[Zawgyi]

Gaming ဖုန္းေလာကထဲကို iQOO ဝင္ေရာက္လာတဲ့ေနာက္မွာေတာ့ ဟိုေန႔ထြက္မယ္၊ ဒီေန႔ထြက္မယ္ဆိုၿပီး ေႏွးေကြးေနတဲ့ Xiaomi ရဲ႕ Black Shark 2 လည္း ခပ္ျမန္ျမန္လႈပ္ရွားလာရတဲ့ အေျခအေနကို ေျပာင္းသြားပါၿပီ။ မူလကေတာ့ Xiaomi ဟာ Black Shark 2 ကို မတ္လကုန္ေလာက္မွ ေၾကညာဖြယ္ရွိတယ္လို႔ သတင္းထြက္ထားေပမယ့္ အခုေတာ့ ႏွစ္ပတ္ေလာက္ ေစာသြားၿပီလို႔ ဆိုရမွာပါ။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Black Shark 2 ကို Geekbench မွာ ေတြ႕ခဲ့ရၿပီး ဒီေန႔မွာေတာ့ မတ္လ ၁၈ ရက္ေန႔မွာ ေၾကညာမယ္ဆိုတဲ့ သတင္းထြက္ေပၚလာတာ ျဖစ္ပါတယ္။ မတ္လ ၆ ရက္ေန႔မွာ Flash Sale စမယ့္ iQOO ေၾကာင့္ Xiaomi အေနနဲ႔ ၿပိဳင္ဘက္ကို ေဈးကြက္ထဲမွာ အခ်ိန္တစ္ပတ္ေလာက္ အသာေပးထားလိုက္ရမယ့္ အေျခအေနျဖစ္သြားပါတယ္။

Xiaomi Black Shark 2 ဟာ Qualcomm ရဲ႕ စြမ္းအင္ျပည့္ Chipset ျဖစ္တဲ့ Snapdragon 855 ကို အသုံးျပဳထားတာျဖစ္ၿပီး လုံေလာက္တာထက္ ပိုတဲ့ ပမာဏျဖစ္တဲ့ 12GB RAM ကိုလည္း အသုံးျပဳေပးထားတာ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ 8/10GB RAM နဲ႔ Version ေတြကိုလည္း ေမွ်ာ္လင့္လို႔ရဦးမယ္လို႔ သိရပါတယ္။

ဖုန္းရဲ႕ စြမ္းေဆာင္ရည္ဟာ Liquid Cool 3.0 ေၾကာင့္ သိသိသာသာ တိုးတက္လာမွာျဖစ္ၿပီး Gaming ဖုန္းျဖစ္တာနဲ႔အညီ Xiaomi Black Shark 2 ဟာ 4,000mAh ဝန္းက်င္ ဘက္ထရီကိုပဲ အသုံးျပဳလာဖြယ္ရွိပါတယ္။ ဒါ့အျပင္ 18W ကေန ပိုၿပီးအဆင့္ျမင့္လာတဲ့ 27W fast charging စနစ္ကိုလည္း ေထာက္ပံ့ေပးထားမယ္လို႔ သိရပါတယ္။

Xiaomi Black Shark 2 ကို တ႐ုတ္ႏိုင္ငံတြင္းမွာပဲ ဦးဆုံးျဖန႔္ခ်ိသြားဖြယ္ရွိပါတယ္။ ဥေရာပေဈးကြက္ကေတာ့ အနည္းငယ္ေနာက္က်ၿပီးမွ ေရာက္ရွိႏိုင္ဖြယ္ရွိပါတယ္။ ထြက္ေပၚေနတဲ့ သတင္းေတြအရဆိုရင္ေတာ့ ဧၿပီလကုန္ေလာက္မွပဲ ျပည္ပေဈးကြက္ကိုေရာက္ရွိမယ္လို႔ သိရပါတယ္။

Ref: Phone Arena

[Unicode]

မတ်လ ၁၈ ရက်နေ့မှာ ကြေညာမယ့် Xiaomi Black Shark 2

Gaming ဖုန်းလောကထဲကို iQOO ဝင်ရောက်လာတဲ့နောက်မှာတော့ ဟိုနေ့ထွက်မယ်၊ ဒီနေ့ထွက်မယ်ဆိုပြီး နှေးကွေးနေတဲ့ Xiaomi ရဲ့ Black Shark 2 လည်း ခပ်မြန်မြန်လှုပ်ရှားလာရတဲ့ အခြေအနေကို ပြောင်းသွားပါပြီ။ မူလကတော့ Xiaomi ဟာ Black Shark 2 ကို မတ်လကုန်လောက်မှ ကြေညာဖွယ်ရှိတယ်လို့ သတင်းထွက်ထားပေမယ့် အခုတော့ နှစ်ပတ်လောက် စောသွားပြီလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Black Shark 2 ကို Geekbench မှာ တွေ့ခဲ့ရပြီး ဒီနေ့မှာတော့ မတ်လ ၁၈ ရက်နေ့မှာ ကြေညာမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မတ်လ ၆ ရက်နေ့မှာ Flash Sale စမယ့် iQOO ကြောင့် Xiaomi အနေနဲ့ ပြိုင်ဘက်ကို ဈေးကွက်ထဲမှာ အချိန်တစ်ပတ်လောက် အသာပေးထားလိုက်ရမယ့် အခြေအနေဖြစ်သွားပါတယ်။

Xiaomi Black Shark 2 ဟာ Qualcomm ရဲ့ စွမ်းအင်ပြည့် Chipset ဖြစ်တဲ့ Snapdragon 855 ကို အသုံးပြုထားတာဖြစ်ပြီး လုံလောက်တာထက် ပိုတဲ့ ပမာဏဖြစ်တဲ့ 12GB RAM ကိုလည်း အသုံးပြုပေးထားတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 8/10GB RAM နဲ့ Version တွေကိုလည်း မျှော်လင့်လို့ရဦးမယ်လို့ သိရပါတယ်။

ဖုန်းရဲ့ စွမ်းဆောင်ရည်ဟာ Liquid Cool 3.0 ကြောင့် သိသိသာသာ တိုးတက်လာမှာဖြစ်ပြီး Gaming ဖုန်းဖြစ်တာနဲ့အညီ Xiaomi Black Shark 2 ဟာ 4,000mAh ဝန်းကျင် ဘက်ထရီကိုပဲ အသုံးပြုလာဖွယ်ရှိပါတယ်။ ဒါ့အပြင် 18W ကနေ ပိုပြီးအဆင့်မြင့်လာတဲ့ 27W fast charging စနစ်ကိုလည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Xiaomi Black Shark 2 ကို တရုတ်နိုင်ငံတွင်းမှာပဲ ဦးဆုံးဖြန့်ချိသွားဖွယ်ရှိပါတယ်။ ဥရောပဈေးကွက်ကတော့ အနည်းငယ်နောက်ကျပြီးမှ ရောက်ရှိနိုင်ဖွယ်ရှိပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ ဧပြီလကုန်လောက်မှပဲ ပြည်ပဈေးကွက်ကိုရောက်ရှိမယ်လို့ သိရပါတယ်။

Ref: Phone Arena