[Zawgyi]

ၿပီးခဲ့တဲ့ လက အိႏၵိယမွာ အြန္လိုင္းစတိုးမ်ားစြာက ေစ်းေရာင္းပြဲေတာ္ေတြကို အၿပိဳင္အဆိုင္ က်င္းပခဲ့ၾကပါတယ္။ အလန္းစား ေလွ်ာ့ေစ်းေတြကို ေပးခဲ့ၾကတဲ့အတြက္ ေရာင္းအားေတြ အရမ္းမိုက္ခဲ့ပါတယ္။ Flipkart ရဲ႕ Big Billion Days Sale ကေန Amazon ရဲ႕ Great Indian Festival နဲ႔ Xiaomi ရဲ႕ Diwali အထိ ေစ်းေရာင္းပြဲေတာ္မ်ားစြာ ျပဳလုပ္ေပးခဲ့ပါတယ္။ အခုေတာ့ Xiaomi က စက္တင္ဘာလ ၂၈ ရက္ကေန ေအာက္တိုဘာလ ၂၉ ရက္ေန႔အထိ Device ေပါင္း ၁၂ သန္းေရာင္းခ်ႏိုင္ခဲ့တယ္လို႔ ေၾကညာလိုက္ပါတယ္။ အဲဒီထဲက ၈.၅ သန္းက စမတ္ဖုန္းေတြ ျဖစ္ပါတယ္။

Redmi Note 7 Series ေတြက ေရာင္းအား အလန္းဆံုးပါ။ Mi TV ေပါင္း ၆၀၀,၀၀၀ ေက်ာ္နဲ႔ Mi Ecosystem Product ေပါင္း ၃ သန္းေက်ာ္ေရာင္းခ်ႏိုင္ခဲ့ပါတယ္။ Flipkart နဲ႔ Amazon မွာ Mi TV ဟာ နံပါတ္ ၁ ေရာင္းအား အေကာင္းဆံုး ျဖစ္ခဲ့ပါတယ္။ Amazon India ရဲ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း ၁၀ လံုးမွာ ၉ လံုးဟာ Xiaomi ရဲ႕ စမတ္ဖုန္းေတြ ျဖစ္ပါတယ္။

အရင္ႏွစ္နဲ႔ယွဥ္ရင္ Xiaomi ဟာ ဒီႏွစ္မွာ ေရာင္းအား ၄၀ ရာခုိင္ႏႈန္း တိုးတက္လာပါတယ္။ ပြဲေတာ္ကာလအတြင္း ေရာင္းခ်ရတဲ့ စမတ္ဖုန္း အလံုးေရ ၈.၅ သန္းဟာ အိႏၵိယမွာ တျခား ကုမၸဏီေတြထက္ အမ်ားဆံုး ျဖစ္လာၿပီး  အရင္ႏွစ္ကထက္ ၃၇ ရာခုိင္ႏႈန္း ျမင့္မားလာတာပါ။ Mi TV ေတြကလည္း အရင္ႏွစ္ထက္ ၄၇ ရာခုိင္ႏႈန္းနဲ႔ Ecosystem Products ေတြက ၄၂ ရာခုိင္ႏႈန္း ေရာင္းအား လန္းလာပါတယ္။

Counterpoint Research က ဒီႏွစ္ တတိယကြာတား ျဖစ္တဲ့ ဇူလိုင္လကေန စက္တင္ဘာလအတြင္းမွာ Xiaomi ဟာ အိႏၵိယမွာ စမတ္ဖုန္း ေရာင္းအားအေကာင္းဆံုးျဖစ္တယ္လို႔ မေန႔ကပဲ ေၾကညာခဲ့ပါတယ္။ Xiaomi ဟာ အိႏၵိယမွာ ေစ်းကြက္ေ၀စု ၂၆ ရာခုိင္ႏႈန္းနဲ႔ နံပါတ္ ၁ ေနရာမွာ ရပ္တည္ေနၿပီး သူ႔ရဲ႕ေနာက္မွာ Samsung နဲ႔ Vivo တို႔က ၂၀ နဲ႔ ၁၇ ရာခုိင္ႏႈန္းေတြနဲ႔ အသီးသီး ရပ္တည္ေနပါတယ္။

Ref : gizmochina

[Unicode]

အိန္ဒိယမှာ ပွဲတော်ကာလအတွင်း Device ပေါင်း ၁၂ သန်းရောင်းချနိုင်ခဲ့တဲ့ Xiaomi

ပြီးခဲ့တဲ့ လက အိန္ဒိယမှာ အွန်လိုင်းစတိုးများစွာက ဈေးရောင်းပွဲတော်တွေကို အပြိုင်အဆိုင် ကျင်းပခဲ့ကြပါတယ်။ အလန်းစား လျှော့ဈေးတွေကို ပေးခဲ့ကြတဲ့အတွက် ရောင်းအားတွေ အရမ်းမိုက်ခဲ့ပါတယ်။ Flipkart ရဲ့ Big Billion Days Sale ကနေ Amazon ရဲ့ Great Indian Festival နဲ့ Xiaomi ရဲ့ Diwali အထိ ဈေးရောင်းပွဲတော်များစွာ ပြုလုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi က စက်တင်ဘာလ ၂၈ ရက်ကနေ အောက်တိုဘာလ ၂၉ ရက်နေ့အထိ Device ပေါင်း ၁၂ သန်းရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီထဲက ၈.၅ သန်းက စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

Redmi Note 7 Series တွေက ရောင်းအား အလန်းဆုံးပါ။ Mi TV ပေါင်း ၆၀၀,၀၀၀ ကျော်နဲ့ Mi Ecosystem Product ပေါင်း ၃ သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။ Flipkart နဲ့ Amazon မှာ Mi TV ဟာ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ Amazon India ရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ၁၀ လုံးမှာ ၉ လုံးဟာ Xiaomi ရဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

အရင်နှစ်နဲ့ယှဉ်ရင် Xiaomi ဟာ ဒီနှစ်မှာ ရောင်းအား ၄၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ပွဲတော်ကာလအတွင်း ရောင်းချရတဲ့ စမတ်ဖုန်း အလုံးရေ ၈.၅ သန်းဟာ အိန္ဒိယမှာ တခြား ကုမ္ပဏီတွေထက် အများဆုံး ဖြစ်လာပြီး အရင်နှစ်ကထက် ၃၇ ရာခိုင်နှုန်း မြင့်မားလာတာပါ။ Mi TV တွေကလည်း အရင်နှစ်ထက် ၄၇ ရာခိုင်နှုန်းနဲ့ Ecosystem Products တွေက ၄၂ ရာခိုင်နှုန်း ရောင်းအား လန်းလာပါတယ်။

Counterpoint Research က ဒီနှစ် တတိယကွာတား ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ Xiaomi ဟာ အိန္ဒိယမှာ စမတ်ဖုန်း ရောင်းအားအကောင်းဆုံးဖြစ်တယ်လို့ မနေ့ကပဲ ကြေညာခဲ့ပါတယ်။ Xiaomi ဟာ အိန္ဒိယမှာ ဈေးကွက်ဝေစု ၂၆ ရာခိုင်နှုန်းနဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပြီး သူ့ရဲ့နောက်မှာ Samsung နဲ့ Vivo တို့က ၂၀ နဲ့ ၁၇ ရာခိုင်နှုန်းတွေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

Ref : gizmochina