[Zawgyi]

Xiaomi က တရုတ္မွာ ၿပီးခဲ့တဲ့ လအနည္းငယ္က Redmi Note 8 Series ေတြကို ေရာင္းခ်ေပးခဲ့ၿပီး အခုဆိုရင္ အိႏၵိယနဲ႔ ဥေရာပ အပါအ၀င္ တျခား ႏိုင္ငံေတြမွာ ၀ယ္ယူႏိုင္ၿပီ ျဖစ္ပါတယ္။ အခုေတာ့ Xiaomi က Redmi Note 8 Pro အတြက္ Ocean Blue အေရာင္ကို မိတ္ဆက္လိုက္ပါတယ္။ အရင္ကေတာ့ Shadow Black, Gamma Green နဲ႔ Halo White အေရာင္ေတြ ေရာင္းေပးထားတာပါ။ အခုဆိုရင္ အားလံုးေပါင္း အေရာင္ ၄ မ်ိဳး ရွိလာပါၿပီ။

ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ Xiaomi က Storage ပိုမ်ားတဲ့ Redmi Note 8 Pro Model ကို ေၾကညာခဲ့ပါတယ္။ 8GB RAM နဲ႔ 256GB Storage ထည့္သြင္းထားၿပီး Memory အမ်ားဆံုး Model ျဖစ္လာပါတယ္။ ၁,၈၉၉ ယြမ္ သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၀၀,၀၀၀ ေလာက္ရွိပါတယ္။ အရင္က 6/64GB နဲ႔ 8/128GB Model ေတြ ထုတ္လုပ္ေရာင္းခ်ထားပါတယ္။

Redmi Note 8 Pro ရဲ႕ Specs ေတြကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ အဲဒီဖုန္းမွာ ေရစက္ေရေပါက္ေတြကို ခံႏုိင္တဲ့ IP52 စံႏႈန္း ပါပါတယ္။ ၆.၅၃ လက္မ IPS LCD Display ထည့္သြင္းထားၿပီး Full HD+ Resolution ျဖစ္ပါတယ္။ မ်က္လံုး မထိခိုက္ေအာင္ ကာကြယ္ေပးတဲ့ TUV Rheinland Certification ရထားပါတယ္။

Premium Mid-ranger အမ်ိဳးအစား ျဖစ္ၿပီး MediaTek Helio G90T Processor ေမာင္းႏွင္ထားပါတယ္။ Storage ျမွင့္တင္ဖို႔ microSD Card Slot ပါပါတယ္။ အေနာက္ဘက္မွာ Camera ၄ လံုးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 64MP Main , 8MP Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။ Waterdrop Notch မွာ 20MP Selfie Camera တပ္ဆင္ထားပါတယ္။

Android 9 Pie အေျချပဳ MIUI 10 ေမာင္းႏွင္ထားၿပီး Game Turbo 2.0 နဲ႔ HyperEngine  က ဂိမ္းကစားရင္ အရမ္းလန္းပါတယ္။ 18W Fast Charging ပါတဲ့ အရြယ္ႀကီး 4,500mAh Battery ကလည္း အရမ္း မိုက္ပါတယ္။

Ref : gizmochina

[Unicode]

Xiaomi က Redmi Note 8 Pro အတွက် Ocean Blue အရောင်ကို မိတ်ဆက်

Xiaomi က တရုတ်မှာ ပြီးခဲ့တဲ့ လအနည်းငယ်က Redmi Note 8 Series တွေကို ရောင်းချပေးခဲ့ပြီး အခုဆိုရင် အိန္ဒိယနဲ့ ဥရောပ အပါအဝင် တခြား နိုင်ငံတွေမှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ အခုတော့ Xiaomi က Redmi Note 8 Pro အတွက် Ocean Blue အရောင်ကို မိတ်ဆက်လိုက်ပါတယ်။ အရင်ကတော့ Shadow Black, Gamma Green နဲ့ Halo White အရောင်တွေ ရောင်းပေးထားတာပါ။ အခုဆိုရင် အားလုံးပေါင်း အရောင် ၄ မျိုး ရှိလာပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Xiaomi က Storage ပိုများတဲ့ Redmi Note 8 Pro Model ကို ကြေညာခဲ့ပါတယ်။ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Memory အများဆုံး Model ဖြစ်လာပါတယ်။ ၁,၈၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၄၀၀,၀၀၀ လောက်ရှိပါတယ်။ အရင်က 6/64GB နဲ့ 8/128GB Model တွေ ထုတ်လုပ်ရောင်းချထားပါတယ်။

Redmi Note 8 Pro ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီဖုန်းမှာ ရေစက်ရေပေါက်တွေကို ခံနိုင်တဲ့ IP52 စံနှုန်း ပါပါတယ်။ ၆.၅၃ လက်မ IPS LCD Display ထည့်သွင်းထားပြီး Full HD+ Resolution ဖြစ်ပါတယ်။ မျက်လုံး မထိခိုက်အောင် ကာကွယ်ပေးတဲ့ TUV Rheinland Certification ရထားပါတယ်။

Premium Mid-ranger အမျိုးအစား ဖြစ်ပြီး MediaTek Helio G90T Processor မောင်းနှင်ထားပါတယ်။ Storage မြှင့်တင်ဖို့ microSD Card Slot ပါပါတယ်။ အနောက်ဘက်မှာ Camera ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ Waterdrop Notch မှာ 20MP Selfie Camera တပ်ဆင်ထားပါတယ်။

Android 9 Pie အခြေပြု MIUI 10 မောင်းနှင်ထားပြီး Game Turbo 2.0 နဲ့ HyperEngine က ဂိမ်းကစားရင် အရမ်းလန်းပါတယ်။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh Battery ကလည်း အရမ်း မိုက်ပါတယ်။

Ref : gizmochina