Xiaomi ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအပြင် Laptop တွေနဲ့ Monitor Display တွေကိုပါ အများအပြားထုတ်လုပ်နေတာဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ Mi Surface 34″ Curved Display ဟာဆိုရင်လည်း စျေးကွက်အတွင်းမှာ တော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။

အခုလည်း Xiaomi ကနေ နောက်ထပ် Curved Monitor အသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါ Monitor ကတော့ Screen Size အနေနဲ့ 30″ ရှိမှာဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Mi Surface 34″ Curved Gaming Monitor ဟာ Resolution အနေနဲ့ 3440×1440 Pixel ကိုမှ 21:9 Aspect Ratio အပြင် 1500R Curvature နဲ့ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် 30″ Curved Monitor အနေနဲ့လည်း Mi Surface 34″ နဲ့ ဆင်တူမှုတွေအများအပြားရှိမယ်လို့ ယူဆရပါတယ်။

Xiaomi ဟာ လက်ရှိအချိန်မှာ Mi Surface 34″ အပြင် 24.5″ နဲ့ 27″ Gaming Monitor တွေကိုပါ ထုတ်လုပ်ထားသလို Office အသုံးပြုမှုတွေအတွက် Mi Display 1A 24″ Monitor ကိုလည်း မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Redmi Brand အောက်ကနေလည်း Redmi 1A နာမည်နဲ့ 24″ Monitor အသစ်ကို မိတ်ဆက်ထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Xiaomi အနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ Monitor တွေကို မိတ်ဆက်နေတာက Gamer တွေအတွက်ကတော့ ဝမ်းသာစရာသတင်းတစ်ခုလို့ ပြောရမှာပါ။

Ref – Gizmo China