မကြာခင်က Xiaomi ရဲ့ Investor Day မှာ ကုမ္ပဏီက ထုတ်မယ့် လျှပ်စစ်ကားနဲ့ ပတ်သက်တဲ့စိတ်ဝင်စားစရာ သတင်းတွေ ထွက်လာပါတယ်။ CEO Lei Jun က သူ့ရဲ့ အချိန်နဲ့ စွမ်းအင် တစ်ဝက်လောက်ကို လျှပ်စစ်ကား ဌာနအတွက် မြှပ်နှံထားတယ်လို့ ပြောပါတယ်။

Xiaomi Electric Car

Xiaomi ကား ဌာနရဲ့ သုတေသနဌာနခွဲမှာ အဖွဲ့ဝင် ၂,၃၀၀ ကျော် အထိ တိုးမြင့်လာပြီ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ကွာတား ၁ (ပထမ ၃ လ)အတွင်း ကား အမြောက်အများထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ သူတို့ရဲ့ ကား စီမံကိန်းဟာ မျှော်မှန်းထားတာထက် တိုးတက်နေပြီး အရင်နှစ် စက်တင်ဘာလက စတင်ကာ စမ်းသပ်မောင်းနှင်နေပြီ ဖြစ်ပါတယ်။

First electric car from Xiaomi will be a 4-door sedan with LiDAR - ArenaEV news

Lei Jun က Xiaomi ရဲ့ အနာဂတ် ကားတွေမှာ မောင်းသူမဲ့ နည်းပညာဟာ မရှိမဖြစ် အရေးပါလာမယ်လို့ ပြောပါတယ်။ ကား အစီးရေ ၁၄၀ ကျော်ရဲ့ မောင်းသူမဲ့ ကားနည်းပညာကို တရုတ် ၁ နိုင်ငံလုံးမှာ စမ်းသပ်မှာ ဖြစ်ပါတယ်။ Xiaomi က ၂၀၂၄ ခုနှစ်မှာ လျှပ်စစ်ကား  နယ်ပယ်ကို ဦးဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

Xiaomi ဟာ သုတေသနဌာနပါတဲ့ ကားထုတ်လုပ်တဲ့ စက်ရုံကို တရုတ်နိုင်ငံ ဘေဂျင်းက Yizhuang မှာ တည်ထောင်ထားပြီး ၁ နှစ်ကို ကား အစီးရေ ၃၀၀,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ ၂၀၂၄ ခုနှစ်မှာ အဲဒီစက်ရုံကနေ လျှပ်စစ်ကား အမြောက်အများထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

Ref : gizmochina