[Zawgyi]

တရုတ္ အေျခစုိက္ Xiaomi Corporation ဟာ ပထမဆံုး အေနနဲ႔ Fortune ရဲ႕ Global 500 စာရင္းထဲ ၀င္ခဲ့ပါတယ္။ ကမာၻ႕၀င္ေငြ အေကာင္းဆံုး ကုမၸဏီ ၅၀၀ စာရင္း ျဖစ္ပါတယ္။ Xiaomi ဟာ အျမတ္ေငြ ေဒၚလာ ၂ ၀၄၉.၁၀ သန္း၊ ၀င္ေငြ ေဒၚလာ ၂၆ ၄၄၃.၅၀ သန္းနဲ႔ အဆင့္ ၄၆၈ ေနရာမွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။

Xiaomi က သူဟာ Internet Services နဲ႔ Retailing က႑မွာ နံပါတ္ ၇ ေနရာကို ရခဲ့တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ Xiaomi ဟာ ၂၀၁၉ ခုႏွစ္ရဲ႕ Fortune Global 500 စာရင္းထဲ ပါလာတဲ့ သက္တမ္း အႏုဆံုး ကုမၸဏီ ျဖစ္လာပါတယ္။ ကုမၸဏီရဲ႕ တည္ေထာင္သူနဲ႔ စီအီးအို Lei Jun က ဒီေအာင္ျမင္မႈနဲ႔ ပတ္သက္တဲ့ စာတစ္ေစာင္ကို ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ သူက ၀န္ထမ္းေတြရဲ႕ ႀကိဳးစားအားထုတ္မႈကို အသိအမွတ္ျပဳၿပီး ၀န္ထမ္းနဲ႔ ကုမၸဏီျပင္ပမွ လုပ္ေဖာ္ကိုင္ဖက္ေပါင္း ၂၀ ၅၃၈ ေယာက္ကို အထူးလက္ေဆာင္တစ္ခုစီ ေပးမယ္လို႔ ေျပာပါတယ္။

ကုမၸဏီက အဲဒီ လူတစ္ေယာက္စီကို စေတာ့ရွယ္ယာ ၁၀၀၀ ဂုဏ္ျပဳခ်ီးျမွင့္မယ္လို႔ ေျပာပါတယ္။ ရွယ္ယာ ၅၀၀ ကို Global 500 စာရင္းထဲ ၀င္တဲ့ အတြက္ ေပးအပ္တာ ျဖစ္ၿပီး က်န္ရွယ္ယာ ၅၀၀ ကိုေတာ့ ၀န္ထမ္းေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ မိသားစုနဲ႔ ခ်စ္ခင္ရသူေတြကို ေပးအပ္တာပါ။

Lei Jun က “ ဒီေအာင္ျမင္မႈမွာ ရပ္ေနမွာ မဟုတ္ပါဘူး။ ဒါဟာ အစသာ ရွိပါေသးတယ္။ အသက္သာဆံုး ေစ်းႏႈန္းေတြနဲ႔ အရမ္းကို ထူးျခားဆန္းသစ္တဲ့ ထုတ္ကုန္ေတြကို ဖန္တီးဖို႔ ရည္ရြယ္ထားပါတယ္။ ကြ်န္ေတာ္တို႔ရဲ႕ Mi Fans , Users နဲ႔ Investors ေတြအတြက္ ပိုမို ေကာင္းမြန္တဲ့ လူေနမႈဘ၀ေတြကို ဖန္တီးေပးမွာပါ။ “ လို႔ ဒီေအာင္ျမင္မႈနဲ႔ ပတ္သက္ၿပီး ေျပာပါတယ္။

Ref : gizmochina

[Unicode]

Fortune 500 စာရင်းထဲ ပါလို့ ဝန်ထမ်းတွေကို ရှယ်ယာတွေ လက်ဆောင်ပေးနေတဲ့ Xiaomi

တရုတ် အခြေစိုက် Xiaomi Corporation ဟာ ပထမဆုံး အနေနဲ့ Fortune ရဲ့ Global 500 စာရင်းထဲ ဝင်ခဲ့ပါတယ်။ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကုမ္ပဏီ ၅၀၀ စာရင်း ဖြစ်ပါတယ်။ Xiaomi ဟာ အမြတ်ငွေ ဒေါ်လာ ၂ ၀၄၉.၁၀ သန်း၊ ဝင်ငွေ ဒေါ်လာ ၂၆ ၄၄၃.၅၀ သန်းနဲ့ အဆင့် ၄၆၈ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Xiaomi က သူဟာ Internet Services နဲ့ Retailing ကဏ္ဍမှာ နံပါတ် ၇ နေရာကို ရခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် Xiaomi ဟာ ၂၀၁၉ ခုနှစ်ရဲ့ Fortune Global 500 စာရင်းထဲ ပါလာတဲ့ သက်တမ်း အနုဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ စီအီးအို Lei Jun က ဒီအောင်မြင်မှုနဲ့ ပတ်သက်တဲ့ စာတစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ သူက ဝန်ထမ်းတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပြီး ဝန်ထမ်းနဲ့ ကုမ္ပဏီပြင်ပမှ လုပ်ဖော်ကိုင်ဖက်ပေါင်း ၂၀ ၅၃၈ ယောက်ကို အထူးလက်ဆောင်တစ်ခုစီ ပေးမယ်လို့ ပြောပါတယ်။

ကုမ္ပဏီက အဲဒီ လူတစ်ယောက်စီကို စတော့ရှယ်ယာ ၁၀၀၀ ဂုဏ်ပြုချီးမြှင့်မယ်လို့ ပြောပါတယ်။ ရှယ်ယာ ၅၀၀ ကို Global 500 စာရင်းထဲ ဝင်တဲ့ အတွက် ပေးအပ်တာ ဖြစ်ပြီး ကျန်ရှယ်ယာ ၅၀၀ ကိုတော့ ဝန်ထမ်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မိသားစုနဲ့ ချစ်ခင်ရသူတွေကို ပေးအပ်တာပါ။

Lei Jun က “ ဒီအောင်မြင်မှုမှာ ရပ်နေမှာ မဟုတ်ပါဘူး။ ဒါဟာ အစသာ ရှိပါသေးတယ်။ အသက်သာဆုံး စျေးနှုန်းတွေနဲ့ အရမ်းကို ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေကို ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ရဲ့ Mi Fans , Users နဲ့ Investors တွေအတွက် ပိုမို ကောင်းမွန်တဲ့ လူနေမှုဘဝတွေကို ဖန်တီးပေးမှာပါ။ “ လို့ ဒီအောင်မြင်မှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။

Ref : gizmochina