Xiaomi ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက တရုတ်နိုင်ငံစျေးကွက်အတွက် Redmi Note 9 Series ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Redmi Note 9 Series ဖုန်းတွေကို တခြားသော နာမည်တွေနဲ့ Global Version အနေနဲ့ ပြောင်းလဲပြီးမိတ်ဆက်နေပြီဖြစ်ပါတယ်။

China မှာ ရောင်းချနေတဲ့ Redmi Note 9 Pro 5G နာမည်နဲ့ဖုန်းကိုလည်း India စျေးကွက်အတွက် Mi 10i နာမည်နဲ့ ပြောင်းလဲမိတ်ဆက်ခဲ့သလို အခုလည်း China မှာ Redmi Note 9 5G ဖုန်းကို Global စျေးကွက်အတွက် Redmi Note 9T 5G ဆိုပြီး မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Camera ပိုင်းမှာတော့ အနည်းငယ်ကွာခြားမယ်လို့ သိရပါတယ်။

Specification အနေနဲ့ကတော့ Redmi Note 9T 5G ဖုန်းဟာ MediaTek Dimensity 800U Chipset ၊ RAM 6GB ကိုမှ Storage အနေနဲ့ 64GB သို့မဟုတ် 128GB ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ Display အနေနဲ့လည်း 6.53″ Full HD+ IPS Panel ကိုမှ 13MP Selfie Camera ကို Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားမှာပါ။

Camera အနေနဲ့ကတော့ Triple Camera ပဲဖြစ်သွားပြီး 48MP Primary Sensor အပြင် 2MP Macro Sensor နဲ့ 2MP Depth Sensor တွေပဲ ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် China Version ဖြစ်တဲ့ Redmi Note 9 5G လိုမျိုးတော့ Ultrawide Sensor ပါဝင်မှာမဟုတ်တော့ပါဘူး။

Battery အနေနဲ့ 5000mAh Battery ကို 18W Fast Charging ပါဝင်မှာဖြစ်ပြီး Splash-roof ၊ Dual Speaker တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ အရောင်အနေနဲ့ကတော့ Daybreak Purple နဲ့ Nightfall Black ဆိုပြီး ၂ ရောင်ရရှိမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ 64GB ကို €229 (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) နဲ့ 128GB Version ကိုတော့ €269 (မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – GSM Arena