Black Shark 5 Series ကို ဒီလ အစောပိုင်းက နိုင်ငံတကာမှာ ရောင်းချခဲ့ပြီး အခုတော့ နောက်မျိုးဆက် Gaming ဖုန်း စီးရီးရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ နာမည်ကြီး Tipster Digital Chat Station က Black Shark 5S နဲ့ 5S Pro ရဲ့ Specs တချို့ကို မျှဝေလိုက်ပါတယ်။

Xiaomi Black Shark 5 Pro presented with a Snapdragon 8 Gen 1 and a 108 MP triple camera - NotebookCheck.net News

Black Shark 5S နဲ့ 5S Pro မှာ ဖိအား အာရုံခံနိုင်တဲ့ ၆.၆၇ လက်မ OLED မျက်နှာပြင်တွေ တပ်ဆင်ထားမှာ ဖြစ်ပြီး FHD+ Resolution ရှိမှာပါ။ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ပါလာမှာ ဖြစ်ပြီး Refresh Rate ကို မသိရသေးပေမယ့် Black Shark 5 Series ရဲ့ 144Hz ပဲ ဖြစ်နိုင်ပါတယ်။ အဲဒီ စမတ်ဖုန်း ၂ လုံးမှာ Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 8+ Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ပိုမြန်တဲ့ SSD+UFS Storage ပါလာမှာ ဖြစ်ပါတယ်။

ကင်မရာတွေ အကြောင်း ပြောရရင် 5S မှာ 64MP Main နဲ့ 5S Pro မှာ 108MP Main ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး ဖုန်း ၂ လုံးစလုံးမှာ 120W Wired Charging ပါတဲ့ 4,790mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။ တခြား Specs တွေထဲမှာ X-axis Motor ၊ စတီရီယို စပီကာနဲ့ သံလိုက် Gaming Triggers တွေ ပါဝင်ပြီး Black Shark 5S Series ကို စက်တင်ဘာလထဲမှာ ကြေညာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena