Zawgyi

တရုတ္အေျခစိုက္စမတ္ဖုန္းထုတ္လုပ္သူ Xiaomi ဟာ ယေန႔မွာ သူတုိ႔ရဲ႕ Wearable ျဖစ္တဲ့ Mi Smart Band 4 ကုိ အိႏၵိယေစ်းကြက္သို႔ စတင္မိတ္ဆက္လုိက္ပါတယ္။ သတ္မွတ္ထားတဲ့ေစ်းႏႈန္းကေတာ့ အိႏၵိယရူပီး ၂၂၉၉ (ျမန္မာေငြငါးေသာင္းနီးနီး) ျဖစ္ၿပီး စက္တင္ဘာ ၁၉ ရက္ေန႔မွ စတင္ဝယ္ယူႏုိင္ေတာ့မွာပါ။

Mi Smart Band 4 ဟာ တရုတ္ျပည္တြင္းမွာေတာ့ Mi Band 4 အျဖစ္ မိတ္ဆက္ေရာင္းခ်ေနၿပီး ဂလိုဘယ္ဗားရွင္းမွာ NFC နဲ႔ မုိက္ကရုိဖုန္းတုိ႔ မပါလာပါဘူး။ မည္သုိ႔ပင္ျဖစ္ေစ က်န္တဲ့ Specs ေတြကေတာ့ အတူတူပဲျဖစ္ၿပီး သူ႕မွာ 0.95” လက္မအရြယ္ ကာလာစုံ AMOLED Display ၊ အိပ္စက္ခ်ိန္နဲ႔ ႏွလုံးခုန္ႏႈန္း ေစာင့္ၾကည့္ျခင္းနဲ႔ ေရအနက္ ၅၀ မီတာအထိ ေရစုိခံႏုိင္စြမ္းတုိ႔ ပါဝင္ပါတယ္။

ေနာက္ဆုံးေပၚ Smart Band ေတြရဲ႕ထုံးစံအတုိင္းပဲ Mi Band 4 မွာလည္း ေျပးတာ၊ စက္ဘီးစီးတာနဲ႔ ေရကူးတာ စတဲ့မတူညီတဲ့ ကာယလႈပ္ရွားမႈေတြကို ေျခရာခံၿပီး အသိအမွတ္ျပဳမွတ္တမ္းတင္ေပးႏုိင္တဲ့စနစ္ ပါဝင္ပါတယ္။ ဒါ့အျပင္ ဖုန္းေခၚဆုိမႈနဲ႔ App Noti ေတြကိုလည္း ဖုန္းကေန ေပးပို႔ေဖာ္ျပႏုိင္ၿပီး ငါးရက္တာ မုိးေလသဝ ႀကိဳတင္ခန္႔မွန္းႏုိင္စြမ္းလည္း ပါဝင္ပါတယ္။

သူ႕မွာ 135 mAh ရွိတဲ့ ဘကၳရီကို ထည့္သြင္းလာၿပီး Xiaomi ရဲ႕အဆုိအရေတာ့ အားတစ္ခါျဖည့္ၿပီးရင္ ရက္ေပါင္း ၂၀ ထိ အသုံးျပဳႏုိင္တယ္လို႔ သိရပါတယ္။

Ref – GSM Arena

Unicode

တရုတ်အခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi ဟာ ယနေ့မှာ သူတို့ရဲ့ Wearable ဖြစ်တဲ့ Mi Smart Band 4 ကို အိန္ဒိယဈေးကွက်သို့ စတင်မိတ်ဆက်လိုက်ပါတယ်။ သတ်မှတ်ထားတဲ့ဈေးနှုန်းကတော့ အိန္ဒိယရူပီး ၂၂၉၉ (မြန်မာငွေငါးသောင်းနီးနီး) ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ဝယ်ယူနိုင်တော့မှာပါ။

Mi Smart Band 4 ဟာ တရုတ်ပြည်တွင်းမှာတော့ Mi Band 4 အဖြစ် မိတ်ဆက်ရောင်းချနေပြီး ဂလိုဘယ်ဗားရှင်းမှာ NFC နဲ့ မိုက်ကရိုဖုန်းတို့ မပါလာပါဘူး။ မည်သို့ပင်ဖြစ်စေ ကျန်တဲ့ Specs တွေကတော့ အတူတူပဲဖြစ်ပြီး သူ့မှာ 0.95” လက်မအရွယ် ကာလာစုံ AMOLED Display ၊ အိပ်စက်ချိန်နဲ့ နှလုံးခုန်နှုန်း စောင့်ကြည့်ခြင်းနဲ့ ရေအနက် ၅၀ မီတာအထိ ရေစိုခံနိုင်စွမ်းတို့ ပါဝင်ပါတယ်။

နောက်ဆုံးပေါ် Smart Band တွေရဲ့ထုံးစံအတိုင်းပဲ Mi Band 4 မှာလည်း ပြေးတာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာ စတဲ့မတူညီတဲ့ ကာယလှုပ်ရှားမှုတွေကို ခြေရာခံပြီး အသိအမှတ်ပြုမှတ်တမ်းတင်ပေးနိုင်တဲ့စနစ် ပါဝင်ပါတယ်။ ဒါ့အပြင် ဖုန်းခေါ်ဆိုမှုနဲ့ App Noti တွေကိုလည်း ဖုန်းကနေ ပေးပို့ဖော်ပြနိုင်ပြီး ငါးရက်တာ မိုးလေသဝ ကြိုတင်ခန့်မှန်းနိုင်စွမ်းလည်း ပါဝင်ပါတယ်။

သူ့မှာ 135 mAh ရှိတဲ့ ဘက္ထရီကို ထည့်သွင်းလာပြီး Xiaomi ရဲ့အဆိုအရတော့ အားတစ်ခါဖြည့်ပြီးရင် ရက်ပေါင်း ၂၀ ထိ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref – GSM Arena