Zawgyi

Xiaomi ကေန မၾကာေသးခင္တုန္းက မိတ္ဆက္ထားခဲ့တဲ့ Mi CC9 Pro စမတ္ဖုန္းဟာ လက္ရွိစမတ္ဖုန္းေစ်းကြက္ထဲမွာ ပထမဆုံးအေနနဲ႔ 108MP Camera ပါဝင္တဲ့ စမတ္ဖုန္းတစ္ခုျဖစ္သလို Camera ပိုင္းစြမ္းေဆာင္ရည္စစ္ေဆးတဲ့ Website တစ္ခုျဖစ္တဲ့ DxOMark မွာလည္း Huawei Mate 30 Pro နဲ႔တန္းတူ ရမွတ္ ၁၂၁ မွတ္နဲ႔ နံပါတ္ (၁) ေနရာကို ရယူထားတဲ့စမတ္ဖုန္းတစ္ခုျဖစ္ပါတယ္။

အခုလိုမ်ိဳး သတ္မွတ္ခံလိုက္ရတာက Xiaomi အတြက္ မွတ္တိုင္တစ္ခုျဖစ္ေပမယ့္ ၾကည့္ရတာ Mi CC9 Pro က Xiaomi အတြက္ အေကာင္းဆုံး Camera ဖုန္းတစ္ခုမဟုတ္ေသးတဲ့ ပုံစံပါပဲ။ ဘာေၾကာင့္လဲဆိုရင္ Chinese Leaker တစ္ခုျဖစ္တဲ့ Digital Chat Station ကေန Xiaomi က Mi CC9 Pro ထက္ Camera ပိုင္းစြမ္းေဆာင္ရည္ပိုေကာင္းတဲ့ စမတ္ဖုန္းတစ္ခုကို ေဆာင္႐ြက္ေနတယ္ဆိုၿပီး ေျပာၾကားခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဆိုပါ စမတ္ဖုန္းအသစ္နဲ႔ ပတ္သတ္ၿပီးေတာ့ အေသးစိတ္ေျပာၾကားသြားျခင္းမရွိေပမယ့္ ယခုလမွာျပဳလုပ္ဖို႔ရွိေနတဲ့ Xiaomi AIoT Event မွာ အဆိုပါ စမတ္ဖုန္းနဲ႔ပတ္သတ္တဲ့ သတင္းအခ်ိဳ႕ကို ထုတ္ျပသြားဖို႔ရွိေနပါတယ္။ ျဖစ္ႏိုင္တာက Xiaomi Mi CC9 Pro မွာ ပါဝင္တဲ့ 108MP Sensor ဟာ First Gen ျဖစ္ၿပီးေတာ့ အခုလာမယ့္ စမတ္ဖုန္းအသစ္က Samsung Galaxy S11 ဖုန္းေတြလိုမ်ိဳး Second Gen 108MP Sensor နဲ႔ ထြက္ရွိလာႏိုင္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Xiaomi ကေန Redmi K30 Series စမတ္ဖုန္းအသစ္အတြက္ပဲ ေကာလဟာလသတင္းေတြထြက္ေပၚေနၿပီးေတာ့ ဒီ Mi CC9 Pro ထက္ Camera ပိုေကာင္းတဲ့ စမတ္ဖုန္းကလည္း Redmi K30 Pro ျဖစ္လာဖို႔မ်ားေနပါတယ္။

Ref – Gizmo China

Unicode

Xiaomi ကနေ မကြာသေးခင်တုန်းက မိတ်ဆက်ထားခဲ့တဲ့ Mi CC9 Pro စမတ်ဖုန်းဟာ လက်ရှိစမတ်ဖုန်းစျေးကွက်ထဲမှာ ပထမဆုံးအနေနဲ့ 108MP Camera ပါဝင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်သလို Camera ပိုင်းစွမ်းဆောင်ရည်စစ်ဆေးတဲ့ Website တစ်ခုဖြစ်တဲ့ DxOMark မှာလည်း Huawei Mate 30 Pro နဲ့တန်းတူ ရမှတ် ၁၂၁ မှတ်နဲ့ နံပါတ် (၁) နေရာကို ရယူထားတဲ့စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။

အခုလိုမျိုး သတ်မှတ်ခံလိုက်ရတာက Xiaomi အတွက် မှတ်တိုင်တစ်ခုဖြစ်ပေမယ့် ကြည့်ရတာ Mi CC9 Pro က Xiaomi အတွက် အကောင်းဆုံး Camera ဖုန်းတစ်ခုမဟုတ်သေးတဲ့ ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Chinese Leaker တစ်ခုဖြစ်တဲ့ Digital Chat Station ကနေ Xiaomi က Mi CC9 Pro ထက် Camera ပိုင်းစွမ်းဆောင်ရည်ပိုကောင်းတဲ့ စမတ်ဖုန်းတစ်ခုကို ဆောင်ရွက်နေတယ်ဆိုပီြး ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ စမတ်ဖုန်းအသစ်နဲ့ ပတ်သတ်ပြီးတော့ အသေးစိတ်ပြောကြားသွားခြင်းမရှိပေမယ့် ယခုလမှာပြုလုပ်ဖို့ရှိနေတဲ့ Xiaomi AIoT Event မှာ အဆိုပါ စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ သတင်းအချို့ကို ထုတ်ပြသွားဖို့ရှိနေပါတယ်။ ဖြစ်နိုင်တာက Xiaomi Mi CC9 Pro မှာ ပါဝင်တဲ့ 108MP Sensor ဟာ First Gen ဖြစ်ပြီးတော့ အခုလာမယ့် စမတ်ဖုန်းအသစ်က Samsung Galaxy S11 ဖုန်းတွေလိုမျိုး Second Gen 108MP Sensor နဲ့ ထွက်ရှိလာနိုင်ပါတယ်။

လောလောဆယ်မှာတော့ Xiaomi ကနေ Redmi K30 Series စမတ်ဖုန်းအသစ်အတွက်ပဲ ကောလဟာလသတင်းတွေထွက်ပေါ်နေပြီးတော့ ဒီ Mi CC9 Pro ထက် Camera ပိုကောင်းတဲ့ စမတ်ဖုန်းကလည်း Redmi K30 Pro ဖြစ်လာဖို့များနေပါတယ်။

Ref – Gizmo China