Zawgyi

အခု ၂၀၁၉ ခုႏွစ္ဟာ 5G Support ျပဳလုပ္တဲ့ စမတ္ဖုန္းေတြကို စတင္ျမင္ေတြ႕ခဲ့ရေပမယ့္ အဆိုပါ စမတ္ဖုန္းအမ်ားစုက ေစ်းအရ ပုံမွန္ထက္ပိုမ်ားတဲ့ Flagship ေတြလို႔ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ေနာက္လာမယ့္ ၂၀၂၀ ခုႏွစ္မွာေတာ့ 5G Support ျပဳလုပ္တဲ့ စမတ္ဖုန္းေတြပိုမ်ားလာဖို႔ရွိေနပါတယ္။

အခုအခ်ိန္မွာ Qualcomm နဲ႔ MediaTek လိုမ်ိဳး Mobile Processor ထုတ္လုပ္တဲ့ ကုမၸဏီေတြကိုယ္တိုင္ ေနာက္လာမယ့္ႏွစ္မွာ ေဒၚလာ ၄၀၀ ေအာက္နဲ႔ 5G စမတ္ဖုန္းေတြကို ရရွိႏိုင္ေအာင္ ေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာၾကားထားပါေသးတယ္။ ဒါေပမယ့္ Xiaomi ရဲ႕ CEO Lei Jun ကေတာ့ အခုထက္ေတာင္ ပိုသက္သာတဲ့ ေစ်းနဲ႔ 5G စမတ္ဖုန္းေတြကို ထုတ္လုပ္သြားမယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ လက္ရွိျပဳလုပ္ေနတဲ့ China Mobile Global Partners Conference မွာ Lei Jun ကေန လာမယ့္ ၂၀၂၀ ခုႏွစ္မွာ 5G ကို Support လုပ္တဲ့ စမတ္ဖုန္းအေရအတြက္ အနည္းဆုံး ၁၀ လုံးခန္႔မိတ္ဆက္သြားမွာျဖစ္ၿပီး တ႐ုတ္ယြမ္ေငြ ၂,၀၀၀ အထက္ ဖုန္းေတြအားလုံးမွာ 5G Support ရရွိမယ္လို႔ ေျပာၾကားခဲ့တာပါ။ အခုေစ်းႏႈန္းဟာ ျမန္မာေငြ ၄ သိန္း ၃ ေသာင္းဝန္းက်င္ပဲရွိတဲ့အတြက္ ေနာက္ႏွစ္ Xiaomi ရဲ႕ Mid Range ဖုန္းအကုန္လုံးနီးပါး 5G ကို သုံးႏိုင္ေတာ့မယ့္ ပုံစံပါပဲ။

ဒါတင္မဟုတ္ေသးဘဲ Lei Jun ကေန အဆိုပါ 5G Support လုပ္တဲ့ ေစ်းသက္သာတဲ့ဖုန္းေတြဟာ ၂၀၂၀ ခုႏွစ္ ပထမႏွစ္ဝက္မွာတင္ မိတ္ဆက္လာဖို႔ စီစဥ္ထားတယ္လို႔ ေျပာၾကားခဲ့ပါေသးတယ္။ ေနာက္ထပ္လည္း eSIM ကိုပါ Smartwatch ေတြအျပင္ လာမယ့္ စမတ္ဖုန္းေတြမွာ ထည့္သြင္းလာမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ Xiaomi က ဒီပုံစံအတိုင္းဆိုရင္ ေနာက္ႏွစ္မွာလည္း ေအာင္ျမင္မႈေတြရရွိလာဦးမယ့္ပုံပါပဲ။

Ref – Gizmo China

Unicode

အခု ၂၀၁၉ ခုနှစ်ဟာ 5G Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေကို စတင်မြင်တွေ့ခဲ့ရပေမယ့် အဆိုပါ စမတ်ဖုန်းအများစုက စျေးအရ ပုံမှန်ထက်ပိုများတဲ့ Flagship တွေလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နောက်လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ 5G Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေပိုများလာဖို့ရှိနေပါတယ်။

အခုအချိန်မှာ Qualcomm နဲ့ MediaTek လိုမျိုး Mobile Processor ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကိုယ်တိုင် နောက်လာမယ့်နှစ်မှာ ဒေါ်လာ ၄၀၀ အောက်နဲ့ 5G စမတ်ဖုန်းတွေကို ရရှိနိုင်အောင် ဆောင်ရွက်နေတယ်လို့လည်း ပြောကြားထားပါသေးတယ်။ ဒါပေမယ့် Xiaomi ရဲ့ CEO Lei Jun ကတော့ အခုထက်တောင် ပိုသက်သာတဲ့ စျေးနဲ့ 5G စမတ်ဖုန်းတွေကို ထုတ်လုပ်သွားမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် လက်ရှိပြုလုပ်နေတဲ့ China Mobile Global Partners Conference မှာ Lei Jun ကနေ လာမယ့် ၂၀၂၀ ခုနှစ်မှာ 5G ကို Support လုပ်တဲ့ စမတ်ဖုန်းအရေအတွက် အနည်းဆုံး ၁၀ လုံးခန့်မိတ်ဆက်သွားမှာဖြစ်ပြီး တရုတ်ယွမ်ငွေ ၂,၀၀၀ အထက် ဖုန်းတွေအားလုံးမှာ 5G Support ရရှိမယ်လို့ ပြောကြားခဲ့တာပါ။ အခုစျေးနှုန်းဟာ မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်ပဲရှိတဲ့အတွက် နောက်နှစ် Xiaomi ရဲ့ Mid Range ဖုန်းအကုန်လုံးနီးပါး 5G ကို သုံးနိုင်တော့မယ့် ပုံစံပါပဲ။

ဒါတင်မဟုတ်သေးဘဲ Lei Jun ကနေ အဆိုပါ 5G Support လုပ်တဲ့ စျေးသက်သာတဲ့ဖုန်းတွေဟာ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာတင် မိတ်ဆက်လာဖို့ စီစဥ်ထားတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ နောက်ထပ်လည်း eSIM ကိုပါ Smartwatch တွေအပြင် လာမယ့် စမတ်ဖုန်းတွေမှာ ထည့်သွင်းလာမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi က ဒီပုံစံအတိုင်းဆိုရင် နောက်နှစ်မှာလည်း အောင်မြင်မှုတွေရရှိလာဦးမယ့်ပုံပါပဲ။

Ref – Gizmo China