[Zawgyi]

Xiaomi ရဲ႕ ကုမၸဏီခြဲ Redmi ဟာ စမတ္ဖုန္း ေစ်းကြက္မွာ ေအာင္ျမင္ေနၿပီး ေရာင္းအား အလန္းဆံုးကေတာ့ Redmi Note Series ျဖစ္ပါတယ္။ အခုေတာ့ Xiaomi က Redmi Note Devices ေတြကို စတင္ ေရာင္းခ်ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ ကမာၻအ၀န္းမွာ အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့ၿပီလို႔ ေၾကညာလိုက္ပါတယ္။

ဒီႏွစ္ မတ္လကုန္မွာ Redmi Note 7 Series ေတြ အလံုးေရ  ၄ သန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တဲ့ စံခ်ိန္ တင္ခဲ့ဖူးပါတယ္။ ဇူလိုင္လမွာေတာ့ ၁၅ သန္းအထိ ေရာင္းအားတက္သြားခဲ့ပါတယ္။ ဒီရက္ပိုင္းထဲမွာပဲ အလံုးေရ သန္း ၂၀ အထိ ရွိလာပါတယ္။ Redmi Note 7 နဲ႔ Note 7 Pro ဟာ လူႀကိဳက္အမ်ားဆံုး Redmi Note Phones ေတြ ျဖစ္ႏုိင္ပါတယ္။ Redmi Note 6 Pro ဟာလည္း ၂၀၁၈ ခုႏွစ္ ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအတြင္းမွာ ေရာင္းအား ေတာ္ေတာ္ လန္းခဲ့ပါတယ္။

Redmi Note Series ေတြရဲ႕ ေနာက္ဆံုးထုတ္က Redmi Note 8 နဲ႔ Redmi Note 8 Pro ျဖစ္ပါတယ္။ တရုတ္မွာ အဲဒီ ဖုန္းေတြကို စက္တင္ဘာလ အေစာပိုင္းမွာ စတင္ ေရာင္းခ်ေပးခဲ့ၿပီး ပထမဆံုးရက္မွာပဲ အလံုးေရ ၃ သိန္းေက်ာ္ ေရာင္းခ်ေပးႏုိင္ခဲ့တယ္လို႔ ကုမၸဏီက ေၾကညာလိုက္ပါတယ္။ ေရာင္းေပးထားတာ သိပ္မၾကာေသးတဲ့ အတြက္ ေနာက္ပိုင္းမွာ Redmi Note 8 Series ေတြရဲ႕ ေရာင္းအားဟာ အရမ္းကို လန္းလာႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Redmi Note Devices ပေါင်း သန်း ၁၀၀ ကျော် ရောင်းချနိုင်ပြီ ဖြစ်တဲ့ Xiaomi

Xiaomi ရဲ့ ကုမ္ပဏီခွဲ Redmi ဟာ စမတ်ဖုန်း ဈေးကွက်မှာ အောင်မြင်နေပြီး ရောင်းအား အလန်းဆုံးကတော့ Redmi Note Series ဖြစ်ပါတယ်။ အခုတော့ Xiaomi က Redmi Note Devices တွေကို စတင် ရောင်းချခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကမ္ဘာအဝန်းမှာ အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။

ဒီနှစ် မတ်လကုန်မှာ Redmi Note 7 Series တွေ အလုံးရေ ၄ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ စံချိန် တင်ခဲ့ဖူးပါတယ်။ ဇူလိုင်လမှာတော့ ၁၅ သန်းအထိ ရောင်းအားတက်သွားခဲ့ပါတယ်။ ဒီရက်ပိုင်းထဲမှာပဲ အလုံးရေ သန်း ၂၀ အထိ ရှိလာပါတယ်။ Redmi Note 7 နဲ့ Note 7 Pro ဟာ လူကြိုက်အများဆုံး Redmi Note Phones တွေ ဖြစ်နိုင်ပါတယ်။ Redmi Note 6 Pro ဟာလည်း ၂၀၁၈ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ ရောင်းအား တော်တော် လန်းခဲ့ပါတယ်။

Redmi Note Series တွေရဲ့ နောက်ဆုံးထုတ်က Redmi Note 8 နဲ့ Redmi Note 8 Pro ဖြစ်ပါတယ်။ တရုတ်မှာ အဲဒီ ဖုန်းတွေကို စက်တင်ဘာလ အစောပိုင်းမှာ စတင် ရောင်းချပေးခဲ့ပြီး ပထမဆုံးရက်မှာပဲ အလုံးရေ ၃ သိန်းကျော် ရောင်းချပေးနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ရောင်းပေးထားတာ သိပ်မကြာသေးတဲ့ အတွက် နောက်ပိုင်းမှာ Redmi Note 8 Series တွေရဲ့ ရောင်းအားဟာ အရမ်းကို လန်းလာနိုင်ပါတယ်။

Ref : gsmarena