[Zawgyi]

Qualcomm နဲ႔ Xiaomi တို႔ဟာ ေရွ႕ဆက္လုပ္ေဆာင္သြားမယ့္ အေၾကာင္းအရာေတြကို ေဆြးေႏြးတိုင္ပင္ဖို႔အတြက္ အစည္းအေဝးပြဲတစ္ခု က်င္းပျပဳလုပ္ခဲ့ပါတယ္။ အဆိုပါ အစည္းအေဝးပြဲ ေအာင္ျမင္စြာ ၿပီးဆုံးသြားတဲ့ေနာက္မွာေတာ့ Xiaomi ရဲ႕ Global Vice President ျဖစ္သူ Manu Kumar Jain ဆီက Xiaomi အေနနဲ႔ Snapdragon 730 ဒါမွမဟုတ္ 730G အသုံးျပဳထားတဲ့ စမတ္ဖုန္းကို မၾကာခင္မိတ္ဆက္ဖို႔ ရွိေၾကာင္း စကားသံထြက္လာပါတယ္။

Manu Kumar Jain က လြန္ခဲ့တဲ့ ၂ပတ္ခန္႔က မိတ္ဆက္ခဲ့တဲ့ Snapdragon 7_ _ SoC အသုံးျပဳ Xiaomi စမတ္ဖုန္းဟာ မၾကာခင္ အိႏၵိယကို ေရာက္ရွိလာေတာ့မွာျဖစ္ေၾကာင္း တြစ္တာမွာ အတည္အလင္း ေၾကညာခဲ့ပါတယ္။ Jain က Processor ရဲ႕ နာမည္ကို တိတိက်က် ေဖာ္ျပထားျခင္း မရွိေပမယ့္ 8nm အေပၚ အေျခခံၿပီး တည္ေဆာက္ထားတဲ့ Snapdragon 730 SoC ကို ရည္ၫႊန္းေျပာဆိုခ်င္တာ ျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ အဆိုပါ SoC အသုံးျပဳထားမယ့္ စမတ္ဖုန္းရဲ႕ နာမည္ကိုလည္း ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။

ကြၽမ္းက်င္ပညာရွင္ တခ်ိဴ႕ကေတာ့ အဆိုပါ စမတ္ဖုန္းဟာ Xiaomi Mi A3 ျဖစ္ႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆို ေနၾကပါတယ္။ Xiaomi Mi A3 ဟာ Snapdragon 730, 4000mAh battery, Triple Camera Setup, In-display Fingerprint Sensor, OLED Display ေတြကို တပ္ဆင္အသုံးျပဳထားတယ္ဆိုၿပီး သတင္းေတြထြက္ေနတဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒါ့အျပင္ Triple Camera Setup မွာ 48MP Main Camera ကို တပ္ဆင္ထားၿပီး 13MP Ultra-wide + 8MP Telephoto Lens ေတြနဲ႔ တြဲဖက္ေပးထားတယ္လို႔ သိရပါတယ္။

Xiaomi Mi A3 ရဲ႕ တရားဝင္မိတ္ဆက္မယ့္ေန႔နဲ႔ ေစ်းႏႈန္းေတြကို အတိအက် မသိရေသးေပမယ့္ အိႏၵိယႏိုင္ငံမွာ မမိတ္ဆက္ခင္ တ႐ုတ္ႏိုင္ငံကို စတင္ဝင္ေရာက္လာႏိုင္ေၾကာင္း ခန႔္မွန္းေျပာဆိုမႈမ်ား ရွိေနပါတယ္။

Ref : GsmArena

[Unicode]

Snapdragon 730 အသုံးပြုထားမယ့် Xiaomi Mi A3 ကို မကြာခင် မြင်တွေ့နိုင်ဖွယ်ရှိ

Qualcomm နဲ့ Xiaomi တို့ဟာ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ဖို့အတွက် အစည်းအဝေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးပွဲ အောင်မြင်စွာ ပြီးဆုံးသွားတဲ့နောက်မှာတော့ Xiaomi ရဲ့ Global Vice President ဖြစ်သူ Manu Kumar Jain ဆီက Xiaomi အနေနဲ့ Snapdragon 730 ဒါမှမဟုတ် 730G အသုံးပြုထားတဲ့ စမတ်ဖုန်းကို မကြာခင်မိတ်ဆက်ဖို့ ရှိကြောင်း စကားသံထွက်လာပါတယ်။

Manu Kumar Jain က လွန်ခဲ့တဲ့ ၂ပတ်ခန့်က မိတ်ဆက်ခဲ့တဲ့ Snapdragon 7_ _ SoC အသုံးပြု Xiaomi စမတ်ဖုန်းဟာ မကြာခင် အိန္ဒိယကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း တွစ်တာမှာ အတည်အလင်း ကြေညာခဲ့ပါတယ်။ Jain က Processor ရဲ့ နာမည်ကို တိတိကျကျ ဖော်ပြထားခြင်း မရှိပေမယ့် 8nm အပေါ် အခြေခံပြီး တည်ဆောက်ထားတဲ့ Snapdragon 730 SoC ကို ရည်ညွှန်းပြောဆိုချင်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဆိုပါ SoC အသုံးပြုထားမယ့် စမတ်ဖုန်းရဲ့ နာမည်ကိုလည်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။

ကျွမ်းကျင်ပညာရှင် တချိူ့ကတော့ အဆိုပါ စမတ်ဖုန်းဟာ Xiaomi Mi A3 ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆို နေကြပါတယ်။ Xiaomi Mi A3 ဟာ Snapdragon 730, 4000mAh battery, Triple Camera Setup, In-display Fingerprint Sensor, OLED Display တွေကို တပ်ဆင်အသုံးပြုထားတယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် Triple Camera Setup မှာ 48MP Main Camera ကို တပ်ဆင်ထားပြီး 13MP Ultra-wide + 8MP Telephoto Lens တွေနဲ့ တွဲဖက်ပေးထားတယ်လို့ သိရပါတယ်။

Xiaomi Mi A3 ရဲ့ တရားဝင်မိတ်ဆက်မယ့်နေ့နဲ့ စျေးနှုန်းတွေကို အတိအကျ မသိရသေးပေမယ့် အိန္ဒိယနိုင်ငံမှာ မမိတ်ဆက်ခင် တရုတ်နိုင်ငံကို စတင်ဝင်ရောက်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေပါတယ်။

Ref : GsmArena