖုန္းထံ Phone Call နဲ႔ Notification ၀င္လာရင္ Mi Smart Band 3i က သတိေပးႏုိင္ပါတယ္။ လမ္းေလွ်ာက္တဲ့ ၊ ေျပးတဲ့ ေျခလွမ္းေတြကို တြက္ခ်က္ေပးၿပီး ကယ္လိုရီေလာင္ကြ်မ္းတဲ့ ပမာဏကို တိုင္းတာေပးႏုိင္ပါတယ္။ ကိုယ္လက္လႈပ္ရွားတာ၊ အိပ္စက္တာေတြကို တြက္ခ်က္ေပးႏုိင္တဲ့အတြက္ က်န္းမာေရးအတြက္ အရမ္းကို အသံုး၀င္ပါတယ္။ ေရအနက္ ၅၀ မီတာအထိ ၀တ္ဆင္ႏုိင္ၿပီး ဘက္ထရီ သက္တမ္းက ရက္ ၂၀ ေတာင္ခံတာက အရမ္းကိုလန္းပါတယ္။ ဘက္ထရီ ပမာဏက 110mAh ျဖစ္ၿပီး အားအျပည့္ျဖည့္ဖို႔ ၂ နာရီခြဲပဲၾကာပါတယ္။

Mi Smart Band 3i မွာ Bluetooth 4.2 LE ဆက္သြယ္မႈ ပါၿပီး Android 4.4 နဲ႔ သူ႔အထက္ ၊ iOS 9.0 နဲ႔ သူ႔အထက္ ဖုန္းေတြနဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ အရြယ္အစား အျပည့္အစံုက 4.68 x 1.81 x 1.1 Centimeters ျဖစ္ၿပီး အနက္ေရာင္ပဲ ထုတ္လုပ္ထားပါတယ္။ Mi Smart Band 3i ကို ရူပီး ၁,၂၉၉ သတ္မွတ္ထားၿပီး ျမန္မာေငြ ၂၇,၀၀၀ ေလာက္ရွိပါတယ္။  Mi.com ကေန ႀကိဳတင္မွာယူႏုိင္ၿပီ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က အိန္ဒိယမှာ Mi Smart Band 3i ကို ကြေညာ

Xiaomi က Mi Smart Band အသစ်ကို အိန္ဒိယမှာ ချပြဖို့ ရှိတယ်လို့ မကြာခင်က ပြောခဲ့ပါတယ်။ အခုတော့ Mi Smart Band 3i ကို မျက်ဝါးထင်ထင်မြင်ကြရပါပြီ။ ဒီဇိုင်းက အရင်မျိုးဆက် Mi Band 3 နဲ့ တူပေမယ့် 2017 Mi Band HRX Edition ရဲ့ မျိုးဆက်လို့ ပိုပြောနိုင်ပါတယ်။ Mi Smart Band 3i မှာ ဝ.၇၈ လက်မ 128×80 AMOLED Monochrome Display တပ်ဆင်ထားပြီး Capacitive Touch Button ပါပါတယ်။

သင့် ဖုန်းထံ Phone Call နဲ့ Notification ဝင်လာရင် Mi Smart Band 3i က သတိပေးနိုင်ပါတယ်။ လမ်းလျှောက်တဲ့ ၊ ပြေးတဲ့ ခြေလှမ်းတွေကို တွက်ချက်ပေးပြီး ကယ်လိုရီလောင်ကျွမ်းတဲ့ ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားတာ၊ အိပ်စက်တာတွေကို တွက်ချက်ပေးနိုင်တဲ့အတွက် ကျန်းမာရေးအတွက် အရမ်းကို အသုံးဝင်ပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပြီး ဘက်ထရီ သက်တမ်းက ရက် ၂၀ တောင်ခံတာက အရမ်းကိုလန်းပါတယ်။ ဘက်ထရီ ပမာဏက 110mAh ဖြစ်ပြီး အားအပြည့်ဖြည့်ဖို့ ၂ နာရီခွဲပဲကြာပါတယ်။

Mi Smart Band 3i မှာ Bluetooth 4.2 LE ဆက်သွယ်မှု ပါပြီး Android 4.4 နဲ့ သူ့အထက် ၊ iOS 9.0 နဲ့ သူ့အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံက 4.68 x 1.81 x 1.1 Centimeters ဖြစ်ပြီး အနက်ရောင်ပဲ ထုတ်လုပ်ထားပါတယ်။ Mi Smart Band 3i ကို ရူပီး ၁,၂၉၉ သတ်မှတ်ထားပြီး မြန်မာငွေ ၂၇,၀၀၀ လောက်ရှိပါတယ်။ Mi.com ကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

Ref : gizmochina