Xiaomi က ပြီးခဲ့တဲ့ လအနည်းငယ်က Redmi A1 နဲ့ Redmi A1+ စမတ်ဖုန်းတွေကို ကြေညာခဲ့ပြီး တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

အဲဒီ Redmi A1 Series စမတ်ဖုန်းတွေမှာ MediaTek Helio A22 Chipset မောင်းနှင်ထားတာ ဖြစ်ပါတယ်။ အခုတော့ Xiaomiui က Xiaomi ဟာ နောက်ထပ် Redmi A1 မော်ဒယ် ၁ မျိုးကို ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

Xiaomiui က အဲဒီဖုန်းနဲ့ ပတ်သက်တဲ့ FCC စာရွက်စာတမ်းတွေကို ရရှိထားပြီး မော်ဒယ်နံပါတ်က 23036RN54G ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို ဖေဖော်ဝါရီလ သို့မဟုတ် မတ်လမှာ ရောင်းချနိုင်ပြီး MediaTek Helio P35 Chipset မောင်းနှင်ထားနိုင်ပါတယ်။

မော်ဒယ်အသစ်မှာ Android 13 မောင်းနှင်ထားမှာ ဖြစ်ပြီး လက်ရှိမှာ အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရပါသေးတယ်။

အရင်က ထွက်ခဲ့တဲ့ Redmi A1 ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရင် ၆.၅၂ လက်မ HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Quad-core MediaTek Helio A22 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM တပ်ဆင်ထားပြီး Android 12 Go Edition မောင်းနှင်ထားပါတယ်။

10W Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 8MP နဲ့ Depth ကင်မရာတွေ ပါပါတယ်။ အရှေ့ ကင်မရာက 5MP ဖြစ်ပြီး နားကြပ်ပေါက်နဲ့ micro-SD Card Slot တပ်ဆင်ထားပါတယ်။

Ref : gizmochina