[Unicode]

ပြီးခဲ့တဲ့လတုန်းက မြင့်မားတဲ့ Refresh rate မျက်နှာပြင်နဲ့ ပထမဆုံး Redmi ဖုန်း ထွက်ခဲ့ပါတယ်။ အဲဒါက Redmi K30 ပါ။ Redmi K30 5G အမျိုးအစားမှာလည်း 120Hz IPS LCD panel နဲ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Refresh rate က K30 ရဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့နှုန်းမဟုတ်ပါဘူး။

Xiaomi ရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ Lu Weibing က တကယ်တော့ Redmi K30 5G ရဲ့မျက်နှာပြင်ဟာ 144Hz run နိုင်တယ်ဆိုတာကို ဗီဒီယိုဖိုင်နဲ့အတူ ကြွားလုံးထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုဗီဒီယိုထဲမှာ မြင်တွေ့ရတာက စမ်းသပ်ခန်းထဲက စမ်းသပ်မှုတစ်ခုသာ ဖြစ်သေးတယ်လို့ Lu က ဖြည့်စွက်ပြီး ပြောထားပါတယ်။

Xiaomi အနေနဲ့ ဗီဒီယိုထဲမှာ စမ်းသပ်ပြသထားသလို အပြင်မှာလည်း အမှန်တကယ် 144Hz refresh rate ဖြစ်စေမယ့် တရားဝင် Update ကို ထုတ်ပေးဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဟာ့ဒ်ဝဲပိုင်း ကတော့ 144Hz အမြန်နှုန်းနဲ့ Run နိုင်မယ်ဆိုတာ သေချာနေပါပြီ။

ဒါပေမယ့် ထည့်သွင်းစဉ်းစားစရာ အခြားအချက်တွေလည်း ရှိနေပါသေးတယ်။ အဲဒါက 144Hz အမြန်နှုန်းနဲ့ဆိုရင် ဘက်ထရီကို ထိခိုက်လာစေနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် Xiaomi အနေနဲ့ 144Hz နဲ့ အသုံးပြုရာမှာ အားနည်းချက်မရှိအောင် ဘယ်လိုကြံဆောင်ထားမလဲဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

Ref: GSM Arena

[Zawgyi]

Redmi K30 5G အတြက္ 144Hz mode ကို ထုတ္ႂကြားလာတဲ့ Xiaomi

ၿပီးခဲ့တဲ့လတုန္းက ျမင့္မားတဲ့ Refresh rate မ်က္ႏွာျပင္နဲ႔ ပထမဆုံး Redmi ဖုန္း ထြက္ခဲ့ပါတယ္။ အဲဒါက Redmi K30 ပါ။ Redmi K30 5G အမ်ိဳးအစားမွာလည္း 120Hz IPS LCD panel နဲ႔ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီ Refresh rate က K30 ရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ႏိုင္တဲ့ႏႈန္းမဟုတ္ပါဘူး။

Xiaomi ရဲ႕ ဒုတိယဥကၠဌျဖစ္တဲ့ Lu Weibing က တကယ္ေတာ့ Redmi K30 5G ရဲ႕မ်က္ႏွာျပင္ဟာ 144Hz run ႏိုင္တယ္ဆိုတာကို ဗီဒီယိုဖိုင္နဲ႔အတူ ႂကြားလုံးထုတ္လိုက္တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုဗီဒီယိုထဲမွာ ျမင္ေတြ႕ရတာက စမ္းသပ္ခန္းထဲက စမ္းသပ္မႈတစ္ခုသာ ျဖစ္ေသးတယ္လို႔ Lu က ျဖည့္စြက္ၿပီး ေျပာထားပါတယ္။

Xiaomi အေနနဲ႔ ဗီဒီယိုထဲမွာ စမ္းသပ္ျပသထားသလို အျပင္မွာလည္း အမွန္တကယ္ 144Hz refresh rate ျဖစ္ေစမယ့္ တရားဝင္ Update ကို ထုတ္ေပးဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ ဟာ့ဒ္ဝဲပိုင္း ကေတာ့ 144Hz အျမန္ႏႈန္းနဲ႔ Run ႏိုင္မယ္ဆိုတာ ေသခ်ာေနပါၿပီ။

ဒါေပမယ့္ ထည့္သြင္းစဥ္းစားစရာ အျခားအခ်က္ေတြလည္း ရွိေနပါေသးတယ္။ အဲဒါက 144Hz အျမန္ႏႈန္းနဲ႔ဆိုရင္ ဘက္ထရီကို ထိခိုက္လာေစႏိုင္တယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ ဒါေၾကာင့္ Xiaomi အေနနဲ႔ 144Hz နဲ႔ အသုံးျပဳရာမွာ အားနည္းခ်က္မရွိေအာင္ ဘယ္လိုႀကံေဆာင္ထားမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

Ref: GSM Arena