[Zawgyi]

Xiaomi က ဒီလ အေစာပိုင္းမွာ ကုမၸဏီရဲ႕ ပထမဆံုး စမတ္နာရီ ျဖစ္တဲ့ Mi Watch ကို မိတ္ဆက္ခဲ့ပါတယ္။ အခုေတာ့ ကေလးေတြအတြက္ ထုတ္လုပ္ထားတဲ့ Mi Rabbit Children’s Watch 2S ကို တရုတ္မွာ ေၾကညာလိုက္ပါတယ္။ စမတ္နာရီရဲ႕ အေျခခံ လုပ္ေဆာင္ခ်က္အားလံုး ပါၿပီး  ေလးေထာင့္ပံုသ႑ာန္ ျဖစ္ပါတယ္။ ပလတ္စတစ္ကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး ၄၄ ဂရမ္ပဲ အေလးခ်ိန္ရွိပါတယ္။ ကေလးေတြ သက္ေတာင့္သက္သာ ၀တ္ဆင္ႏိုင္ေအာင္ ဒီဇိုင္း ထုတ္ထားပါတယ္။

ဒီဇိုင္းက ခ်စ္စရာေကာင္းၿပီး ၁.၃ လက္မ 240x240p Resolution Display ျဖစ္ပါတယ္။ ေစ်းသက္သာေအာင္ AMOLED Display အစား IPS ကိုပဲ သံုးထားပါတယ္။ IPX8 ေရစိုခံ စံႏႈန္းပါၿပီး nano-SIM Slot ထည့္သြင္းထားတဲ့အတြက္ အင္တာနက္ သံုးတာ၊ ဖုန္းေျပာတာေတြ ျပဳလုပ္ႏုိင္ပါတယ္။ ဒါတင္မကေသးပါဘူး။ WiFi နဲ႔ GPS ေတြလည္း ပါေသးတဲ့အတြက္ ကေလးရဲ႕တည္ေနရာကို မိဘေတြက ေျခရာခံႏုိင္ပါတယ္။

စပီကာ ၁ လံုး ထည့္သြင္းထားၿပီး ၇ ရက္ေလာက္ အသံုးခံတဲ့ 600mAh Battery ပါပါတယ္။  Xiaomi Mi Rabbit Children’s Watch 2S ကို တရုတ္က Xiaomi Mall မွာ ၁၉၉ ယြမ္နဲ႔ စတင္ေရာင္းခ်ေပးေနပါၿပီ။ ျမန္မာေငြ ၄ ေသာင္းေလာက္ပဲရွိတဲ့အတြက္ ေစ်းခ်ိဳပါတယ္။ ႏိုင္ငံတကာမွာ ေရာင္းမယ့္ သတင္းကို ကုမၸဏီက မေျပာေသးပါဘူး။

ဒီလ အေစာပိုင္းက ေၾကညာခဲ့တဲ့ Mi Watch ဟာ ဒီဇိုင္းလန္းၿပီး လုပ္ေဆာင္ခ်က္ အမိုက္စားေတြ ပါပါတယ္။ Apple Watch နဲ႔ ဒီဇိုင္းဆင္တူတယ္လို႔ ေျပာႏိုင္ေပမယ့္ ေဈးကေတာ့ ပိုခ်ိဳသာပါတယ္။ စမတ္နာရီေစ်းကြက္မွာ မင္းမူေနတဲ့ Apple ကို Xiaomi ဘယ္လို အမွီလိုက္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : gsmarena

[Unicode]

Xiaomi က Mi Rabbit Children’s Watch 2S ကို တရုတ်မှာ ကြေညာ

Xiaomi က ဒီလ အစောပိုင်းမှာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်တဲ့ Mi Watch ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ Mi Rabbit Children’s Watch 2S ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ စမတ်နာရီရဲ့ အခြေခံ လုပ်ဆောင်ချက်အားလုံး ပါပြီး လေးထောင့်ပုံသဏ္ဍာန် ဖြစ်ပါတယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ၄၄ ဂရမ်ပဲ အလေးချိန်ရှိပါတယ်။ ကလေးတွေ သက်တောင့်သက်သာ ဝတ်ဆင်နိုင်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။

ဒီဇိုင်းက ချစ်စရာကောင်းပြီး ၁.၃ လက်မ 240x240p Resolution Display ဖြစ်ပါတယ်။ ဈေးသက်သာအောင် AMOLED Display အစား IPS ကိုပဲ သုံးထားပါတယ်။ IPX8 ရေစိုခံ စံနှုန်းပါပြီး nano-SIM Slot ထည့်သွင်းထားတဲ့အတွက် အင်တာနက် သုံးတာ၊ ဖုန်းပြောတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ WiFi နဲ့ GPS တွေလည်း ပါသေးတဲ့အတွက် ကလေးရဲ့တည်နေရာကို မိဘတွေက ခြေရာခံနိုင်ပါတယ်။

စပီကာ ၁ လုံး ထည့်သွင်းထားပြီး ၇ ရက်လောက် အသုံးခံတဲ့ 600mAh Battery ပါပါတယ်။ Xiaomi Mi Rabbit Children’s Watch 2S ကို တရုတ်က Xiaomi Mall မှာ ၁၉၉ ယွမ်နဲ့ စတင်ရောင်းချပေးနေပါပြီ။ မြန်မာငွေ ၄ သောင်းလောက်ပဲရှိတဲ့အတွက် ဈေးချိုပါတယ်။ နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို ကုမ္ပဏီက မပြောသေးပါဘူး။

ဒီလ အစောပိုင်းက ကြေညာခဲ့တဲ့ Mi Watch ဟာ ဒီဇိုင်းလန်းပြီး လုပ်ဆောင်ချက် အမိုက်စားတွေ ပါပါတယ်။ Apple Watch နဲ့ ဒီဇိုင်းဆင်တူတယ်လို့ ပြောနိုင်ပေမယ့် ဈေးကတော့ ပိုချိုသာပါတယ်။ စမတ်နာရီဈေးကွက်မှာ မင်းမူနေတဲ့ Apple ကို Xiaomi ဘယ်လို အမှီလိုက်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena