Unicode

Xiaomi ကနေ ဖုန်းရဲ့ ဘေးဘက်ဘောင်တွေအပြင် နောက်ကျောဘက်အထိ Surround Screen Technology နဲ့ ပြုလုပ်ထားတဲ့ Mi Mix Alpha ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ ၂၀၁၉ ခုနှစ်တုန်းက ပြသခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Xiaomi ကနေ Mi Mix Alpha ကို တရားဝင်ရောင်းချမယ့်အချိန်ကို ပြောကြားခဲ့ခြင်းမရှိခဲ့ပေမယ့် အခုအချိန်မှာတော့ သတင်းကောင်းတစ်ခုထွက်ပေါ်လာပါပြီ။

ဒါကတော့ Beijing မြို့မှာ ပြုလုပ်ခဲ့တဲ့ Xiaomi Group ရဲ့ Business Conference တစ်ခုမှာ Mi Mix Alpha စမတ်ဖုန်းကို အမြောက်အများထုတ်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ Conference ကို Xiaomi Technical Committee ရဲ့ Chairman ဖြစ်တဲ့ Cui Baoqiu နဲ့ Surround Sound Screen Research and Development Team ရဲ့ Architect ဖြစ်တဲ့ Han Haicai တို့လည်း တက်ရောက်ခဲ့ပြီး Interview တစ်ခုမှာ အဆိုပါ သတင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရတော့ Xiaomi ကနေ လက်ရှိအချိန်အထိ Mi Mix Alpha ကို အမြောက်အများထုတ်လုပ်ထားခြင်းမရှိသေးသလို လောလောဆယ်မှာလည်း ထုတ်လုပ်ဖို့ စီစဥ်ထားခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း Xiaomi အနေနဲ့ Mi Mix Alpha ကို အချိန်မရွေး အမြောက်အများထုတ်လုပ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီ Xiaomi Mi Mix Alpha စမတ်ဖုန်းဟာ ကုမ္ပဏီရဲ့ CEO နဲ့ Co-founder ဖြစ်တဲ့ Lei Jun ကနေ Unique ဖြစ်ပြီး Innovative ဖြစ်တဲ့ ဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီး လက်ရှိစမတ်ဖုန်းတွေထုတ်လုပ်တဲ့ ပုံစံကနေပါ ခွဲထွက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Xiaomi သာ ဒီ Mi Mix Alpha ဖုန်းကို တကယ်ရောင်းချမယ်ဆိုရင် အရင်ဆုံး တရုတ်အစိုးရအပါအဝင် စမတ်ဖုန်းနဲ့သက်ဆိုင်ရာဌာနတွေဆီက ခွင့်ပြုချက်အရင်ရယူရဦးမှာဖြစ်ပြီး လောလောဆယ်မှာတော့ အဲ့ဒီအတွက် ဘာသတင်းမှမထွက်ပေါ်သေးတဲ့အတွက် ထုတ်လုပ်ဖို့အဆင်သင့်ဖြစ်နေပေမယ့်လည်း ရောင်းချမယ့်အချိန်ကတော့ ဆက်လက်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Gizmo China

Zawgyi

Xiaomi ကေန ဖုန္းရဲ႕ ေဘးဘက္ေဘာင္ေတြအျပင္ ေနာက္ေက်ာဘက္အထိ Surround Screen Technology နဲ႔ ျပဳလုပ္ထားတဲ့ Mi Mix Alpha ကို ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၄ ရက္ေန႔ ၂၀၁၉ ခုႏွစ္တုန္းက ျပသခဲ့တာျဖစ္ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာ Xiaomi ကေန Mi Mix Alpha ကို တရားဝင္ေရာင္းခ်မယ့္အခ်ိန္ကို ေျပာၾကားခဲ့ျခင္းမရွိခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ သတင္းေကာင္းတစ္ခုထြက္ေပၚလာပါၿပီ။

ဒါကေတာ့ Beijing ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Xiaomi Group ရဲ႕ Business Conference တစ္ခုမွာ Mi Mix Alpha စမတ္ဖုန္းကို အေျမာက္အမ်ားထုတ္လုပ္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အဆိုပါ Conference ကို Xiaomi Technical Committee ရဲ႕ Chairman ျဖစ္တဲ့ Cui Baoqiu နဲ႔ Surround Sound Screen Research and Development Team ရဲ႕ Architect ျဖစ္တဲ့ Han Haicai တို႔လည္း တက္ေရာက္ခဲ့ၿပီး Interview တစ္ခုမွာ အဆိုပါ သတင္းကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဆိုပါ တာဝန္ရွိသူေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ Xiaomi ကေန လက္ရွိအခ်ိန္အထိ Mi Mix Alpha ကို အေျမာက္အမ်ားထုတ္လုပ္ထားျခင္းမရွိေသးသလို ေလာေလာဆယ္မွာလည္း ထုတ္လုပ္ဖို႔ စီစဥ္ထားျခင္းမရွိေသးဘူးလို႔ သိရပါတယ္။ ဒါေပမယ့္လည္း Xiaomi အေနနဲ႔ Mi Mix Alpha ကို အခ်ိန္မေ႐ြး အေျမာက္အမ်ားထုတ္လုပ္ႏိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒီ Xiaomi Mi Mix Alpha စမတ္ဖုန္းဟာ ကုမၸဏီရဲ႕ CEO နဲ႔ Co-founder ျဖစ္တဲ့ Lei Jun ကေန Unique ျဖစ္ၿပီး Innovative ျဖစ္တဲ့ ဖုန္းတစ္လုံးကို ထုတ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ စမတ္ဖုန္းတစ္ခုျဖစ္ၿပီး လက္ရွိစမတ္ဖုန္းေတြထုတ္လုပ္တဲ့ ပုံစံကေနပါ ခြဲထြက္ဖို႔ ရည္႐ြယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ Xiaomi သာ ဒီ Mi Mix Alpha ဖုန္းကို တကယ္ေရာင္းခ်မယ္ဆိုရင္ အရင္ဆုံး တ႐ုတ္အစိုးရအပါအဝင္ စမတ္ဖုန္းနဲ႔သက္ဆိုင္ရာဌာနေတြဆီက ခြင့္ျပဳခ်က္အရင္ရယူရဦးမွာျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ အဲ့ဒီအတြက္ ဘာသတင္းမွမထြက္ေပၚေသးတဲ့အတြက္ ထုတ္လုပ္ဖို႔အဆင္သင့္ျဖစ္ေနေပမယ့္လည္း ေရာင္းခ်မယ့္အခ်ိန္ကေတာ့ ဆက္လက္ေစာင့္ဆိုင္းရဖြယ္ရွိေနပါတယ္။

Ref – Gizmo China