[Zawgyi]

Xiaomi Mi 9 စမတ္ဖုန္းသစ္ဟာ လာမယ့္ ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာ တရားဝင္ထြက္ေပၚလာမွာျဖစ္ၿပီး Galaxy S10 စီးရီးနဲ႔ တစ္ရက္တည္းအတူ မိတ္ဆက္လာမွာျဖစ္တာေၾကာင့္ ထိပ္တုိက္ေတြ႕ဆုံရမယ့္ ၿပိဳင္ဘက္ေတြလို႔ သတ္မွတ္ရမွာပါ။ Flagship ေတြရဲ႕တုိက္ပြဲမွာ မီးစာထိုးလုိက္တဲ့အေနနဲ႔ Xiaomi မွ သူတုိ႔ဖုန္းရဲ႕ အခ်က္အလက္ေတြကို ထပ္ထပ္ၿပီး ထုတ္ေဖာ္ျပလာခဲ့ပါတယ္။

အခုေနာက္ဆုံးထြက္လာတဲ့သတင္းကေတာ့ Mi 9 စမတ္ဖုန္းကို Snapdragon 855 ခ်စ္ပ္ဆက္အသစ္ အသုံးျပဳလာမယ္ ဆုိတာပါပဲ။ ဒါဟာ Xiaomi နဲ႔ Qualcomm တုိ႔ၾကားက ပူးေပါင္းေဆာင္ရြက္မႈ တစ္ခုျဖစ္ၿပီး တရုတ္အေျခစုိက္ စမတ္ဖုန္းထုတ္လုပ္သူဟာ သူတုိ႔ရဲ႕ အေမရိကန္မွ Research & Development စင္တာကို ေက်းဇူးတင္ရမွာျဖစ္ေၾကာင္း သိရပါတယ္။

1 + 3 + 4 CPU Core တည္ေဆာက္ပုံေၾကာင့္ SD855 ဟာ ယခင္ 845 ထက္ 45% စြမ္းေဆာင္ရည္ ပုိေကာင္းမွာျဖစ္ၿပီး GPU ကိုလည္း 20% ပိုမုိသြက္လက္ေစမွာျဖစ္တယ္။ ဒါ့အျပင္ အလြန္အေရးႀကီးလာတဲ့ AI Engine ဟာလည္း Boot လုပ္ဖို႔သုံးဆပိုျမန္လာမွာပါ။ အျခားတုိးတက္မႈေတြျဖစ္တဲ့ Wi-Fi 6 ေထာက္ပံ့ေပးႏုိင္စြမ္း၊ HDR10+ ဗီဒီယုိ (4K ကို 60fps နဲ႔ရုိက္ကူးႏုိင္စြမ္း) စတာေတြလည္း ပါဝင္လာမွာျဖစ္ပါတယ္။

အေစာပုိင္းမွာ ျမင္ေတြ႕ခဲ့ရတဲ့ Geekbench ရလဒ္ေတြမွာ Xiaomi Mi 9 စမတ္ဖုန္းဟာ သူ႕မ်ဳိးဆက္ေဟာင္းထက္ သိသာစြာ ပုိျမန္မယ္လို႔ အာမခံေပးခဲ့တယ္။ Xiaomi တင္ထားတဲ့ AnTuTu ရလဒ္ေတြမွာလည္း ဖုန္းအသစ္ဟာ 45% စြမ္းေဆာင္ရည္ ပိုေကာငး္တာကို ျမင္ခဲ့ရပါတယ္။ ဒါ့အျပင္ Mi 9 နဲ႔ ပတ္သက္ၿပီး ေရွ႕ရက္ေတြမွာ သူ႕ရဲ႕လွပတဲ့ ကာလာဒီဇုိင္းနဲ႔ Triple ကင္မရာအတြဲမွာပါဝင္တဲ့ 48MP ကင္မရာျဖင့္ ရုိက္ကူးထားတဲ့ ပုံေတြကို တင္လာခဲ့ပါေသးတယ္။

Ref – GSM Arena

[Unicode]

Xiaomi Mi 9 စမတ်ဖုန်းသစ်ဟာ လာမယ့် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တရားဝင်ထွက်ပေါ်လာမှာဖြစ်ပြီး Galaxy S10 စီးရီးနဲ့ တစ်ရက်တည်းအတူ မိတ်ဆက်လာမှာဖြစ်တာကြောင့် ထိပ်တိုက်တွေ့ဆုံရမယ့် ပြိုင်ဘက်တွေလို့ သတ်မှတ်ရမှာပါ။ Flagship တွေရဲ့တိုက်ပွဲမှာ မီးစာထိုးလိုက်တဲ့အနေနဲ့ Xiaomi မှ သူတို့ဖုန်းရဲ့ အချက်အလက်တွေကို ထပ်ထပ်ပြီး ထုတ်ဖော်ပြလာခဲ့ပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့သတင်းကတော့ Mi 9 စမတ်ဖုန်းကို Snapdragon 855 ချစ်ပ်ဆက်အသစ် အသုံးပြုလာမယ် ဆိုတာပါပဲ။ ဒါဟာ Xiaomi နဲ့ Qualcomm တို့ကြားက ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပြီး တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူဟာ သူတို့ရဲ့ အမေရိကန်မှ Research & Development စင်တာကို ကျေးဇူးတင်ရမှာဖြစ်ကြောင်း သိရပါတယ်။

1 + 3 + 4 CPU Core တည်ဆောက်ပုံကြောင့် SD855 ဟာ ယခင် 845 ထက် 45% စွမ်းဆောင်ရည် ပိုကောင်းမှာဖြစ်ပြီး GPU ကိုလည်း 20% ပိုမိုသွက်လက်စေမှာဖြစ်တယ်။ ဒါ့အပြင် အလွန်အရေးကြီးလာတဲ့ AI Engine ဟာလည်း Boot လုပ်ဖို့သုံးဆပိုမြန်လာမှာပါ။ အခြားတိုးတက်မှုတွေဖြစ်တဲ့ Wi-Fi 6 ထောက်ပံ့ပေးနိုင်စွမ်း၊ HDR10+ ဗီဒီယို (4K ကို 60fps နဲ့ရိုက်ကူးနိုင်စွမ်း) စတာတွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။

အစောပိုင်းမှာ မြင်တွေ့ခဲ့ရတဲ့ Geekbench ရလဒ်တွေမှာ Xiaomi Mi 9 စမတ်ဖုန်းဟာ သူ့မျိုးဆက်ဟောင်းထက် သိသာစွာ ပိုမြန်မယ်လို့ အာမခံပေးခဲ့တယ်။ Xiaomi တင်ထားတဲ့ AnTuTu ရလဒ်တွေမှာလည်း ဖုန်းအသစ်ဟာ 45% စွမ်းဆောင်ရည် ပိုကောင်းတာကို မြင်ခဲ့ရပါတယ်။ ဒါ့အပြင် Mi 9 နဲ့ ပတ်သက်ပြီး ရှေ့ရက်တွေမှာ သူ့ရဲ့လှပတဲ့ ကာလာဒီဇိုင်းနဲ့ Triple ကင်မရာအတွဲမှာပါဝင်တဲ့ 48MP ကင်မရာဖြင့် ရိုက်ကူးထားတဲ့ ပုံတွေကို တင်လာခဲ့ပါသေးတယ်။

Ref – GSM Arena