Zawgyi

Xiaomi ရဲ႕ Black Shark Series စမတ္ဖုန္းေတြဟာ အခုအခ်ိန္မွာ နာမည္ၾကီး Gaming Phone ေတြအေနနဲ႔ လူသိမ်ားေနတာျဖစ္ပါတယ္။ အခုလုိမ်ိဳး စြမ္းေဆာင္ရည္ပုိင္းမွာ ေကာင္းမြန္ေနဖုိ႔လုိအပ္တဲ့ Gaming Phone ေတြျဖစ္ေနတာကလည္း Qualcomm ရဲ႕ ေနာက္ဆံုးထြက္ Snapdragon Processor ေတြကို ဆက္တုိက္သံုးေနတာေၾကာင့္ဆုိရင္လညး္မမွားပါဘူး။

အခုအခ်ိန္မွာေတာ့ Qualcomm ကေန Gaming Phone ေတြအတြက္ အဓိကရည္ရြယ္တဲ့ Snapdragon 855+ Processor ကို မိတ္ဆက္ထားျပီးျဖစ္သလုိပဲ ASUS ကလည္း လာမယ့္ ဇူလုိင္လ ၂၃ ရက္ေန႔မွာ ဒီ Snapdragon 855+ Processor ကို ပထမဆံုးသံုးလာမယ့္ ROG Phone 2 ကိုပါ ထုတ္ျပသြားေတာ့မွာပဲျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္ ၾကည့္ရတာ Xiaomi ကလည္း အားက်မခံ ဒီ Snapdragon 855+ Processor အသစ္နဲ႔ Black Shark 2 ဖုန္းကို Upgrade လုပ္သြားေတာ့မယ့္ပံုစံပါပဲ။ လက္ရွိ Xiaomi ကေန Teaser ထုတ္ထားတာကေတာ့ Black Shark 2 Pro ကို လာမယ့္ ဇူလုိင္လ ၃၀ ရက္ေန႔မွာ မိတ္ဆက္သြားမယ္လုိ႔ သိရပါတယ္။

အခုအခ်ိန္မွာေတာ့ ဒီ Black Shark 2 Pro ဖုန္းက Snapdragon 855+ Processor ကို သံုးထားတယ္ဆုိတာကို အတည္ျပဳႏုိင္ခဲ့ျပီးေတာ့ Geekbench Benchmark ေတြလည္း ထြက္ေပၚလာျပီျဖစ္ပါတယ္။ အခု Geekbench အရ ဒီ Black Shark 2 Pro ဖုန္းမွာ Snapdragon 855+ Processor အျပင္ RAM 12GB နဲ႔ Android 9 Pie ကို အသံုးျပဳထားမွာပါ။ Benchmark ေတြအေနနဲ႔လည္း Single Core Score ကို 3,623 Points နဲ႔ Multi-Core Score မွာ 11,367 Points ရရွိထားတဲ့အတြက္ ASUS ROG Phone 2 ထက္ေတာင္ ပိုမ်ားေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

ဒါေပမယ့္ ဒီ Black Shark 2 Pro ဖုန္းက Design ပိုင္းအေနနဲ႔ေတာ့ Black Shark 2 နဲ႔ တူညီဦးမွာျဖစ္ျပီးေတာ့ 27W Fast Charging ကိုပါ Support ျပဳလုပ္လာႏုိင္ပါတယ္။

Ref – Gizmo China

Unicode

Xiaomi ရဲ့ Black Shark Series စမတ်ဖုန်းတွေဟာ အခုအချိန်မှာ နာမည်ကြီး Gaming Phone တွေအနေနဲ့ လူသိများနေတာဖြစ်ပါတယ်။ အခုလိုမျိုး စွမ်းဆောင်ရည်ပိုင်းမှာ ကောင်းမွန်နေဖို့လိုအပ်တဲ့ Gaming Phone တွေဖြစ်နေတာကလည်း Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon Processor တွေကို ဆက်တိုက်သုံးနေတာကြောင့်ဆိုရင်လည်းမမှားပါဘူး။

အခုအချိန်မှာတော့ Qualcomm ကနေ Gaming Phone တွေအတွက် အဓိကရည်ရွယ်တဲ့ Snapdragon 855+ Processor ကို မိတ်ဆက်ထားပြီးဖြစ်သလိုပဲ ASUS ကလည်း လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဒီ Snapdragon 855+ Processor ကို ပထမဆုံးသုံးလာမယ့် ROG Phone 2 ကိုပါ ထုတ်ပြသွားတော့မှာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကြည့်ရတာ Xiaomi ကလည်း အားကျမခံ ဒီ Snapdragon 855+ Processor အသစ်နဲ့ Black Shark 2 ဖုန်းကို Upgrade လုပ်သွားတော့မယ့်ပုံစံပါပဲ။ လက်ရှိ Xiaomi ကနေ Teaser ထုတ်ထားတာကတော့ Black Shark 2 Pro ကို လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

အခုအချိန်မှာတော့ ဒီ Black Shark 2 Pro ဖုန်းက Snapdragon 855+ Processor ကို သုံးထားတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီးတော့ Geekbench Benchmark တွေလည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။ အခု Geekbench အရ ဒီ Black Shark 2 Pro ဖုန်းမှာ Snapdragon 855+ Processor အပြင် RAM 12GB နဲ့ Android 9 Pie ကို အသုံးပြုထားမှာပါ။ Benchmark တွေအနေနဲ့လည်း Single Core Score ကို 3,623 Points နဲ့ Multi-Core Score မှာ 11,367 Points ရရှိထားတဲ့အတွက် ASUS ROG Phone 2 ထက်တောင် ပိုများနေတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် ဒီ Black Shark 2 Pro ဖုန်းက Design ပိုင်းအနေနဲ့တော့ Black Shark 2 နဲ့ တူညီဦးမှာဖြစ်ပြီးတော့ 27W Fast Charging ကိုပါ Support ပြုလုပ်လာနိုင်ပါတယ်။

Ref – Gizmo China