Unicode

Xiaomi ကနေ Mi Notebook Series Laptop တွေအပြင် ပိုစျေးသက်သာတဲ့ RedmiBook 14 နဲ့ 15 Laptop တွေကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Xiaomi ကနေ RedmiBook အမျိုးအစားအသစ်ကို မိတ်ဆက်လာတော့မှာပါ။

အခု Xiaomi ရဲ့ Teaser ပုံအရတော့ RedmiBook 13 Laptop အသစ်ကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ JD.com ကနေ RedmiBook 13 အမျိုးအစား ၂ မျိုးအတွက် Reservation တွေ စတင်လက်ခံနေပြီလို့လည်း သိရပါတယ်။ အခုမိတ်ဆက်မယ့် RedmiBook 13 Laptop အသစ်တွေက လောလောဆယ်မှာတော့ တရုတ်နိုင်ငံမှာပဲ ရောင်းချသွားမယ်ပုံစံပါပဲ။

မကြာသေးခင်တုန်းကလည်း Xiaomi ကနေ RedmiBook 144 Ryzen Edition နဲ့ Intel 10th Gen Processor တွေအသုံးပြုထားတဲ့ RedmiBook 14 Enhanced Edition Laptop တွေကို မိတ်ဆက်ထားခဲ့ပြီးတော့ အဆိုပါ Laptop တွေကလည်း တရုတ်ယွမ်ငွေ ၃,၂၉၉ (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကနေ စတင်တာဖြစ်တဲ့အတွက် အခု မိတ်ဆက်လာမယ့် RedmiBook 13 က ပိုပြီး စျေးသက်သာနိုင်ပါတယ်။

Xiaomi က လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာလည်း Redmi K30 Series စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေတဲ့အတွက် အဲ့ဒီအချိန်မှာလည်း RedmiBook 13 ကို မိတ်ဆက်လာနိုင်ခြေရှိနေပါတယ်။

Ref – Gizmo China

Zawgyi

Xiaomi ကေန Mi Notebook Series Laptop ေတြအျပင္ ပိုေစ်းသက္သာတဲ့ RedmiBook 14 နဲ႔ 15 Laptop ေတြကိုပါ မိတ္ဆက္ထားၿပီးျဖစ္ပါတယ္။ အခုလည္း Xiaomi ကေန RedmiBook အမ်ိဳးအစားအသစ္ကို မိတ္ဆက္လာေတာ့မွာပါ။

အခု Xiaomi ရဲ႕ Teaser ပုံအရေတာ့ RedmiBook 13 Laptop အသစ္ကို လာမယ့္ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီးေတာ့ JD.com ကေန RedmiBook 13 အမ်ိဳးအစား ၂ မ်ိဳးအတြက္ Reservation ေတြ စတင္လက္ခံေနၿပီလို႔လည္း သိရပါတယ္။ အခုမိတ္ဆက္မယ့္ RedmiBook 13 Laptop အသစ္ေတြက ေလာေလာဆယ္မွာေတာ့ တ႐ုတ္ႏိုင္ငံမွာပဲ ေရာင္းခ်သြားမယ္ပုံစံပါပဲ။

မၾကာေသးခင္တုန္းကလည္း Xiaomi ကေန RedmiBook 14 Ryzen Edition နဲ႔ Intel 10th Gen Processor ေတြအသုံးျပဳထားတဲ့ RedmiBook 14 Enhanced Edition Laptop ေတြကို မိတ္ဆက္ထားခဲ့ၿပီးေတာ့ အဆိုပါ Laptop ေတြကလည္း တ႐ုတ္ယြမ္ေငြ ၃,၂၉၉ (ျမန္မာေငြ ၇ သိန္းဝန္းက်င္) ကေန စတင္တာျဖစ္တဲ့အတြက္ အခု မိတ္ဆက္လာမယ့္ RedmiBook 13 က ပိုၿပီး ေစ်းသက္သာႏိုင္ပါတယ္။

Xiaomi က လာမယ့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာလည္း Redmi K30 Series စမတ္ဖုန္းေတြကို မိတ္ဆက္ဖို႔ရွိေနတဲ့အတြက္ အဲ့ဒီအခ်ိန္မွာလည္း RedmiBook 13 ကို မိတ္ဆက္လာႏိုင္ေျခရွိေနပါတယ္။

Ref – Gizmo China