[Zawgyi]

Xiaomi က ကမာၻ႕ အျမန္ဆံုး Wireless Charging နည္းပညာကို Mi 9 နဲ႔အတူ ဒီႏွစ္ အေစာပိုင္းမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ ဒီထက္လန္းတဲ့ Mi Charge Turbo ကို ေၾကညာလိုက္ၿပီး 30W Fast Wireless Charging ကို ေထာက္ပံ့ပါတယ္။ အဲဒီအတြက္ Xiaomi က သူ႔ရဲ႕ စြမ္းရည္ျမင့္ ဖုန္းေတြမွာ ထည့္သြင္းထားတဲ့ 27W Wired Charging ထက္ ပိုျမန္လာပါတယ္။

Xiaomi က Mi Charge Turbo ဟာ 4,000mAh Battery ကို ၂၅ မိနစ္မွာ ၅၀ ရာခုိင္ႏႈန္းနဲ႔ ၆၉ မိနစ္မွာ ၁၀၀ ရာခုိင္ႏႈန္းအားသြင္းေပးမယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ Mi Charge Turbo ဟာ Fast Reverse Wireless Charging ကိုလည္း ေထာက္ပံ့ပါတယ္။ ကုမၸဏီက ဒီနည္းပညာဟာ Smartwatch, Headphone လို Accessory ေတြနဲ႔ အျခား ဖုန္းေတြကိုပါ ႀကိဳးမဲ့အားသြင္းေပးႏုိင္တယ္လို႔ ေျပာပါတယ္။ iPhone XS ကို ၃၀ မိနစ္အတြင္းမွာ ၂၀ ရာခိုင္ႏႈန္း အားျဖည့္ေပးႏိုင္ပါတယ္။

Xiaomi က Wired Charging နည္းပညာ အေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ အရင္တုန္းက Xiaomi ရဲ႕ 100W Super Charge Turbo Wired Charging နည္းပညာ အေၾကာင္းကို ၾကားသိခဲ့ရပါတယ္။ အခုေတာ့ ဒီနည္းပညာ ပါတဲ့ ဖုန္းကို မၾကာခင္ ျမင္ရႏုိင္ၿပီး Mi 9 Pro 5G မွာ မဟုတ္ဘဲ စြမ္းရည္ျမင့္ Redmi Phone အသစ္မွာ ပါလာႏုိင္ပါတယ္။

Xiaomi က Mi Charge Turbo 30W Wireless Charging ကို Mi 9 Pro 5G မွာ ပထမဆံုး ထည့္သြင္းေပးမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ အဲဒီ ဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြလည္း ေပါက္ၾကားထြက္ေပၚေနၿပီး TENAA မွာ 4,000mAh Battery ပါမယ္လို႔ ေဖာ္ျပထားပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က Mi Charge Turbo ကို ကြေညာ

Xiaomi က ကမ္ဘာ့ အမြန်ဆုံး Wireless Charging နည်းပညာကို Mi 9 နဲ့အတူ ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အခုတော့ ဒီထက်လန်းတဲ့ Mi Charge Turbo ကို ကြေညာလိုက်ပြီး 30W Fast Wireless Charging ကို ထောက်ပံ့ပါတယ်။ အဲဒီအတွက် Xiaomi က သူ့ရဲ့ စွမ်းရည်မြင့် ဖုန်းတွေမှာ ထည့်သွင်းထားတဲ့ 27W Wired Charging ထက် ပိုမြန်လာပါတယ်။

Xiaomi က Mi Charge Turbo ဟာ 4,000mAh Battery ကို ၂၅ မိနစ်မှာ ၅၀ ရာခိုင်နှုန်းနဲ့ ၆၉ မိနစ်မှာ ၁၀၀ ရာခိုင်နှုန်းအားသွင်းပေးမယ်လို့ ပြောပါတယ်။ ဒါ့အပြင် Mi Charge Turbo ဟာ Fast Reverse Wireless Charging ကိုလည်း ထောက်ပံ့ပါတယ်။ ကုမ္ပဏီက ဒီနည်းပညာဟာ Smartwatch, Headphone လို Accessory တွေနဲ့ အခြား ဖုန်းတွေကိုပါ ကြိုးမဲ့အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ iPhone XS ကို ၃၀ မိနစ်အတွင်းမှာ ၂၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပါတယ်။

Xiaomi က Wired Charging နည်းပညာ အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ အရင်တုန်းက Xiaomi ရဲ့ 100W Super Charge Turbo Wired Charging နည်းပညာ အကြောင်းကို ကြားသိခဲ့ရပါတယ်။ အခုတော့ ဒီနည်းပညာ ပါတဲ့ ဖုန်းကို မကြာခင် မြင်ရနိုင်ပြီး Mi 9 Pro 5G မှာ မဟုတ်ဘဲ စွမ်းရည်မြင့် Redmi Phone အသစ်မှာ ပါလာနိုင်ပါတယ်။

Xiaomi က Mi Charge Turbo 30W Wireless Charging ကို Mi 9 Pro 5G မှာ ပထမဆုံး ထည့်သွင်းပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေလည်း ပေါက်ကြားထွက်ပေါ်နေပြီး TENAA မှာ 4,000mAh Battery ပါမယ်လို့ ဖော်ပြထားပါတယ်။

Ref : gizmochina