Zawgyi

အခု ၂၀၁၉ ခုႏွစ္ဟာ 5G စမတ္ဖုန္းေတြရဲ႕ အစလို႔ ေျပာလို႔ရေနၿပီးေတာ့ လက္ရွိအခ်ိန္မွာ 5G ကို အသုံးျပဳႏိုင္တဲ့ႏိုင္ငံေတြ နည္းပါးေနေသးေပမယ့္ 5G စမတ္ဖုန္းေတြကေတာ့ တျဖည္းျဖည္းမ်ားျပားလာပါၿပီ။ အဲ့ဒီအတြက္ ေနာက္လာမယ့္ႏွစ္ေတြၾကရင္ 5G က Standard တစ္ခုျဖစ္လာမယ္လို႔ေတာင္ ေျပာလို႔ရေနပါတယ္။

အခုလည္း Xiaomi ရဲ႕ CEO ျဖစ္တဲ့ Lei Jun ကေန Wuzhen ၊ China မွာျပဳလုပ္ခဲ့တဲ့ World Internet Conference မွာ 5G နဲ႔ ပတ္သတ္တဲ့ ေနာက္ထပ္သတင္းတစ္ခုကို ေျပာၾကားခဲ့ပါတယ္။ ဒါကေတာ့ ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္မွာ Xiaomi ကေန အနည္းဆုံး 5G စမတ္ဖုန္း အလုံးေရ ၁၀ လုံးနဲ႔ အထက္ကို ထုတ္လုပ္ေရာင္းခ်သြားမယ္လို႔ ကတိေပးခဲ့တာျဖစ္ပါတယ္။

မၾကာေသးခင္တုန္းက Xiaomi ကေန မိတ္ဆက္ထားခဲ့တဲ့ Mi 9 Pro 5G စမတ္ဖုန္းဟာ လက္ရွိအခ်ိန္မွာ ကုမၸဏီကေနထင္ထားတာထက္ေတာင္ ပိုေရာင္းအားေကာင္းေနၿပီးေတာ့ အခုလိုမ်ိဳး 5G စမတ္ဖုန္းေတြက Demand မ်ားျပားေနတဲ့အတြက္ ပိုၿပီး ထုတ္လုပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။ Xiaomi ကေန အခုလိုမ်ိဳး 5G ဖုန္းေတြကို Premium ၊ Mid-Range အျပင္ Low-end ဖုန္းေတြအထိ ေနာက္ႏွစ္မွာထုတ္လုပ္သြားဖို႔ စီစဥ္ထားတယ္လို႔လည္း အတည္ျပဳသြားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ေလာေလာဆယ္ 5G အသုံးျပဳမႈအမ်ားဆုံးျဖစ္ေနတယ္လို႔ေတာင္ ေျပာႏိုင္ၿပီးေတာ့ 5G Subscriber ေပါင္း ၉ သန္းအထိရွိေနၿပီျဖစ္ပါတယ္။ Xiaomi ရဲ႕ CEO Lei Jun ကေတာ့ ေနာက္ႏွစ္မွာ ပုံမွန္ 4G Model ဖုန္းေတြရဲ႕ ေရာင္းအားထိခိုက္လာမွာကိုေတာင္ စမတ္ဖုန္းထုတ္လုပ္သူေတြက စိုးရိမ္ေနရၿပီလို႔ ေျပာၾကားထားခဲ့ပါတယ္။

5G ဟာ လာမယ့္ ၂၀၂၅ ခုႏွစ္မွာ အသုံးျပဳသူ ၁.၄ ဘီလီယံအထိရွိလာဖို႔ ခန္႔မွန္းထားၿပီး 3G ကေန 4G ကို ကူးေျပာင္းတာထက္ ပိုၿပီးျမန္ဆန္မယ္လို႔လည္း ယူဆရပါတယ္။

Ref – Android Authority

Unicode

အခု ၂၀၁၉ ခုနှစ်ဟာ 5G စမတ်ဖုန်းတွေရဲ့ အစလို့ ပြောလို့ရနေပြီးတော့ လက်ရှိအချိန်မှာ 5G ကို အသုံးပြုနိုင်တဲ့နိုင်ငံတွေ နည်းပါးနေသေးပေမယ့် 5G စမတ်ဖုန်းတွေကတော့ တဖြည်းဖြည်းများပြားလာပါပြီ။ အဲ့ဒီအတွက် နောက်လာမယ့်နှစ်တွေကြရင် 5G က Standard တစ်ခုဖြစ်လာမယ်လို့တောင် ပြောလို့ရနေပါတယ်။

အခုလည်း Xiaomi ရဲ့ CEO ဖြစ်တဲ့ Lei Jun ကနေ Wuzhen ၊ China မှာပြုလုပ်ခဲ့တဲ့ World Internet Conference မှာ 5G နဲ့ ပတ်သတ်တဲ့ နောက်ထပ်သတင်းတစ်ခုကို ပြောကြားခဲ့ပါတယ်။ ဒါကတော့ နောက်လာမယ့် ၂၀၂၀ ခုနှစ်မှာ Xiaomi ကနေ အနည်းဆုံး 5G စမတ်ဖုန်း အလုံးရေ ၁၀ လုံးနဲ့ အထက်ကို ထုတ်လုပ်ရောင်းချသွားမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

မကြာသေးခင်တုန်းက Xiaomi ကနေ မိတ်ဆက်ထားခဲ့တဲ့ Mi 9 Pro 5G စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ကုမ္ပဏီကနေထင်ထားတာထက်တောင် ပိုရောင်းအားကောင်းနေပြီးတော့ အခုလိုမျိုး 5G စမတ်ဖုန်းတွေက Demand များပြားနေတဲ့အတွက် ပိုပြီး ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Xiaomi ကနေ အခုလိုမျိုး 5G ဖုန်းတွေကို Premium ၊ Mid-Range အပြင် Low-end ဖုန်းတွေအထိ နောက်နှစ်မှာထုတ်လုပ်သွားဖို့ စီစဥ်ထားတယ်လို့လည်း အတည်ပြုသွားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ လောလောဆယ် 5G အသုံးပြုမှုအများဆုံးဖြစ်နေတယ်လို့တောင် ပြောနိုင်ပြီးတော့ 5G Subscriber ပေါင်း ၉ သန်းအထိရှိနေပြီဖြစ်ပါတယ်။ Xiaomi ရဲ့ CEO Lei Jun ကတော့ နောက်နှစ်မှာ ပုံမှန် 4G Model ဖုန်းတွေရဲ့ ရောင်းအားထိခိုက်လာမှာကိုတောင် စမတ်ဖုန်းထုတ်လုပ်သူတွေက စိုးရိမ်နေရပြီလို့ ပြောကြားထားခဲ့ပါတယ်။

5G ဟာ လာမယ့် ၂၀၂၅ ခုနှစ်မှာ အသုံးပြုသူ ၁.၄ ဘီလီယံအထိရှိလာဖို့ ခန့်မှန်းထားပြီး 3G ကနေ 4G ကို ကူးပြောင်းတာထက် ပိုပြီးမြန်ဆန်မယ်လို့လည်း ယူဆရပါတယ်။

Ref – Android Authority