Xiaomi Civi 3 ကို တရုတ်မှာ ကြေညာလိုက်ပြီး Dimensity 8200 Ultra Chipset ပါတဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ Dimensity 8200 Ultra ရဲ့ အခြေခံ Specs တွေဟာ မူလ Dimensity 8200 နဲ့ တူညီပေမယ့် Xiaomi နဲ့ MediaTek တို့က Image Signal Processing (ISP) ကို Customize လုပ်ထားပါတယ်။

Civi 3 မှာ ကင်မရာတွေကို အဓိကထား ဖန်တီးထားပြီး အရှေ့ဘက်က ဆေးတောင့်ပုံ Punch Hole မှာ 32MP ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ ပင်မ ဆဲလ်ဖီး ကင်မရာမှာ OIS နဲ့ Autofocus ပါလာပြီး ဒုတိယ ကင်မရာဟာ 100 Degree Angle နဲ့ 4K Video Recording ထောက်ပံ့ထားပါတယ်။ အရှေ့ဘက်က LED Flashes တွေဟာ ဆဲလ်ဖီးတွေ ပိုမို သဘာဝကျစေဖို့ AI ကို သုံးကာ အလင်းရောင်ကို ချိန်ညှိပေးပါတယ်။

Xiaomi Civi 3 selfie cameras and LED flashXiaomi Civi 3 selfie cameras and LED flash

အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး 50MP IMX800 ပင်မ ကင်မရာမှာ OIS ပါပါတယ်။ နောက်ကင်မရာ ၂ လုံးက 8MP Ultrawide နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။

Xiaomi Civi 3 in its official colors

6.55 Inch AMOLED FHD+ မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး 1,500 nits Peak Brightness ထောက်ပံ့ထားပါတယ်။ 12/16GB LPDDR5X RAM ထည့်ထားပြီး 1TB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။ 67W Wired Charging ပါတဲ့ 4,500mAh Battery တပ်ဆင်ထားပြီး Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပါတယ်။

Xiaomi Civi 3 အတွက် Purple, Mint, Gold , Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အခြေခံ 12/256GB ကို ၃၅၃ ဒေါ်လာနဲ့ စွမ်းရည်အမြင့်ဆုံး 16GB RAM/1TB Storage ကို ၄၂၄ ဒေါ်လာ သတ်မှတ်ထားပြီး တရုတ်မှာ မေလ ၃၁ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena