Xiaomi ဟာ လက်ရှိအချိန်မှာ Mi Surface Curved Gaming Monitor အပြင် Mi 1A နဲ့ Redmi 1A ဆိုပြီး Monitor တွေကို ရောင်းချနေပြီဖြစ်ပါတယ်။ အခုလည်းနောက်ထပ် Gaming အတွက် ရည်ရွယ်ထားမယ့် Monitor အသစ်ကိုရောင်းချသွားတော့မှာပါ။

အဆိုပါ Monitor ကိုတော့ Fast LCD Monitor လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ အဆိုပါ Mi Fast LCD Monitor ဟာ 24.5″ IPS Display ကို အသုံးပြုထားပြီးတော့ Refresh Rate အနေနဲ့ 144Hz အထိ Support ပြုလုပ်နိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ Mi Fast LCD Monitor အသစ်ဟာ 95% DCI-P3 Color Gamut ကို Support ပြုလုပ်နိုင်တဲ့အပြင် HDR400 Certified လည်းဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Gamer တွေတင်မဟုတ်ဘဲ Content Creation ပိုင်းနဲ့ Media ပိုင်းအသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ တခြားသော Feature တွေအနေနဲ့ 2ms Response Time နဲ့ Adaptive Sync နည်းပညာတွေပါဝင်မှာပါ။

ယခု Mi Fast LCD Monitor ဟာ Full HD Resolution ကိုပဲ ရရှိမှာဖြစ်ပေမယ့် စျေးနှုန်းအနေနဲ့ ၉၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၉ သောင်းဝန်းကျင်) ပဲကျသင့်မှာဖြစ်တဲ့အတွက် တော်တော်လေးကို ပေးရတဲ့စျေးနဲ့တန်တဲ့ စွမ်းဆောင်ရည်ကို ရရှိမှာပါ။ Ports တွေအနေနဲ့ကတော့ HDMI 2.0 ၂ ပေါက် ၊ DisplayPort 1.2 ၊ Headphone Jack နဲ့ DC Power Input တွေပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် စျေးသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့ 144Hz Monitor တစ်ခုကို ရှာနေတယ်ဆိုရင် ဒီ Xiaomi ရဲ့ Fast LCD Monitor အသစ်က အဆင်ပြေနိုင်မှာပါ။

Ref – Gizmo China