Zawgyi

Xiaomi ကေန အခုအခ်ိန္မွာ Redmi Note Series ဖုန္းေတြထဲက Redmi Note 8 နဲ႔ Redmi Note 8 Pro ဖုန္းေတြကို ေနာက္ဆုံးအေနနဲ႔ မိတ္ဆက္ထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ အခုထပ္ၿပီး သိရတဲ့သတင္းေတြအရေတာ့ ေနာက္ထပ္ Redmi Note 8 စမတ္ဖုန္းတစ္ခုကို မိတ္ဆက္လာဦးမယ့္ပုံစံပါပဲ။

အခု ထပ္မိတ္ဆက္လာဦးမယ့္ Redmi Note 8 Series ဖုန္းကိုေတာ့ Redmi Note 8T လို႔ နာမည္ေပးလာမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ Redmi Note 8 နဲ႔ Redmi Note 8 Pro ဖုန္းေတြက Qualcomm Snapdragon 660 နဲ႔ MediaTek Helio G90T Processor ေတြကို အသုံးျပဳခဲ့ေပမယ့္ ဒီတစ္ခါ Redmi Note 8T ဖုန္းမွာေတာ့ Snapdragon 730G Processor ကို ေျပာင္းသုံးလာမယ္လို႔ ယူဆရပါတယ္။

အခုသတင္းကိုေတာ့ ယခင္ထဲက Xiaomi နဲ႔ ပတ္သတ္ၿပီး တိက်တဲ့ Leaks ေတြကို တင္ေပးေနၾက Mukul Sharma က Twitter Account မွာတင္ထားခဲ့တာျဖစ္ၿပီးေတာ့ အခု Version ဟာ Redmi Note 8 Pro ဖုန္းရဲ႕ Upgrade ဒါမွမဟုတ္ International Version တစ္ခုအေနနဲ႔ ထြက္ရွိလာႏိုင္ပါတယ္။

Xiaomi Redmi Note 8 Pro ဖုန္းဟာ Gaming Processor တစ္ခုျဖစ္တဲ့ MediaTek Helio G90T ကို အသုံးျပဳထားတယ္ဆိုေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ Snapdragon 730G ကို မမွီတဲ့အျပင္ Heat Issue ပါရွိေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာမွ Realme ကေနလည္း Realme X2 နာမည္နဲ႔ Snapdragon 730G Processor သုံးဖုန္းတစ္ခုကို မိတ္ဆက္လာတဲ့အတြက္ Xiaomi အေနနဲ႔ အခုလိုမ်ိဳး Redmi Note 8T ဖုန္းကို မိတ္ဆက္လာဖို႔ စိတ္ကူးခဲ့ပုံရပါတယ္။

ဘာပဲျဖစ္ျဖစ္ Xiaomi ကေန အသစ္မိတ္ဆက္လာႏိုင္တဲ့ Redmi Note 8T စမတ္ဖုန္းက Design ပိုင္းမွာေတာ့ လက္ရွိ Redmi Note 8 Pro နဲ႔ ဆင္တူၿပီးေတာ့ လာမယ့္ ေအာက္တိုဘာလအတြင္းမွာ တရားဝင္ေရာင္းခ်လာဖို႔မ်ားေနပါတယ္။

Ref – GizChina

Unicode

Xiaomi ကနေ အခုအချိန်မှာ Redmi Note Series ဖုန်းတွေထဲက Redmi Note 8 နဲ့ Redmi Note 8 Pro ဖုန်းတွေကို နောက်ဆုံးအနေနဲ့ မိတ်ဆက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုထပ်ပြီး သိရတဲ့သတင်းတွေအရတော့ နောက်ထပ် Redmi Note 8 စမတ်ဖုန်းတစ်ခုကို မိတ်ဆက်လာဦးမယ့်ပုံစံပါပဲ။

အခု ထပ်မိတ်ဆက်လာဦးမယ့် Redmi Note 8 Series ဖုန်းကိုတော့ Redmi Note 8T လို့ နာမည်ပေးလာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Redmi Note 8 နဲ့ Redmi Note 8 Pro ဖုန်းတွေက Qualcomm Snapdragon 660 နဲ့ MediaTek Helio G90T Processor တွေကို အသုံးပြုခဲ့ပေမယ့် ဒီတစ်ခါ Redmi Note 8T ဖုန်းမှာတော့ Snapdragon 730G Processor ကို ပြောင်းသုံးလာမယ်လို့ ယူဆရပါတယ်။

အခုသတင်းကိုတော့ ယခင်ထဲက Xiaomi နဲ့ ပတ်သတ်ပြီး တိကျတဲ့ Leaks တွေကို တင်ပေးနေကြ Mukul Sharma က Twitter Account မှာတင်ထားခဲ့တာဖြစ်ပြီးတော့ အခု Version ဟာ Redmi Note 8 Pro ဖုန်းရဲ့ Upgrade ဒါမှမဟုတ် International Version တစ်ခုအနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။

Xiaomi Redmi Note 8 Pro ဖုန်းဟာ Gaming Processor တစ်ခုဖြစ်တဲ့ MediaTek Helio G90T ကို အသုံးပြုထားတယ်ဆိုပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ Snapdragon 730G ကို မမှီတဲ့အပြင် Heat Issue ပါရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာမှ Realme ကနေလည်း Realme X2 နာမည်နဲ့ Snapdragon 730G Processor သုံးဖုန်းတစ်ခုကို မိတ်ဆက်လာတဲ့အတွက် Xiaomi အနေနဲ့ အခုလိုမျိုး Redmi Note 8T ဖုန်းကို မိတ်ဆက်လာဖို့ စိတ်ကူးခဲ့ပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ အသစ်မိတ်ဆက်လာနိုင်တဲ့ Redmi Note 8T စမတ်ဖုန်းက Design ပိုင်းမှာတော့ လက်ရှိ Redmi Note 8 Pro နဲ့ ဆင်တူပြီးတော့ လာမယ့် အောက်တိုဘာလအတွင်းမှာ တရားဝင်ရောင်းချလာဖို့များနေပါတယ်။

Ref – GizChina