Xiaomi က ၂၀၁၉ ခုနှစ်ထုတ် Xiaomi နဲ့ Redmi စမတ်ဖုန်းတွေအတွက် Android 11 Update ထုတ်ပေးမယ်လို့ Mi Community China ကနေ ကြေညာလိုက်ပါတယ်။ Xiaomi ဟာ ဧပြီလနှောင်းပိုင်းမှာ MIUI 12 ကို မိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာ့ တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ Xiaomi ဟာ အဲဒီအချိန်ကတည်းက သူ့ရဲ့ Device တွေအတွက် နောက်ဆုံးထုတ် ဆော့ဖ်ဝဲကို ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် Xiaomi ရဲ့ စွမ်းဆောင်ရည်မြင့်၊ စွမ်းဆောင်ရည်သင့်နဲ့ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းတချို့မှာ Update ကို ရနေကြပါပြီ။ တချို့ တန်ဖိုးနည်း ဖုန်းနဲ့ ဖုန်းအဟောင်းတွေမှာပဲ Update မရကြတာပါ။

Xiaomi Redmi POCO Black Shark Android 11 Eligible Supported Devices

MIUI 12 ကို ရသွားကြတဲ့ ၂၀၂၀ ခုနှစ်ထုတ် စွမ်းရည်မြင့် Device တွေဟာ Android 11 Update ကို စတင် ရရှိနေကြပါပြီ။ အခုတော့ Xiaomi က Android 11 အခြေပြု MIUI 12 ရမယ့် ၂၀၁၉ ခုနှစ်ထုတ် Device စာရင်းကို ကြေညာလိုက်ပါတယ်။ အဲဒီ စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

Xiaomi Android 11 update tracker: Mi, Redmi & Poco received beta/stable

Redmi Note 8

Redmi Note 8 Pro

Redmi K20 Pro / Mi 9T Pro

Redmi K30 Ultra

Mi CC9 / Mi 9 Lite

Mi CC9 Meitu Edition

Mi 9 SE

Mi 9

Mi 9 Pro

အထက်ပါ Device တွေအတွက် ဖြန့်ချိပေးမယ့် အချိန်ကိုတော့ မသိရသေးပါဘူး။ Xiaomi က MIUI 12.5 ဖြန့်ချိဖို့အတွက် Beta Program ကိုလည်း အချိန်ကာလတစ်ခုအတွင်း ရပ်နားထားမှာ ဖြစ်ပါတယ်။ Xiaomi က အထက်ပါ Builds ကို စတင် ဖြန့်ချိပြီးနောက်မှာ နိုင်ငံများစွာအတွက်လည်း Final Stable Update ကို ထုတ်ပေးနိုင်ပါတယ်။

မှတ်ချက်။         ။ ၂၀၁၉ ခုနှစ်ထုတ် Redmi K30 4G, POCO X2, Redmi K30 5G, Mi CC9 Pro, Mi CC9 Pro Premium Edition, Mi Note 10 နဲ့ Mi 10 Pro တို့ဟာလည်း Android 11 Update ကို ရကြမှာပါ။ အဲဒီ Device တွေဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက Android 11 အခြေပြု  MIUI 12 Beta Build ကို ရနေကြပါပြီ။

Ref : gizmochina