Xiaomi ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ဂရုစိုက်ကာကွယ်စောင့်ရှောက်ဖို့ ဆုံးဖြတ်ထားကြောင်းကို Logo နဲ့ ပြသခဲ့ပါတယ်။ “Xiaomi Privacy Brand” ကို မိတ်ဆက်ပြီးတဲ့နောက် ဒီအမှတ်တံဆိပ်ဟာ အနာဂတ်မှာ အသုံးပြုသူတွေရဲ့ အချက်အလက်ကို ကာကွယ်စောင့်ရှောက်မယ်လို့ ကတိကဝတ်ပြုတာဖြစ်ကြောင်းလည်း ကုမ္ပဏီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Xioami ဟာ MIUI interface မှာ အသုံးပြုသူရဲ့ သီးသန့်တည်ရှိမှုနဲ့၊ လုံခြုံရေးကို တိုးတက်အောင် ပြုပြင်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်အခြေစိုက်ကုမ္ပဏီဟာ MACE (Mobile AI Compute Engine) ရဲ့ Framework ကို ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခဲ့ပါတယ်။ အသုံးပြုသူရဲ့ အချက်အလက်ကို Cloud ပေါ်တင်ဖို့မလိုဘဲ Offline computing အနေနဲ့ Mobile terminal မှာပဲ လုပ်ကိုင်လို့ရကြောင်း သိရပါတယ်။ ဒီ Offline model technology ကတစ်ဆင့် Privacy ကို တိုးမြှင့်နိုင်တာလို့ ဆိုပါတယ်။

Privacy ကို အပြည့်အဝကာကွယ်ဖို့အတွက် Xiaomi ဟာ အ ချက်ခြောက်ချက်ကို ချမှတ်ထားပါတယ်။ အဲဒါတွေကတော့ ပွင့်လင်းမြင်သာမှုရှိတာ၊ အချက်အလက်တွေကို နည်းနိုင်သမျှနည်းစေတာ၊ ရည်ရွယ်ချက်ကို ကန့်သတ်ထားတာ။ လုံခြုံရေးကာကွယ်မှုရှိတာ၊ လိုက်နာမှုတွေအပေါ် ပြန်သုံးသပ်တာ၊ ရှင်းလင်းတဲ့ တာဝန်ခံယူမှု စတဲ့ အချက်တွေလို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ Xaiomi ဟာ Privacy protection algorithm အတွက် “differential privacy” ကို အသုံးပြုခဲ့ပါတယ်။ ဒါဟာ အချက်အလက်တွေကို အများကြားမျှဝေရာမှာ အုပ်စုလိုက် ခွဲခြားပြီး ဖော်ပြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ပွင့်လင်းမြင်သာတယ်လို့ ယူဆနိုင်ပါတယ်။

Ref: Gizmochina