Xiaomi ဟာ MIUI 12 ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက တရုတ်နိုင်ငံမှာ ပထမဆုံးအနေနဲ့ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ MIUI 12 ဟာ ယခင် MIUI 11 ထက် UI ပိုင်း ပြောင်းလဲမှုတွေအများအပြားရှိခဲ့ပြီး လက်ရှိ Android 11 Update အထိကို Xiaomi ဖုန်းတွေမှာ ဆက်လက်အသုံးပြုနေတုန်းဖြစ်ပါတယ်။

အခုတော့ Xiaomi ကနေ နောက်လာမယ့် MIUI Version ရဲ့ နာမည်ကို အတည်ပြုပေးလိုက်ပါတယ်။ အဆိုပါ Version ကို MIUI 13 အစား MIUI 12.5 လို့ပဲ ခေါ်ဆိုသွားမှာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း Xiaomi ကနေ MIUI 9.5 ၊ 10.5 နဲ့ 11.5 ဆိုပြီး မိတ်ဆက်ခဲ့ပါသေးတယ်။

လောလောဆယ်မှာတော့ Weekly MIUI Beta Build Update တွေကို ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ပြီး ခတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ ဖြစ်နိုင်တာကတော့ မကြာခင် မိတ်ဆက်လာမယ့် Xiaomi Mi 11 ဖုန်းတွေမှာ MIUI 12.5 ကို အစောဆုံးအသုံးပြုလာဖွယ်ရှိပါတယ်။ Mi 11 စမတ်ဖုန်းတွေနောက်ပိုင်းမှာတော့ တခြားသော Mi ၊ Redmi နဲ့ POCO စမတ်ဖုန်းတွေလည်း ယခု MIUI 12.5 Update ကို ရရှိနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ဟာ MIUI 12.5 မှာ Major Change ပြုလုပ်မှာတော့ မဟုတ်သေးဘဲ လက်ရှိ MIUI 12 ကိုပဲ အနည်းငယ်ပြောင်းလဲလာမယ်လို့ ယူဆရပါတယ်။ ဒါက Android 11 Update ကိုလည်း ထုတ်ပေးနေတဲ့အတွက် လာမယ့်နှစ်မှာတော့ ပြောင်းလဲမှုအများအပြားပါဝင်လာမယ့် MIUI 13 ကိုပဲ မျှော်လင့်ရမှာဖြစ်ပါတယ်။

Ref – Gizmo China