[Zawgyi]

Xiaomi က လာမယ့္ ၂၄ ရက္ေန႔မွာ ပြဲ ၁ ပြဲ က်င္းပၿပီး Mi 9 Pro 5G နဲ႔ Mi Mix 4 တို႔ကို အိႏၵိယမွာ ေၾကညာေတာ့မွာပါ။ အဲဒီပြဲမွာ 8K Smart TV နဲ႔ MIUI 11 ကိုပါ မိတ္ဆက္ေတာ့မယ္လို႔ ထင္ပါတယ္။ Mi TV ရဲ႕ ၀ီဘိုအေကာင့္ကေန Teaser Poster အသစ္ ၁ ခုကို မွ်ေ၀လိုက္ၿပီး “8K Ready” နဲ႔ “We Are Ready” စာသားေတြပါပါတယ္။ ေၾကညာမယ့္ ေန႔စြဲကိုလည္း ျပသထားပါတယ္။

လက္ရွိ Xiaomi Mi TV ေတြမွာ 4K Resolution သာ ပါပါတယ္။ Xiaomi ရဲ႕ 8K TV ဟာ စြမ္းရည္ျမင့္ အမ်ိဳးအစား ျဖစ္ႏုိင္ပါတယ္။ မၾကာခင္က Xiaomi ရဲ႕ ကုမၸဏီခြဲ Redmi က သူ႔ရဲ႕ ပထမဆံုး TV ကို ေၾကညာခဲ့ၿပီး တန္ဖုိးသင့္ အမ်ိဳးအစား ျဖစ္ပါတယ္။ Xiaomi ရဲ႕ စြမ္းရည္ျမင့္ Mi TV ကေတာ့ ေစ်းႀကီးႏုိင္ပါတယ္။

အိႏၵိယမွာ မၾကာခင္က က်င္းပခဲ့တဲ့ Xiaomi ရဲ႕ Smarter Living 2020 Event မွာ ကုမၸဏီက TV Model အသစ္ ၄ လံုးကို ေၾကညာခဲ့ၿပီး Mi TV 4X 65-inch ပါ၀င္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း Mi TV 4A Series အတြက္ 70-inch Model ကို ေၾကညာခဲ့ပါတယ္။  Xiaomi ဟာ အိႏၵိယမွာ 8K TV ကို ေၾကညာတဲ့ ပထမဆံုး ကုမၸဏီ မဟုတ္ပါဘူး။ TCL ကလည္း 8K TV ကို ေၾကညာၿပီးၿပီ ျဖစ္ေပမယ့္ မၾကာခင္မွာ ေရာင္းခ်မွာ မဟုတ္ေသးပါဘူး။ Samsung နဲ႔ LG တို႔မွာ ကိုယ္ပိုင္ 8K TV ေတြ ရွိၿပီးပါၿပီ။

Smart TV ေစ်းကြက္ဟာ အရမ္းေကာင္းေနပါတယ္။ OnePlus က စက္တင္ဘာလ ၂၆ ရက္မွာ သူ႔ရဲ႕ ပထမဆံုး Smart TV ကို ေၾကညာဖို႔ ျပင္ဆင္ေနပါတယ္။ အဲဒီ TV ဟာ တန္ဖိုးႀကီး အမ်ိဳးအစား ျဖစ္ပါတယ္။ Honor ကလည္း မၾကာခင္က Honor SmartVision TV ကို ေၾကညာခဲ့ပါတယ္။ Xiaomi က 8K Mi TV နဲ႔ ၿပိဳင္ဖက္ေတြကို အႏိုင္ယူမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref : gizmochina

[Unicode]

Xiaomi က ဒီလ ၂၄ ရက်နေ့မှာ 8K Smart TV ကို ကြေညာမည်

Xiaomi က လာမယ့် ၂၄ ရက်နေ့မှာ ပွဲ ၁ ပွဲ ကျင်းပပြီး Mi 9 Pro 5G နဲ့ Mi Mix 4 တို့ကို အိန္ဒိယမှာ ကြေညာတော့မှာပါ။ အဲဒီပွဲမှာ 8K Smart TV နဲ့ MIUI 11 ကိုပါ မိတ်ဆက်တော့မယ်လို့ ထင်ပါတယ်။ Mi TV ရဲ့ ဝီဘိုအကောင့်ကနေ Teaser Poster အသစ် ၁ ခုကို မျှဝေလိုက်ပြီး “8K Ready” နဲ့ “We Are Ready” စာသားတွေပါပါတယ်။ ကြေညာမယ့် နေ့စွဲကိုလည်း ပြသထားပါတယ်။

လက်ရှိ Xiaomi Mi TV တွေမှာ 4K Resolution သာ ပါပါတယ်။ Xiaomi ရဲ့ 8K TV ဟာ စွမ်းရည်မြင့် အမျိုးအစား ဖြစ်နိုင်ပါတယ်။ မကြာခင်က Xiaomi ရဲ့ ကုမ္ပဏီခွဲ Redmi က သူ့ရဲ့ ပထမဆုံး TV ကို ကြေညာခဲ့ပြီး တန်ဖိုးသင့် အမျိုးအစား ဖြစ်ပါတယ်။ Xiaomi ရဲ့ စွမ်းရည်မြင့် Mi TV ကတော့ ဈေးကြီးနိုင်ပါတယ်။

အိန္ဒိယမှာ မကြာခင်က ကျင်းပခဲ့တဲ့ Xiaomi ရဲ့ Smarter Living 2020 Event မှာ ကုမ္ပဏီက TV Model အသစ် ၄ လုံးကို ကြေညာခဲ့ပြီး Mi TV 4X 65-inch ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Mi TV 4A Series အတွက် 70-inch Model ကို ကြေညာခဲ့ပါတယ်။ Xiaomi ဟာ အိန္ဒိယမှာ 8K TV ကို ကြေညာတဲ့ ပထမဆုံး ကုမ္ပဏီ မဟုတ်ပါဘူး။ TCL ကလည်း 8K TV ကို ကြေညာပြီးပြီ ဖြစ်ပေမယ့် မကြာခင်မှာ ရောင်းချမှာ မဟုတ်သေးပါဘူး။ Samsung နဲ့ LG တို့မှာ ကိုယ်ပိုင် 8K TV တွေ ရှိပြီးပါပြီ။

Smart TV ဈေးကွက်ဟာ အရမ်းကောင်းနေပါတယ်။ OnePlus က စက်တင်ဘာလ ၂၆ ရက်မှာ သူ့ရဲ့ ပထမဆုံး Smart TV ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ TV ဟာ တန်ဖိုးကြီး အမျိုးအစား ဖြစ်ပါတယ်။ Honor ကလည်း မကြာခင်က Honor SmartVision TV ကို ကြေညာခဲ့ပါတယ်။ Xiaomi က 8K Mi TV နဲ့ ပြိုင်ဖက်တွေကို အနိုင်ယူမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gizmochina