Zawgyi

Xiaomi ဖုန္းအမ်ားစုမွာ Android OS ကုိ ကိုယ္ပိုင္ Feature ေတြ၊ User Interface ေတြနဲ႔ ျပန္လည္ျပင္ဆင္ထားတဲ့ MIUI ကိုပဲ အသံုးျပဳေနၾကတာျဖစ္ပါတယ္။ အခုဆုိရင္လည္း MIUI 10 က ေနာက္ဆံုး Update Version ျဖစ္သလုိ မၾကာခင္မိတ္ဆက္ေတာ့မယ့္ MIUI 11 အေၾကာင္းကိုပါ Xiaomi ကေန ထုတ္ေဖာ္ေျပာၾကားလုိက္ပါျပီ။

ယခုသတင္းကို Xiaomi ရဲ႕ MIUI အတြက္ Product Director နဲ႔ Experience Chief က ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ျပီးေတာ့ MIUI 11 Launch ျပဳလုပ္မယ့္အခ်ိန္က နီးကပ္ေနျပီလုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ MIUI 11 ဟာ ယခင္ MIUI Version ေတြနဲ႔ မတူညီပဲ Unique ျဖစ္ေနမယ္လုိ႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

လက္ရွိသိထားရတဲ့သတင္းေတြအရေတာ့ MIUI 11 မွာ Feature အသစ္ေတြပါလာမွာျဖစ္သလုိ လက္ရွိ အသံုးျပဳသူေတြဆီက ေဝဖန္မႈေတြခံေနရတဲ့ System Apps ေတြမွာ ေၾကာ္ျငာ (Ads) ေတြထည့္သြင္းထားတဲ့ ျပႆနာကိုလည္း ေျဖရွင္းထားတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ ဒါက MIUI 11 မွာ လံုးဝေၾကာ္ျငာေတြမပါေတာ့မွာလား… ဒါမွမဟုတ္ ဘယ္လုိနည္းနဲ႔ေျဖရွင္းထားမလဲဆုိတာကိုေတာ့ မသိရွိရေသးပါဘူး။

အေစာပိုင္းတုန္းကလည္း Xiaomi ကေန ဒီလုိမ်ိဳး MIUI မွာ ေၾကာ္ျငာေတြထည့္သြင္းမႈကို Optimize ျပဳလုပ္သြားမယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ျပီးေတာ့ အခုဆုိရင္ ေၾကာ္ျငာပါဝင္မႈက ယခင္ကထက္ ေလ်ာ႔က်သြားျပီပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ MIUI 11 မွာ ေၾကာ္ျငာေတြကို ရပ္လုိ႔ရတဲ့ Switch တစ္ခုပါဝင္လာဖို႔က ပုိျပီးျဖစ္ႏုိင္ေျခမ်ားေနပါတယ္။

ဒါ့အျပင္ MIUI 11 မွာ အသစ္ပါဝင္လာမယ့္ Feature အသစ္တစ္ခုကေတာ့ Ultimate Power Saving Mode ပဲျဖစ္ျပီးေတာ့ အဆုိပါ Feature ဟာ လက္ရွိတခ်ိဳ႕ေသာ စမတ္ဖုန္းေတြမွာ ပါဝင္ေနတဲ့ Ultra Power Saving Mode နဲ႔ဆင္တူမွာျဖစ္ပါတယ္။ အခု Mode ကို On လုိက္တာနဲ႔ UI အကုန္လံုးက Black & White ျဖစ္သြားမွာျဖစ္ျပီး Call ၊ Messages နဲ႔ တခ်ိဳ႕ေသာ App ေတြကိုပဲ ဆက္လက္အသံုးျပဳႏုိင္မွာပါ။

ေနာက္ထပ္ Feature ေတြကေတာ့ MIUI 11 မွာ Screenshot ေတြကို Share ျပီးတာနဲ႔ အလုိအေလ်ာက္ ဖ်က္ေပးတာနဲ႔ Dark Mode ကို ပိုျပီး Optimize ျပဳလုပ္လာမွာပဲျဖစ္ပါတယ္။

Google ကလည္း လာမယ့္ ၾသဂုတ္လကုန္ပိုင္းမွာ Android Q ကို Stable အေနနဲ႔ ထုတ္ေပးသြားေတာ့မယ့္အတြက္ MIUI 11 က Android Q ကိုပါအေျခခံလာႏုိင္မလားဆုိတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။ လက္ရွိသိထားရတဲ့သတင္းေတြအရေတာ့ MIUI 11 ဟာ လာမယ့္ စက္တင္ဘာလအတြင္းမွာ တရားဝင္မိတ္ဆက္လာႏုိင္ဖြယ္ရွိေနပါတယ္။

Ref – Gizmo China

Unicode

Xiaomi ဖုန်းအများစုမှာ Android OS ကို ကိုယ်ပိုင် Feature တွေ၊ User Interface တွေနဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ MIUI ကိုပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း MIUI 10 က နောက်ဆုံး Update Version ဖြစ်သလို မကြာခင်မိတ်ဆက်တော့မယ့် MIUI 11 အကြောင်းကိုပါ Xiaomi ကနေ ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

ယခုသတင်းကို Xiaomi ရဲ့ MIUI အတွက် Product Director နဲ့ Experience Chief က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီးတော့ MIUI 11 Launch ပြုလုပ်မယ့်အချိန်က နီးကပ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် MIUI 11 ဟာ ယခင် MIUI Version တွေနဲ့ မတူညီပဲ Unique ဖြစ်နေမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။

လက်ရှိသိထားရတဲ့သတင်းတွေအရတော့ MIUI 11 မှာ Feature အသစ်တွေပါလာမှာဖြစ်သလို လက်ရှိ အသုံးပြုသူတွေဆီက ဝေဖန်မှုတွေခံနေရတဲ့ System Apps တွေမှာ ကြော်ငြာ (Ads) တွေထည့်သွင်းထားတဲ့ ပြဿနာကိုလည်း ဖြေရှင်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါက MIUI 11 မှာ လုံးဝကြော်ငြာတွေမပါတော့မှာလား… ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ဖြေရှင်းထားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

အစောပိုင်းတုန်းကလည်း Xiaomi ကနေ ဒီလိုမျိုး MIUI မှာ ကြော်ငြာတွေထည့်သွင်းမှုကို Optimize ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် ကြော်ငြာပါဝင်မှုက ယခင်ကထက် လျော့ကျသွားပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် MIUI 11 မှာ ကြော်ငြာတွေကို ရပ်လို့ရတဲ့ Switch တစ်ခုပါဝင်လာဖို့က ပိုပြီးဖြစ်နိုင်ခြေများနေပါတယ်။

ဒါ့အပြင် MIUI 11 မှာ အသစ်ပါဝင်လာမယ့် Feature အသစ်တစ်ခုကတော့ Ultimate Power Saving Mode ပဲဖြစ်ပြီးတော့ အဆိုပါ Feature ဟာ လက်ရှိတချို့သော စမတ်ဖုန်းတွေမှာ ပါဝင်နေတဲ့ Ultra Power Saving Mode နဲ့ဆင်တူမှာဖြစ်ပါတယ်။ အခု Mode ကို On လိုက်တာနဲ့ UI အကုန်လုံးက Black & White ဖြစ်သွားမှာဖြစ်ပြီး Call ၊ Messages နဲ့ တချို့သော App တွေကိုပဲ ဆက်လက်အသုံးပြုနိုင်မှာပါ။

နောက်ထပ် Feature တွေကတော့ MIUI 11 မှာ Screenshot တွေကို Share ပြီးတာနဲ့ အလိုအလျောက် ဖျက်ပေးတာနဲ့ Dark Mode ကို ပိုပြီး Optimize ပြုလုပ်လာမှာပဲဖြစ်ပါတယ်။

Google ကလည်း လာမယ့် သြဂုတ်လကုန်ပိုင်းမှာ Android Q ကို Stable အနေနဲ့ ထုတ်ပေးသွားတော့မယ့်အတွက် MIUI 11 က Android Q ကိုပါအခြေခံလာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ လက်ရှိသိထားရတဲ့သတင်းတွေအရတော့ MIUI 11 ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ တရားဝင်မိတ်ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။

Ref – Gizmo China