[Zawgyi]

Xiaomi ဟာ လူတန္းစားမ်ိဳးစံုအတြက္  စမတ္ဖုန္း ဘရန္းမ်ားစြာကို ေရာင္းခ်ေပးေနပါတယ္။ စြမ္းေဆာင္ရည္ျမင့္ Mi Series မ်ား၊ တန္ဖိုးနည္း Redmi Series မ်ားသာမက အရြယ္ႀကီး မ်က္ႏွာျပင္မ်ား ပါတဲ့ Mi Max Series နဲ႔ ဘက္ထရီ သက္တမ္း အရမ္းေကာင္းတဲ့ Mi  Note Series မ်ားကို ထုတ္လုပ္ထားပါတယ္။ ဒါ့အျပင္ CC Series အသစ္မ်ားကိုလည္း ထုတ္လုပ္ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။

အခုေတာ့ ကုမၸဏီရဲ႕ စီအီးအို လီဂြ်န္က ဒီႏွစ္ထဲမွာ Mi Max နဲ႔ Mi Note Series မ်ားကို ထုတ္လုပ္ေရာင္းခ်မွာ မဟုတ္ဘူးလို႔ တရုတ္ လူမႈကြန္ရက္ ၀ီဘိုကေန ေၾကညာလိုက္ပါတယ္။ စီအီးအိုက Mi 9 နဲ႔ Mi Mix စီးရီးမ်ားလို စြမ္းေဆာင္ရည္ျမင့္ ေမာ္ဒယ္မ်ားနဲ႔ အသစ္ထြက္မယ့္ CC Series မ်ားကိုသာ အဓိက အာရံုစိုက္မယ္လို႔ ေျပာပါတယ္။

မၾကာခင္က ေၾကညာထားတဲ့ Redmi K20 Series မ်ားက Mi Note Series မ်ားထက္ စြမ္းေဆာင္ရည္ အနည္းငယ္ ပိုမိုျမင့္မားပါတယ္။ စီအီးအိုက Max နဲ႔ Note Series မ်ားကို ေနာက္လံုး၀ မထုတ္ေတာ့ဘူးလို႔ေတာ့ မေျပာပါဘူး။ ဒါေပမယ့္ အနာဂတ္မွာ အဲဒီ စီးရီးမ်ားကို ဦးစားေပး ထုတ္လုပ္မွာေတာ့ မဟုတ္ေတာ့ပါဘူး။

Xiaomi က ၿပီးခဲ့တဲ့ ႏွစ္က Meitu စမတ္ဖုန္း ကုမၸဏီကို ၀ယ္ယူခဲ့ပါတယ္။ ကုမၸဏီႏွစ္ခုပူးေပါင္းၿပီး ထုတ္လုပ္မယ့္ ပထမဆံုး စမတ္ဖုန္းကို Xiaomi CC9 လို႔ အမည္ေပးထားပါတယ္။ သူ႔ရဲ႕ အရြယ္ေသး ေမာ္ဒယ္ကို CC9e လို႔ ေခၚမွာပါ။ မေန႔ကပဲ ေရွာင္မီက CC Series မ်ားအေၾကာင္းကို ရွင္းျပလိုက္ပါတယ္။ တကယ့္ စမတ္ဖုန္းမ်ားကိုေတာ့ ေၾကညာျခင္း မရွိေသးပါဘူး။

ေရွာင္မီရဲ႕ စီအီးအို ျဖစ္သူ လီဂြ်န္က CC Series မ်ားကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ ၿပီးခဲ့တဲ့ ရက္က ေျပာပါတယ္။ CC ရဲ႕ အရွည္က Colorful & Creative ျဖစ္ၿပီး Chic & Cool 90 Team က ဖန္တီးထားတာ ျဖစ္ပါတယ္။ CC9 မွာ Flip Camera ပါမယ္လို႔ သိရပါတယ္။ သူ႔ကို ေၾကညာမယ့္ အခ်ိန္ကို မသိရေသးပါဘူး။ CC9 မွာ 9 ဟာ ကုမၸဏီရဲ႕ သက္တမ္း ၉ ႏွစ္ကို ရည္ညႊန္းပါတယ္။   CC Series မ်ားကို အႏုပညာေက်ာင္းသားမ်ားက ဒီဇိုင္းထုတ္ထားတာ ျဖစ္ၿပီး လူငယ္မ်ားအတြက္ ရည္ရြယ္ဖန္တီးထားပါတယ္။

Ref : gsmarena

[Unicode]

မျိူးဆက်သစ် Mi Max နဲ့ Mi Note စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ အစီအစဥ်မရှိသေးတဲ့ Xiaomi

Xiaomi ဟာ လူတန်းစားမျိုးစုံအတွက် စမတ်ဖုန်း ဘရန်းများစွာကို ရောင်းချပေးနေပါတယ်။ စွမ်းဆောင်ရည်မြင့် Mi Series များ၊ တန်ဖိုးနည်း Redmi Series များသာမက အရွယ်ကြီး မျက်နှာပြင်များ ပါတဲ့ Mi Max Series နဲ့ ဘက်ထရီ သက်တမ်း အရမ်းကောင်းတဲ့ Mi Note Series များကို ထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် CC Series အသစ်များကိုလည်း ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။

အခုတော့ ကုမ္ပဏီရဲ့ စီအီးအို လီဂျွန်က ဒီနှစ်ထဲမှာ Mi Max နဲ့ Mi Note Series များကို ထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူးလို့ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ကြေညာလိုက်ပါတယ်။ စီအီးအိုက Mi 9 နဲ့ Mi Mix စီးရီးများလို စွမ်းဆောင်ရည်မြင့် မော်ဒယ်များနဲ့ အသစ်ထွက်မယ့် CC Series များကိုသာ အဓိက အာရုံစိုက်မယ်လို့ ပြောပါတယ်။


မကြာခင်က ကြေညာထားတဲ့ Redmi K20 Series များက Mi Note Series များထက် စွမ်းဆောင်ရည် အနည်းငယ် ပိုမိုမြင့်မားပါတယ်။ စီအီးအိုက Max နဲ့ Note Series များကို နောက်လုံး၀ မထုတ်တော့ဘူးလို့တော့ မပြောပါဘူး။ ဒါပေမယ့် အနာဂတ်မှာ အဲဒီ စီးရီးများကို ဦးစားပေး ထုတ်လုပ်မှာတော့ မဟုတ်တော့ပါဘူး။


Xiaomi က ပြီးခဲ့တဲ့ နှစ်က Meitu စမတ်ဖုန်း ကုမ္ပဏီကို ဝယ်ယူခဲ့ပါတယ်။ ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး ထုတ်လုပ်မယ့် ပထမဆုံး စမတ်ဖုန်းကို Xiaomi CC9 လို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ အရွယ်သေး မော်ဒယ်ကို CC9e လို့ ခေါ်မှာပါ။ မနေ့ကပဲ ရှောင်မီက CC Series များအကြောင်းကို ရှင်းပြလိုက်ပါတယ်။ တကယ့် စမတ်ဖုန်းများကိုတော့ ကြေညာခြင်း မရှိသေးပါဘူး။

ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လီဂျွန်က CC Series များကို ထုတ်လုပ်ရောင်းချမယ်လို့ ပြီးခဲ့တဲ့ ရက်က ပြောပါတယ်။ CC ရဲ့ အရှည်က Colorful & Creative ဖြစ်ပြီး Chic & Cool 90 Team က ဖန်တီးထားတာ ဖြစ်ပါတယ်။ CC9 မှာ Flip Camera ပါမယ်လို့ သိရပါတယ်။ သူ့ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ CC9 မှာ 9 ဟာ ကုမ္ပဏီရဲ့ သက်တမ်း ၉ နှစ်ကို ရည်ညွှန်းပါတယ်။ CC Series များကို အနုပညာကျောင်းသားများက ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး လူငယ်များအတွက် ရည်ရွယ်ဖန်တီးထားပါတယ်။

Ref : gsmarena