[Zawgyi]

Xiaomi Redmi GO လို႔ ေလာေလာဆယ္ အမည္ေပးထားတဲ့ ဟန္းဆက္ဟာ ေမာ္ဒယ္နံပါတ္ M1903C3GG နဲ႔ စင္ကာပူ IMDA အတည္ျပဳခ်က္ကို ရရွိခဲ့ပါတယ္။ အဆုိပါ M1903C3GG ဟန္းဆက္ဟာ အေမရိကန္နဲ႔ ႐ုရွားတုိ႔မွာလည္း ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက အတည္ျပဳခ်က္ရရွိခဲ့ၿပီး ျဖစ္ေပမယ့္ Redmi GO ဆုိတဲ့ အမည္ကုိေတာ့ ဒီေန႔မွ စေတြ႕ခဲ့ရတာပါ။

အဆုိပါဖုန္းအတြက္ IMDA အတည္ျပဳခ်က္မွာ စမတ္ဖုန္းရဲ႕ Specs အခ်ဳိ႕ကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ Redmi GO ဖုန္းဟာ တရုတ္အေျခစုိက္ ထုတ္လုပ္သူ Xiaomi အတြက္ေတာ့ ပထမဆုံး Android GO စမတ္ဖုန္း ျဖစ္လာမွာပါ။ FCC အတည္ျပဳခ်က္မွာ ဒီစမတ္ဖုန္းမွာ Dual-SIM ဝန္ေဆာင္မႈ ပါဝင္တာကို ျမင္ခဲ့ရၿပီး 2.4GHz Wi-Fi နဲ႔ Bluetooth 4.2 တုိ႔ကို ေထာက္ပံ့ေပးမယ့္ ဟန္းဆက္ဟာ High-end ထုတ္ကုန္တစ္ခုေတာ့ မဟုတ္တာ အေသအခ်ာပါပဲ။

စမတ္ဖုန္းရဲ႕ အတုိင္းအတာဟာ 141 x 71 mm ရွိမယ္လို႔ ေဖာ္ျပလာၿပီး ေထာင့္ျဖတ္အလ်ားက 150 mm ရွိတဲ့အတြက္ Screen အက်ယ္ဟာ 5.9” လက္မ ျဖစ္မယ္လို႔ ခန္႔မွန္းရတယ္။ တကယ္လို႔ Android Go စမတ္ဖုန္း ျဖစ္တယ္ဆုိရင္ RAM မန္မုိရီကို 1GB သာအသုံးျပဳမွာျဖစ္ၿပီး 18:9 ျမင္ကြင္းအခ်ဳိး ပါဝင္လာမွာပါ။ ေက်ာဘက္မွာ အဓိက ကင္မရာကလည္း တစ္လုံးတည္းသာ ပါဝင္လာဖို႔ရွိတယ္။ အျခားအခ်က္အလက္ေတြနဲ႔ ေစ်းႏႈန္းကိုေတာ့ မသိရေသးပါဘူး။

ေစ်းကြက္ဦးေဆာင္ စမတ္ဖုန္းထုတ္လုပ္သူေတြ ျဖစ္တဲ့ Samsung နဲ႔ Huawei တုိ႔ဟာ Android GO ဖုန္းေတြကို အသီးသီး ထုတ္လုပ္ခဲ့ၿပီးပါၿပီ။ Xiaomi ဟာ Android GO စမတ္ဖုန္း မထုတ္လုပ္ရေသးတဲ့ ကုမၸဏီ ေတြထဲက တစ္ခုျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္ မတ္လမွာ Xiaomi ဟာ ဥေရာပေစ်းကြက္အတြက္ ယူရုိတစ္ရာဝန္းက်င္ Android GO ဖုန္းတစ္လုံးကို ထုတ္လုပ္မယ္လို႔ သတင္းထြက္ခဲ့တာပါ။ ဒါေပမယ့္ အခုမွ Redmi GO ကို စျမင္ရၿပီး ၂၀၁၉ ပထမ သုံးလပတ္မွာ ေစ်းကြက္ထဲ ဝင္ေရာက္လာမယ္လို႔ ခန္႔မွန္းရပါတယ္။

Ref – Nashville

[Unicode]

Xiaomi Redmi GO လို့ လောလောဆယ် အမည်ပေးထားတဲ့ ဟန်းဆက်ဟာ မော်ဒယ်နံပါတ် M1903C3GG နဲ့ စင်ကာပူ IMDA အတည်ပြုချက်ကို ရရှိခဲ့ပါတယ်။ အဆိုပါ M1903C3GG ဟန်းဆက်ဟာ အမေရိကန်နဲ့ ရုရှားတို့မှာလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက အတည်ပြုချက်ရရှိခဲ့ပြီး ဖြစ်ပေမယ့် Redmi GO ဆိုတဲ့ အမည်ကိုတော့ ဒီနေ့မှ စတွေ့ခဲ့ရတာပါ။

အဆိုပါဖုန်းအတွက် IMDA အတည်ပြုချက်မှာ စမတ်ဖုန်းရဲ့ Specs အချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Redmi GO ဖုန်းဟာ တရုတ်အခြေစိုက် ထုတ်လုပ်သူ Xiaomi အတွက်တော့ ပထမဆုံး Android GO စမတ်ဖုန်း ဖြစ်လာမှာပါ။ FCC အတည်ပြုချက်မှာ ဒီစမတ်ဖုန်းမှာ Dual-SIM ဝန်ဆောင်မှု ပါဝင်တာကို မြင်ခဲ့ရပြီး 2.4GHz Wi-Fi နဲ့ Bluetooth 4.2 တို့ကို ထောက်ပံ့ပေးမယ့် ဟန်းဆက်ဟာ High-end ထုတ်ကုန်တစ်ခုတော့ မဟုတ်တာ အသေအချာပါပဲ။

စမတ်ဖုန်းရဲ့ အတိုင်းအတာဟာ 141 x 71 mm ရှိမယ်လို့ ဖော်ပြလာပြီး ထောင့်ဖြတ်အလျားက 150 mm ရှိတဲ့အတွက် Screen အကျယ်ဟာ 5.9” လက်မ ဖြစ်မယ်လို့ ခန့်မှန်းရတယ်။ တကယ်လို့ Android Go စမတ်ဖုန်း ဖြစ်တယ်ဆိုရင် RAM မန်မိုရီကို 1GB သာအသုံးပြုမှာဖြစ်ပြီး 18:9 မြင်ကွင်းအချိုး ပါဝင်လာမှာပါ။ ကျောဘက်မှာ အဓိက ကင်မရာကလည်း တစ်လုံးတည်းသာ ပါဝင်လာဖို့ရှိတယ်။ အခြားအချက်အလက်တွေနဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

ဈေးကွက်ဦးဆောင် စမတ်ဖုန်းထုတ်လုပ်သူတွေ ဖြစ်တဲ့ Samsung နဲ့ Huawei တို့ဟာ Android GO ဖုန်းတွေကို အသီးသီး ထုတ်လုပ်ခဲ့ပြီးပါပြီ။ Xiaomi ဟာ Android GO စမတ်ဖုန်း မထုတ်လုပ်ရသေးတဲ့ ကုမ္ပဏီ တွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လမှာ Xiaomi ဟာ ဥရောပဈေးကွက်အတွက် ယူရိုတစ်ရာဝန်းကျင် Android GO ဖုန်းတစ်လုံးကို ထုတ်လုပ်မယ်လို့ သတင်းထွက်ခဲ့တာပါ။ ဒါပေမယ့် အခုမှ Redmi GO ကို စမြင်ရပြီး ၂၀၁၉ ပထမ သုံးလပတ်မှာ ဈေးကွက်ထဲ ဝင်ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Nashville