Xiaomi ဟာ ယခုနှစ်အတွင်းမှာ ပထမဆုံးသော EV (လျှပ်စစ်ကား) ကို မိတ်ဆက်ဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒီအတွက် CEO Lei Jun ကိုယ်တိုင် လမ်းမပေါ်မှာ အဆိုပါ Xiaomi EV တွေကို စမ်းသပ်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

Xiaomi ကနေ လမ်းမပေါ်မှာပြုလုပ်တဲ့စမ်းသပ်မှုတွေဟာ ကားပုံစံကို သေချာမသိရအောင် အပေါ်ကနေ စတစ်ကာတွေအုပ်ထားပြီးမှ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်သတ္တပါတ်ပိုင်းတုန်းက Xiaomi EV ကားဖြစ်တဲ့ Model MS11 ရဲ့ ဒီဇိုင်းဓါတ်ပုံတွေ ပေါက်ကြားလာခဲ့ပါတယ်။

အဆိုပါဒီဇိုင်းတွေက Beijing Molding Tecnology Co. Ltd ကနေတစ်ဆင့် ပေါက်ကြားခဲ့တာဖြစ်တယ်လို့ သိရပြီး အခုအချိန်မှာ Xiaomi ကနေ ဒီလိုမျိုး ဒီဇိုင်းပေါက်ကြားမှုအတွက် အလျော်တောင်းနေပြီဖြစ်ပါတယ်။ Xiaomi က အလျော်တောင်းတဲ့ပမာဏဟာ တရုတ်ယွမ်ငွေ ၁ သန်းဖြစ်ပြီး မြန်မာငွေကျပ် သိန်း ၄ ထောင်ကျော် တန်ကြေးရှိမှာဖြစ်ပါတယ်။

Beijing Molding Technology Co. Ltd ကုမ္ပဏီဘက်က ဖြေရှင်းချက်အရ အခုလိုမျိုး ဒီဇိုင်းပေါက်ကြားမှုဟာ သူတို့ကုမ္ပဏီကနေ တိုက်ရိုက်ပေါက်ကြားခဲ့တာမဟုတ်ဘဲ တစ်ဆင့် Sub-vendor တွေကနေတစ်ဆင့် ပေါက်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Xiaomi နဲ့ Beijing Molding Technology ကုမ္ပဏီတို့အကြား လျှို့ဝှက်မှုအတွက် သဘောတူညီကြောင်း စာချူပ်မှာလက်မှတ်ထိုးတာကြောင့် Xiaomi ကို ယွမ် ၁ သန်းပေးရဖို့ သေချာသလောက်ဖြစ်နေပါတယ်။

Xiaomi က အခုလိုမျိုး လျော်ကြေးအပြင် နောက်ပိုင်းမှာ အလားတူသတင်းပေါက်ကြားမှုမရှိစေဖို့အတွက် လက်ရှိလုံခြုံရေးစနစ်ကို အဆင့်မြှင့်တင်ဖို့နဲ့ ဘယ်လိုမျိုး အဆင့်မြှင့်တင်သွားမလဲဆိုတာကို အသေးစိတ်အသိပေးသွားဖို့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Ref – Gizmo China