Xiaomi ကို စတင်တည်ထောင်ခဲ့တာ Lei Jun ဖြစ်ပြီး သူနဲ့အတူပူးတွဲတည်ထောင်သူ ၇ ယောက်ထဲမှာ အခုလက်ရှိဥက္ကဋ္ဌ Lin Bin လည်း ပါဝင်ပါတယ်။ ကျန်တဲ့ ၆ ယောက်ကတော့ Li Wanqiang, Zhou Guangping, Huang Jiangji, Liu De, Hong Feng နဲ့ Wang Chuan တို့ပဲ ဖြစ်ကြပါတယ်။

ဒီထဲကမှ Li Wanqiang, Zhou Guangping နဲ့ Huang Jiangji တို့က Xiaomi ကနေ နုတ်ထွက်ခဲ့ကြပါတယ်။ သိပ်မကြာခင်ကလည်း လက်ရှိ ဥက္ကဋ္ဌ ဖြစ်တဲ့ Lin Bin တစ်ယောက် ထပ်ပြီး နုတ်ထွက်ဖို့ စီစဉ်နေကြောင်း ကောလာဟလထွက်လာပါတယ်။ အချို့သတင်းတွေမှာလည်း Lin Bin ရဲ့ လက်အောက်လူအချို့ကလည်း ရာထူးက နုတ်ထွက်ခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။

Lin Bin ဟာ ဒီနှစ်အစပိုင်းကတည်းက Xiaomi Youpin Technology Co., Ltd, Beijing Xiaomi Electronic Products Co., Ltd, Beijing Xiaomi Software Technology Co., Ltd., Shenzhen Xiaomi information Technology Co., Ltd စတဲ့ Xiaomi ရဲ့ ကုမ္ပဏီတွေမှာ ရှိနေတဲ့ ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မကြာခင်အချိန်အတွင်း Xiaomi လုပ်ငန်းစုကြီးဆီကနေလည်း နုတ်ထွက်မယ့် လက္ခဏာဖြစ်တယ်လို့ ခန့်မှန်းနေကြတာပါ။

Xiaomi ကတော့ Lin Bin နုတ်ထွက်မယ်လို့ ရေးသားဖော်ပြနေကြတာတွေဟာ ထင်မြင်ချက်သာဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။ ကုမ္ပဏီအခြေအနေကို ကြည့်ရင်လည်း ထုတ်လုပ်မှုပိုင်းနဲ့ ကူးသန်းရောင်းဝယ်ရေးပိုင်း အပြောင်းအလဲတွေကလည်း ပုံမှန်အတိုင်းပဲ ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ ဒါပေမယ့်လည်း Xiaomi ရဲ့ “ဈေးကွက်ရှာဖွေရေးဖခင်” အဖြစ်လူသိများတဲ့ Li Wanqiang တုန်းကလည်း နိုဝင်ဘာ ၁၉ ရက်နေ့မှာ Xiaomi နေ နုတ်ထွက်မသွားခင် လက်အောက်ခံကုမ္ပဏီလေးတွေရဲ့ ရာထူးတွေကနေ နုတ်ထွက်ခဲ့ဖူးတာကြောင့် Lin Bin အနေနဲ့လည်း ဒီအတိုင်းပဲ ဖြစ်လာနိုင်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေရတာ ဖြစ်ပါတယ်။

Ref: Gizmochina