Xiaomi ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Fitness Tracker အသစ်ဖြစ်တဲ့ Xiaomi Band 7 ကို တရုတ်နိုင်ငံအတွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ Xiaomi ကနေ Band 7 ကို Global အနေနဲ့ မိတ်ဆက်ဖို့ စီစဥ်နေပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းမှာပဲ ရောင်းချနေဆဲဖြစ်ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းအရ Xiaomi ဟာ တရုတ်နိုင်ငံအတွင်းမှာပဲ အချိန်ကာလတစ်လအတွင်းမှာ Xiaomi Band 7 အလုံးရေ ၁ သန်းကျော်ကို ရောင်းချခဲ့ရပြီလို့ သိရပါတယ်။ ဒါကြောင့် ယခင်တုန်းက Xiaomi Band Series တွေထက် ပိုပြီး အောင်မြင်နေတယ်လို့ ပြောရမှာပါ။

Xiaomi Band 7 ဟာ 1.62″ AMOLED Display ပါဝင်မှာဖြစ်ပြီး Always-on Display Feature အသစ်လည်း ပါဝင်မှာဖြစ်ပါတယ်။ Version အနေနဲ့ကတော့ ပုံမှန် Base Version နဲ့ NFC Version ဆိုပြီး ၂ မျိုး မိတ်ဆက်ထားတာဖြစ်ပြီး ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ Sensor တွေဖြစ်တဲ့ Heart Rate Sensor ၊ Blood Oxygen Tracking နဲ့ Sport Mode ပေါင်း ၁၂၀ ကျော်ပါဝင်မှာပါ။

စျေးနှုန်းအနေနဲ့လည်း Xiaomi Band 7 ဟာ တရုတ်ယွမ်ငွေ ၂၄၉ ယွမ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေ ၇ သောင်းဝန်းကျင်ကနေ စတင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Global စျေးကွက်အတွက် မိတ်ဆက်ထားခြင်းမရှိသေးတာကြောင့် Global မှာ ဘယ်စျေးနှုန်းနဲ့ မိတ်ဆက်လာမလဲဆိုတာကို မသိရှိရသေးပါဘူး။

Ref – Gizmo China