Unicode
ပြီးခဲ့တဲ့လတုန်းက Xiaomi ကနေ ပထမဆုံးသော 108 Megapixels Camera ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Mi CC9 Pro ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ လက်ရှိမှာလည်း လူစိတ်ဝင်စားမှုများပြားနေသလို Camera ပိုင်းမှာလည်း Huawei Mate 30 Pro ဖုန်းနဲ့အပြိုင် ထိပ်တန်းနေရာကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ Mi CC9 Pro စမတ်ဖုန်းဟာ စတင်မိတ်ဆက်တဲ့အချိန်တုန်းက ၃ မျိုး မိတ်ဆက်ခဲ့တာဖြစ်ပြီး RAM 6GB | 128GB Version ၊ RAM 8GB | 128GB Version နဲ့ RAM 8GB | 256GB Premium Edition ဆိုပြီး စျေးနှုန်းတွေအနေနဲ့ 2,799 Yuan (မြန်မာငွေ ၆ သိန်းဝန်းကျင်) ၊ 3,099 Yuan (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) နဲ့ 3,499 Yuan (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
အခုစျေးနှုန်းတွေဟာ လက်ရှိတခြားသော စမတ်ဖုန်းတွေနဲ့ယှဥ်ရင် ကောင်းကောင်းယှဥ်ပြိုင်နိုင်တဲ့ စျေးနှုန်းတွေဖြစ်ပေမယ့် Xiaomi ကနေ 300 Yuan (မြန်မာငွေ ၆ သောင်းကျော်) အထိ စျေးလျော့ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီလိုစျေးလျော့လိုက်တာဟာ Promotion ချတာမျိုးမဟုတ်တဲ့အတွက် အခုအချိန်ကစပြီး တရုတ်နိုင်ငံမှာ အချိန်အကန့်အသတ်မရှိဘဲ ဒီစျေးနှုန်းအသစ်တွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Mi CC9 Pro ရဲ့ စျေးနှုန်းအသစ်တွေကတော့ RAM 6GB | 128GB Version ကို 2,599 Yuan (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ၊ RAM 8GB | 128GB Version ကို 2,799 Yuan (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ RAM 8GB | 256GB Premium Edition ကို 3,199 Yuan (မြန်မာငွေ ၆ သိန်း ၈ သောင်းဝန်းကျင်) ပဲကျသင့်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုအချိန်မှာ ဝယ်ယူတဲ့သူတွေအတွက် ပိုပြီးတောင် တန်သွားပြီလို့ ပြောလို့ရပါတယ်။
Mi CC9 Pro စမတ်ဖုန်းဟာ 6.57″ Full HD+ AMOLED Curved Display ၊ Snapdragon 730G Processor ၊ 5260mAh Battery နဲ့ 30W Fast Charging လို Feature တွေပါဝင်တဲ့အတွက် Camera ပိုင်းတစ်ခုတင်ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးမဟုတ်တာပဲ ပေးရတဲ့စျေးထက်တောင် တန်ပြီး ကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်မှာပါ။
Ref – Gizmo China
Zawgyi
အဆိုပါ Mi CC9 Pro စမတ်ဖုန်းဟာ စတင်မိတ်ဆက်တဲ့အချိန်တုန်းက ၃ မျိုး မိတ်ဆက်ခဲ့တာဖြစ်ပြီး RAM 6GB | 128GB Version ၊ RAM 8GB | 128GB Version နဲ့ RAM 8GB | 256GB Premium Edition ဆိုပြီး ဈေးနှုန်းတွေအနေနဲ့ 2,799 Yuan (မြန်မာငွေ ၆ သိန်းဝန်းကျင်) ၊ 3,099 Yuan (မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်) နဲ့ 3,499 Yuan (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်) နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
အခုဈေးနှုန်းတွေဟာ လက်ရှိတခြားသော စမတ်ဖုန်းတွေနဲ့ယှဉ်ရင် ကောင်းကောင်းယှဉ်ပြိုင်နိုင်တဲ့ ဈေးနှုန်းတွေဖြစ်ပေမယ့် Xiaomi ကနေ 300 Yuan (မြန်မာငွေ ၆ သောင်းကျော်) အထိ ဈေးလျော့ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီလိုဈေးလျော့လိုက်တာဟာ Promotion ချတာမျိုးမဟုတ်တဲ့အတွက် အခုအချိန်ကစပြီး တရုတ်နိုင်ငံမှာ အချိန်အကန့်အသတ်မရှိဘဲ ဒီဈေးနှုန်းအသစ်တွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Mi CC9 Pro စမတ်ဖုန်းဟာ 6.57″ Full HD+ AMOLED Curved Display ၊ Snapdragon 730G Processor ၊ 5260mAh Battery နဲ့ 30W Fast Charging လို Feature တွေပါဝင်တဲ့အတွက် Camera ပိုင်းတစ်ခုတင်ကောင်းမွန်တဲ့ စမတ်ဖုန်းတစ်လုံးမဟုတ်တာပဲ ပေးရတဲ့ဈေးထက်တောင် တန်ပြီး ကောင်းမွန်တဲ့ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်မှာပါ။
Ref – Gizmo China