Zawgyi

လက္ရွိအခ်ိန္မွာ High End Flagship စမတ္ဖုန္းေတြက 3.5mm Audio Jack ကို ျဖဳတ္လာၾကသလိုပဲ True Wireless Earbuds ေတြကို ဝယ္ယူအသုံးျပဳသူေတြကလည္း တေန႔တျခားပိုၿပီးမ်ားျပားလာတာျဖစ္ပါတယ္။ အခုအခ်ိန္မွာ ဒီႏွစ္ ၂၀၁၉ ခုႏွစ္ တတိယ ၃ လပတ္အတြက္ True Wireless Earbuds ေရာင္းအားကို Counterpoint Research ကေန ထုတ္ျပန္ခဲ့ၿပီး စိတ္ဝင္စားစရာရလဒ္အခ်ိဳ႕ကို ေတြ႕လာခဲ့ရပါတယ္။

Counterpoint Research ရဲ႕ ထုတ္ျပန္ခ်က္အရ True Wireless Earbuds ေတြက ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ တတိယ ၃ လပတ္မွာ အေရအတြက္ ၃၃ သန္းခန္႔ေရာင္းခ်ခဲ့ရၿပီး မႏွစ္ကထက္ ၂၂ ရာခိုင္ႏႈန္းခန္႔တိုးတက္လာခဲ့တာျဖစ္ပါတယ္။ အခု ေရာင္းခ်ရတဲ့ ဝင္ေငြကလည္း ေဒၚလာ ၄.၁ ဘီလီယံအထိရွိခဲ့ၿပီးေတာ့ US မွာတင္ ေစ်းကြက္ရဲ႕ ၃၁ ရာခိုင္ႏႈန္းျဖစ္တဲ့ အေရအတြက္ ၁၀ သန္းေက်ာ္ကို ေရာင္းခ်ခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္၊

ဒီလိုမ်ိဳး ေရာင္းခ်ခဲ့ရတဲ့ True Wireless Earbuds ေတြထဲမွာ Apple ကေတာ့ ေစ်းကြက္ရာခိုင္ႏႈန္း ၄၅ ရာခိုင္ႏႈန္းနဲ႔ ပထမေနရာမွာပဲ ဆက္လက္ရပ္တည္ေနၿပီးေတာ့ ဒါကလည္း AirPods ေတြရဲ႕ ေရာင္းအား ဘယ္ေလာက္ထိေကာင္းေနတယ္ဆိုတာကို ျပသေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ဒုတိယေနရာကို Xiaomi က ေစ်းကြက္ရာခိုင္ႏႈန္း ၉ ရာခိုင္ႏႈန္းနဲ႔ ရယူထားလိုက္ၿပီးေတာ့ ၿပိဳင္ဘက္ေတြျဖစ္တဲ့ Samsung အျပင္ JBL ၊ Jabra ၊ Skullcandy ၊ QCY နဲ႔ Brand အေတာ္မ်ားမ်ားကို ေက်ာ္တက္သြားခဲ့တာပဲျဖစ္ပါတယ္။ ဒါကလည္း Xiaomi ကေန ေဒၚလာ ၂၀ ေအာက္နဲ႔ ေရာင္းခ်ေနတဲ့ Redmi AirDots Earbuds ေတြက ထင္ထားတာထက္ ပိုေရာင္းခ်ရတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။

အခုလိုမ်ိဳး True Wireless Earbuds ေတြက ေနာက္ထပ္လည္း ဆက္ၿပီး ေရာင္းအားေကာင္းလာႏိုင္ၿပီးေတာ့ ေနာက္ထပ္ Apple AirPods Pro ၊ Amazon Echo Buds နဲ႔ Jabra Elite 75t လိုမ်ိဳး Earbuds ေတြထပ္ထြက္ရွိလာဦးမွာျဖစ္တဲ့အတြက္ ဒီႏွစ္ကုန္ စတုတၳ ၃ လပတ္ေရာင္းအားကို အေရအတြက္ သန္း ၁၂၀ အထိ ေရာင္းခ်ႏိုင္မယ္လို႔ Counterpoint Research က ခန္႔မွန္းထားပါတယ္။

Ref – GizmoChina

Unicode

လက်ရှိအချိန်မှာ High End Flagship စမတ်ဖုန်းတွေက 3.5mm Audio Jack ကို ဖြုတ်လာကြသလိုပဲ True Wireless Earbuds တွေကို ဝယ်ယူအသုံးပြုသူတွေကလည်း တနေ့တခြားပိုပြီးများပြားလာတာဖြစ်ပါတယ်။ အခုအချိန်မှာ ဒီနှစ် ၂၀၁၉ ခုနှစ် တတိယ ၃ လပတ်အတွက် True Wireless Earbuds ရောင်းအားကို Counterpoint Research ကနေ ထုတ်ပြန်ခဲ့ပြီး စိတ်ဝင်စားစရာရလဒ်အချို့ကို တွေ့လာခဲ့ရပါတယ်။

Counterpoint Research ရဲ့ ထုတ်ပြန်ချက်အရ True Wireless Earbuds တွေက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် တတိယ ၃ လပတ်မှာ အရေအတွက် ၃၃ သန်းခန့်ရောင်းချခဲ့ရပြီး မနှစ်ကထက် ၂၂ ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့တာဖြစ်ပါတယ်။ အခု ရောင်းချရတဲ့ ဝင်ငွေကလည်း ဒေါ်လာ ၄.၁ ဘီလီယံအထိရှိခဲ့ပြီးတော့ US မှာတင် စျေးကွက်ရဲ့ ၃၁ ရာခိုင်နှုန်းဖြစ်တဲ့ အရေအတွက် ၁၀ သန်းကျော်ကို ရောင်းချခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်၊

ဒီလိုမျိုး ရောင်းချခဲ့ရတဲ့ True Wireless Earbuds တွေထဲမှာ Apple ကတော့ စျေးကွက်ရာခိုင်နှုန်း ၄၅ ရာခိုင်နှုန်းနဲ့ ပထမနေရာမှာပဲ ဆက်လက်ရပ်တည်နေပြီးတော့ ဒါကလည်း AirPods တွေရဲ့ ရောင်းအား ဘယ်လောက်ထိကောင်းနေတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယနေရာကို Xiaomi က စျေးကွက်ရာခိုင်နှုန်း ၉ ရာခိုင်နှုန်းနဲ့ ရယူထားလိုက်ပြီးတော့ ပြိုင်ဘက်တွေဖြစ်တဲ့ Samsung အပြင် JBL ၊ Jabra ၊ Skullcandy ၊ QCY နဲ့ Brand အတော်များများကို ကျော်တက်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒါကလည်း Xiaomi ကနေ ဒေါ်လာ ၂၀ အောက်နဲ့ ရောင်းချနေတဲ့ Redmi AirDots Earbuds တွေက ထင်ထားတာထက် ပိုရောင်းချရတာကြောင့်ဖြစ်နိုင်ပါတယ်။

အခုလိုမျိုး True Wireless Earbuds တွေက နောက်ထပ်လည်း ဆက်ပြီး ရောင်းအားကောင်းလာနိုင်ပြီးတော့ နောက်ထပ် Apple AirPods Pro ၊ Amazon Echo Buds နဲ့ Jabra Elite 75t လိုမျိုး Earbuds တွေထပ်ထွက်ရှိလာဦးမှာဖြစ်တဲ့အတွက် ဒီနှစ်ကုန် စတုတ္ထ ၃ လပတ်ရောင်းအားကို အရေအတွက် သန်း ၁၂၀ အထိ ရောင်းချနိုင်မယ်လို့ Counterpoint Research က ခန့်မှန်းထားပါတယ်။

Ref – GizmoChina