Qualcomm ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ၂၀၂၁ ခုနှစ်အတွက် Android Flagship ဖုန်းတွေရဲ့ အဓိက Chipset ဖြစ်လာမယ့် Snapdragon 888 Chipset ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Snapdragon 888 Chipset ဟာ AI Performance ပိုင်းအပြင် Camera ပိုင်းမှာပါ ယခင်ထက် သိသိသာသာတိုးတက်လာစေမှာဖြစ်ပါတယ်။

Xiaomi ဟာ အစောဆုံးအနေနဲ့ Snapdragon 888 Chipset ကို အသုံးပြုထားတဲ့ Mi 11 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှ Samsung ကနေ Galaxy S21 Series ဖုန်းတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

အခုလည်း Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Xiaomi ဟာ Mi 11 Series အပြင် နောက်ထပ် စမတ်ဖုန်းအမျိုးအစား ၂ မျိုးအတွက်လည်း Snapdragon 888 Chipset ကို အသုံးပြုပြီး မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာတင် Xiaomi ကနေ Snapdragon 888 Chipset နဲ့ Flagship ဖုန်းအမျိုးအစား ၃ မျိုးအထိ မိတ်ဆက်သွားမှာပါ။

ဖြစ်နိုင်ခြေများနေတာကတော့ Mi 11 Series အပြင် Remi K40 Pro နဲ့ Black Shark Series ဖုန်းအသစ်တွေကို မိတ်ဆက်သွားနိုင်ပါတယ်။ Xiaomi ဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက Remi K30 Pro နဲ့ K30 Pro Zoom စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် လာမယ့်နှစ် ဖေဖော်ဝါရီလဝန်းကျင်မှာ Redmi K40 ဖုန်းတွေထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Snapdragon 888 Chipset နဲ့ စမတ်ဖုန်းတွေကို လာမယ့်နှစ်မှာ အများအပြားတွေ့မြင်ရတော့မှာဖြစ်ပါတယ်။

Ref – Giz China