လက်ရှိအချိန်မှာ Foldable စမတ်ဖုန်းစျေးကွက်ကို Samsung က ဦးဆောင်နေတာဖြစ်ပြီး Huawei နဲ့ Motorola တို့ကလည်း Foldable ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုတော့ Xiaomi ကလည်း ဒီ Foldable စမတ်ဖုန်းစျေးကွက်ထဲကို ဝင်ရောက်လာတော့မှာပါ။

Xiaomi ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Trifold ပုံစံနဲ့ Foldable ဖုန်းကို Prototype အနေနဲ့ ပြသခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း Xiaomi Mi Mix Alpha ဆိုပြီး နောက်ကျောဘက်အထိ Screen ပါဝင်တဲ့ ဖုန်းကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း စျေးကွက်အတွင်းမှာတော့ တရားဝင်ရောင်းချထားခြင်းမရှိသေးပါဘူး။

ယခု Codename Cetus နာမည်နဲ့ Foldable စမတ်ဖုန်းအသစ်ဟာ 108MP Primary Sensor ပါဝင်တဲ့ Camera Setup ကို အသုံးပြုထားပြီး Android 11 ကို အခြေခံထားတဲ့ MIUI Version အသစ်ကို အသုံးပြုလာမှာဖြစ်ပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Qualcomm Snapdragon Chipset ကို အသုံးပြုထားမှာဖြစ်ပြီးတော့ ဖြစ်နိုင်ခြေများနေတာကတော့ Snapdragon 875 Chipset ဖြစ်လာနိုင်ပါတယ်။

Xiaomi ရဲ့ Foldable ဖုန်းအသစ်က ကျန်တဲ့ Design ပိုင်းမှာ ဘယ်လိုမျိုးရှိမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ အပေါ်ကနေ အောက်ကို ခေါက်ချိုးရတဲ့ Galaxy Z Flip လိုမျိုး Design အစား Galaxy Z Fold 2 နဲ့ Huawei Mate X ပုံစံ Foldable ဖုန်းဖြစ်လာနိုင်ခြေပိုများနေပါတယ်။

Ref – Gizmo China