[Zawgyi]

Xiaomi ဟာ စြမ္းရည္သင့္ ဖုန္းနယ္ပယ္မွာ OPPO , Vivo တို႔နဲ႔ ယွဥ္ၿပိဳင္ေနၿပီး ေဈးခ်ိဳတဲ့ Redmi Series ေတြနဲ႔ ေအာင္ျမင္ေနပါတယ္။

အခုေတာ့ Redmi က Note 7 Series ေတြကို ၇ လအတြင္းမွာ အလံုးေရ သန္း ၂၀ ေရာင္းခ်ထားႏိုင္ၿပီလို႔ ၀ီဘိုမွာ ေၾကညာလိုက္ပါတယ္။ ဒီေရာင္းအားဟာ တရုတ္ ႏိုင္ငံ ၁ ခုထဲမွာ မဟုတ္ဘဲ တစ္ကမာၻလံုးမွာ ေရာင္းခ်ထားတဲ့ ပမာဏ ျဖစ္ပါတယ္။ ေမလအထိ Redmi Note 7 Series ေတြကို အလံုးေရ ၁၀ သန္းေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ အိႏၵိယမွာလည္း ၾသဂုတ္လ အေစာပိုင္းအထိ အလံုးေရ ၅ သန္းေက်ာ္ ေရာင္းခဲ့ရပါတယ္။

မေန႔က တင္ထားတဲ့ ၀ီဘိုက ပိုစတာမွာ ကုမၸဏီက Redmi Note 7 Series ေတြကို ၀ယ္ယူထားတဲ့ သံုးစြဲသူ သန္း ၂၀ ကို ေက်းဇူးတင္ေၾကာင္းေျပာထားၿပီး Redmi Note 8 လာေတာ့မယ္ဆိုတာကို အရိပ္အျမြက္ေျပာထားပါတယ္။ ဒါ့အျပင္ ပို႔စ္မွာ “ See you tomorrow.” လို႔ ေရးထားတဲ့ အတြက္ ဒီေန႔မွာ Redmi Note 8 နဲ႔ ပတ္သက္ၿပီး တစ္ခုခု ေျပာမယ္လို႔ ထင္ပါတယ္။ Redmi Note 8 ကို ေၾကညာမယ့္ ေန႔ကို ေျပာၾကားႏုိင္ပါတယ္။ စီအီးအို လီဂြ်န္က ဒီလ ၂၉ ရက္မွာ အဲဒီဖုန္းကို ေၾကညာမယ္လို႔ ေျပာထားၿပီးၿပီ ျဖစ္ေပမယ့္ ဒီေန႔မွာေတာ့ ကုမၸဏီက တရား၀င္ ေျပာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

၇ လအတွင်းမှာ အလုံးရေ သန်း ၂၀ ရောင်းချထားနိုင်တဲ့ Redmi Note 7 Series

Xiaomi ဟာ စွမ်းရည်သင့် ဖုန်းနယ်ပယ်မှာ OPPO , Vivo တို့နဲ့ ယှဉ်ပြိုင်နေပြီး ဈေးချိုတဲ့ Redmi Series တွေနဲ့ အောင်မြင်နေပါတယ်။

အခုတော့ Redmi က Note 7 Series တွေကို ၇ လအတွင်းမှာ အလုံးရေ သန်း ၂၀ ရောင်းချထားနိုင်ပြီလို့ ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ ဒီရောင်းအားဟာ တရုတ် နိုင်ငံ ၁ ခုထဲမှာ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ရောင်းချထားတဲ့ ပမာဏ ဖြစ်ပါတယ်။ မေလအထိ Redmi Note 7 Series တွေကို အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ အိန္ဒိယမှာလည်း သြဂုတ်လ အစောပိုင်းအထိ အလုံးရေ ၅ သန်းကျော် ရောင်းခဲ့ရပါတယ်။

မနေ့က တင်ထားတဲ့ ဝီဘိုက ပိုစတာမှာ ကုမ္ပဏီက Redmi Note 7 Series တွေကို ဝယ်ယူထားတဲ့ သုံးစွဲသူ သန်း ၂၀ ကို ကျေးဇူးတင်ကြောင်းပြောထားပြီး Redmi Note 8 လာတော့မယ်ဆိုတာကို အရိပ်အမြွက်ပြောထားပါတယ်။ ဒါ့အပြင် ပို့စ်မှာ “ See you tomorrow.” လို့ ရေးထားတဲ့ အတွက် ဒီနေ့မှာ Redmi Note 8 နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောမယ်လို့ ထင်ပါတယ်။ Redmi Note 8 ကို ကြေညာမယ့် နေ့ကို ပြောကြားနိုင်ပါတယ်။ စီအီးအို လီဂျွန်က ဒီလ ၂၉ ရက်မှာ အဲဒီဖုန်းကို ကြေညာမယ်လို့ ပြောထားပြီးပြီ ဖြစ်ပေမယ့် ဒီနေ့မှာတော့ ကုမ္ပဏီက တရားဝင် ပြောနိုင်ပါတယ်။

Ref : gizmochina