လူငယ်တွေအတွက် အမိုက်စား ဆဲလ်ဖီး ကင်မရာ စွမ်းရည်တွေပါပြီး ဒီဇိုင်းလှတဲ့ Xiaomi Civi ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေညာခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက မျိုးဆက်သစ် ဖြစ်တဲ့ Xiaomi Civi 1S ကို မိတ်ဆက်လိုက်ပါပြီ။

Xiaomi Civi 1S comes with a Snapdragon 778G+

ပြောင်းလဲမှုက Chipset ဖြစ်ပြီး Civi 1S မှာ Snapdragon 778G+ Chipset မောင်းနှင်ထားပါတယ်။ ဆော့ဖ်ဝဲအပိုင်းမှာ နောက်ဆုံးထုတ် MIUI နဲ့ Android OS ထည့်သွင်းထားပါတယ်။ အဲဒီ ၂ ခုကလွဲရင် ကျန်တဲ့ အစိတ်အပိုင်း အားလုံးဟာ တူညီကြပါတယ်။

Xiaomi Civi 1S arrives with a Snapdragon 778G+ chipset - GSMArena.com news

Xiaomi Civi 1S မှာ ၆.၅၅ လက်မ OLED 120Hz 1080p မျက်နှာပြင် ပါလာပြီး 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Xiaomi Civi 1S arrives with a Snapdragon 778G+ chipset - GSMArena.com news

Civi 1S ဟာ တော်တော် ပေါ့ပါးပြီး ၁၆၆ ဂရမ် အလေးချိန်ရှိကာ အထူက ၈ မီလီမီတာ ဖြစ်ပါတယ်။ ဒီလို ပေါ့ပါး ပါးလွှာတဲ့အတွက် တချို့ လုပ်ဆောင်ချက်တွေ မပါလာဘဲ microSD Card Slot နဲ့ နားကြပ်ပေါက်တွေ ဖယ်ရှားထားပါတယ်။

Xiaomi  က Android 12 အခြေပြု MIUI 13 မောင်းနှင်ပေးထားပြီး 55W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပါတယ်။ 8/128GB ကို ၂,၂၉၉ ယွမ်၊ 8/256GB ကို ၂,၅၉၉ ယွမ်နဲ့ 12/256GB ကို ၂,၈၉၉ ယွမ် သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၆၆၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ တရုတ်မှာ ကြိုတင် ရောင်းချပေးနေပါပြီ။

Ref : gsmarena